နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒို မပါရင် ရလဒ်မကောင်းတဲ့ အစဉ်အလာကို ဆက်ထိန်းတဲ့ ဂျူဗင်တပ်စ် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

အတ္တလန္တာ ၁ – ၀ ဂျူဗင်တပ်စ်

မနေ့က ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၃၁ မှာတော့ အတ္တလန္တာတို့ လူစားဝင် ကစားသမား မယ်လင်နော့ဗ်စကီးရဲ့ ၈၇ မိနစ်မှာ သွင်းယူခဲ့တဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဂျူဗင်တပ်စ်ကို အနိုင်ရသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရေးပါနေတဲ့ ဒီပွဲကို နှစ်သင်းစလုံး အားစိုက်ကစားခဲ့ကြပေမယ့် ဂျူဗင်တပ်စ် ကတော့ ခရစ္စတီယာနို ရော်နယ်ဒို မပါရင် နိုင်ပွဲမရတဲ့ အစဉ်အလာကို ဆက်ထိန်းသွားခဲ့ပြီး ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အိမ်ရှင် အတ္တလန္တာ ဘက်က မူရီရယ်နဲ့ ဇာပါတာကို အထောင်ထားပြီး ဒီရွန်၊ ဖရီအူလာ၊ ပက်ဆီနာ၊ ဂိုဆန်စ်တို့လို့ အမာခံကစားသမားတွေနဲ့ ပွဲထွက်လာပါတယ်။ ရော်နယ်ဒို မပါတဲ့ ဂျူဗင်တပ်စ် ကတော့ မိုရာတာနဲ့ ဒီဘားလားကို တိုက်စစ်မှာ တွဲကစားစေပြီး ကွင်းလယ်မှာ ရာဘီရု့တ်၊ ဘန်တန်ကာ၊ ခီယေဇာ၊ မက်ကင်နီ၊ နောက်တန်းမှာ ကွာဒွာဒို၊ ဆန်ဒရို၊ ချီလီနီ၊ ဒီလစ်ဂျ်၊ ဂိုးမှာတော့ ရှက်ဇီနီနဲ့ ပွဲထွက်လာပါတယ်။ ဒီနေ့ပွဲမှာ ဂျူဗင်တပ်စ် တိုက်စစ်က မိုရာတာရဲ့ အခွင့်အရေး ဖြုန်းတီးမှုတွေ၊ ဒီဘားလားရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေက ဂျူဗင်တပ်စ်တို့ကို သွင်းဂိုးတွေနဲ့ ဝေးစေခဲ့တာ ဖြစ်ပြီး ကစားပုံကလည်း ပျင်းစရာကောင်းခဲ့ပါတယ်။ တစ်ဖက်က ဇာပါတာ၊ မူရီရယ်၊ ပက်ဆီနာတို့ကတော့ ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပေမယ့်လည်းချီလီနီ၊ ဒီလစ်ဂျ် တို့ကို အကောင်းဆုံး အလုပ်ရှုပ်စေခဲ့နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေတာကြောင့် ဒုတိယပိုင်း မှာတော့ နှစ်သင်းစလုံး လူစားလဲလှယ်မှု တချို့ပြုလုပ်ခဲ့ပြီး အတ္တလန္တာဘက်မှာ အီလီချစ်ခ်၊ ရုစလန် မယ်လင်နော့ဗ်စကီး တို့ ဝင်ရောက်လာခဲ့သလို ဂျူဗင်တပ်စ် ဘက်မှာလည်း ဒန်နီလို၊ ကူလူဆက်ဗ်စကီး၊ အာသာ တို့ ဝင်ရောက်ကစားခဲ့ပါတယ်။ အဲ့နောက် ၈၇ မိနစ် မှာတော့ အိမ်ရှင်တို့ ဂိုးရသွားခဲ့ပြီး လူစားဝင်ကစားသမား နှစ်ဦးဖြစ်တဲ့ အီလီချစ်ခ်ရဲ့ ပေးပို့မှုကနေ မယ်လင်နော့ဗ်စကီးက အကောင်းဆုံး သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ ဂျူဗင်တပ်စ်တို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့်လည်း အချိန်မမှီတော့လို့ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အတ္တလန္တာတို့ အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ပီယာလိုအနေနဲ့ ဒီပြသနာကို အလျင်အမြန် မဖြေရှင်းနိုင်ရင်တော့ ဂျူဗင်တပ်စ်ဟာ စီးရီးအေမှာ အဆိပ်မရှိတဲ့ အသင်းတစ်သင်း ဖြစ်သွားဖို့ သေချာသလောက်ပါပဲ။
ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဖိအားဝင်သွားခဲ့တဲ့ ပီယာလိုနဲ့ ဂျူဗင်တပ်စ်

ဒီနေ့ပွဲမှာ ပီယာလိုရဲ့ အသင်းက အတ္တလန္တာကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့တာလို့ ပြောလို့ရပါတယ်။ ပွဲပြီးအချက်အလက်တွေအရ ကြည့်မယ်ဆိုရင်ပဲ ဂျူဗင်တပ်စ်တို့ ဘောလုံးပိုင်ဆိုင်မှုလည်း ထင်သလောက် မသာခဲ့သလို ဂိုးပေါက်ခြိမ်းခြောက်မှု၊ အခွင့်အရေး ဖန်တီးမှု အပိုင်းတွေမှာလည်း အတ္တလန္တာ ကတောင် ပိုသာခဲ့တာ တွေ့ရပါတယ်။ ပီယာလိုရဲ့ အသင်းဟာ ရော်နယ်ဒို မပါတဲ့ ပွဲဆိုရင် သွင်းဂိုး တစ်ဂိုးရဖို့တောင် မဖြစ်နိုင်ဘူးဆိုတာကို ပြသခဲ့တဲ့ နောက်ထပ် သက်သေတစ်ခု ဖြစ်ပါတယ်။ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ဒီဘားလား အနေနဲ့ ရော်နယ်ဒိုနဲ့ တွဲကစားချိန်မှာ ဂိုးသွင်းနိုင်ပေမယ့် မိုရာတာနဲ့ တွဲဖက်လိုက်ချိန်မှာတော့ ပုံမှန် ခြေစွမ်းပါ ပျောက်ဆုံးသွားခဲ့တာ တွေ့ရပါတယ်။ ပီယာလိုအနေနဲ့ ဒီပြသနာကို အလျင်အမြန် မဖြေရှင်းနိုင်ရင်တော့ ဂျူဗင်တပ်စ်ဟာ စီးရီးအေမှာ အဆိပ်မရှိတဲ့ အသင်း တစ်သင်း ဖြစ်သွားဖို့ သေချာသလောက်ပါပဲ။ အခုရှုံးပွဲကြောင့် ပီယာလိုရဲ့ အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဖိအားပိုဝင်သွားခဲ့ပြီး လက်ကျန် ပွဲစဉ်တွေမှာ လုံးဝ မှားလို့မရတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။ အတ္တလန္တာတို့ ကတော့ အခုနိုင်ပွဲကြောင့် ဂျူဗင်တပ်စ် ထက် ၂ မှတ် အသာနဲ့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဂျုဗင်တပ်စ်တို့ လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ ပါးမားနဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ ရှိပြီး အတ္တလန္တာကလည်း ရိုးမားနဲ့ ကစားရမှာ ဖြစ်လို့ ပွဲကြပ်နေတယ်လို့ဆိုနိုင်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်