နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ထားသင့်တဲ့ပွဲပါ | နိုင်ငံတကာ ခြေစမ်းပွဲ (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဒိန်းမတ် – ဆွစ်ဇာလန်

မတ်လ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ ကစားမယ့် ဒိန်းမတ်နဲ့ ဆွစ်ဇာလန် ပွဲစဉ် ကလည်း စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိပါတယ်။ ဒိန်းမတ်က ဆွစ်ဇာလန်ကို ပါကန်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဒိန်းမတ်က ကြိုတင်ပြင်ဆင်မှု အဖြစ် နိုင်ငံတကာ ခြေစမ်းပွဲ ၄ ပွဲအထိ ကစားဖို့ ရှိပြီး ဆွစ်ဇာလန်၊ ဖာရိုးကျွန်းစု၊ ဆွီဒင်၊ နော်ဝေ တို့နဲ့ ကစားမှာ ဖြစ်ပါတယ်။ လက်ရှိ ဖီဖာ အဆင့် သတ်မှတ်ချက် အဆင့် ၂၁ နေရာမှာ ရှိနေတဲ့ ဒိန်းမတ်က နောက်ဆုံး ကစားခဲ့တဲ့ ယူရို ခြေစစ်ပွဲ ၁၀ ပွဲမှာ ရှုံးပွဲ ၂ ပွဲ ရှိခဲ့ပြီး ကာဇက်စတန်နဲ့ နောက်ဆုံး ပွဲမှာတော့ မြောက်အိုင်ယာလန်ကို ရှုံးခဲ့တာ ဖြစ်ပါတယ်။ ကတ်စပါ ဂျူးလ်မန်းရဲ့ ဒိန်းမတ်ဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၈ ပွဲဆက် မရှုံးထားပါဘူး။

ဆွစ်ဇာလန် ကတော့ ယူရို ခြေစစ်ပွဲမှာ အန်ဒိုရာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး ကတည်းက နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီး ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ရိုမေးနီးယားကို ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပြီး ခြေစွမ်းအရတော့ ကျဆင်းနေတယ်လို့ ပြောလို့ ရပါတယ်။ ဆွစ်ဇာလန်က ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်ထားပြီး ဒိန်းမတ်၊ အိုင်ယာလန်၊ ဩစတြီးယား တို့နဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားမှာ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ဆွစ်ဇာလန်က ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်ထားပြီး ဒိန်းမတ်၊ အိုင်ယာလန်၊ ဩစတြီးယား တို့နဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားမှာ ဖြစ်ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲဆက် နိုင်ပွဲ ပျောက်ထားခဲ့တဲ့ ဆွစ်ဇာလန်

အခုပွဲကိုတော့ ဒိန်းမတ် ဘက်က ယူနိုက်တက် တိုက်စစ် ကြယ်ပွင့် ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ပါဝင်လာဖို့ ရှိပြီး ကျန်အဓိက ကစားသမားတွေလည်း ဒဏ်ရာပြသနာ ကင်းရှင်းနေပါတယ်။

ဆွစ်ဇာလန် ဘက်မှာတော့ ဂရီဂေါ ကိုဘယ် လွဲချော်မှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဒိန်းမတ် – ရှမိုက်ကယ်၊ အန်ဒါဆန်၊ ခရစ္စတန်ဆန်၊ ခရစ္စတန်ဆင်၊ ခရစ္စတီယန်ဆင်၊ ယန်ဆန်၊ ဂျူးလ်မန်း၊ ဟွိုက်ဂျ်ဘယက်ဂျ်၊ လင်းစတောင်းမ်၊ ဒါရာမီ၊ ဒိုးလ်ဘက်ဂျ်

ဆွစ်ဇာလန် – အမ်ဗိုဂို၊ အဲလ်ဗက်ဒီ၊ အာကန်ဂျီ၊ ရိုဒရီဂတ်ဇ်၊ ချာကာ၊ ဖရီအူလာ၊ အန်ဒိုရီ၊ ဂါစီယာ၊ ရှကီရီ၊ ဗားဂတ်စ်၊ အိုကာဖော


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဒိန်းမတ်က ၁ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က နောက်ဆုံး အကြိမ် တွေ့ဆုံထားခဲ့တာ ဖြစ်ပြီး ပါကန်ကွင်းမှာ ဒိန်းမတ်က ပိုလ်ဆင်ရဲ့ သွင်းဂိုး တစ်ဂိုးတည်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဒိန်းမတ်က ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး ဆွစ်ဇာလန် ကတော့ ၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဒိန်းမတ် ဘက်က နေရင် ၂.၁၃ ဆ၊ ဆွစ်ဇာလန် နိုင်ရင် ၃.၀၀ ဆ၊ သရေ ဆိုရင်တော့ ၂.၉၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒိန်းမတ်က သရေ တစ်ဝက်ရှုံး၊ သရေ အရှုံးကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ လက်ရှိမှာ ဒိန်းမတ်ရော ဆွစ်ဇာလန်ပါ ခြေစွမ်း အနည်းငယ် ယိမ်းယိုင်နေတာကြောင့် ခန့်မှန်းရခက်ပါတယ်။ နှစ်သင်းစလုံးက တိုက်စစ်ကောင်းသလို ခံစစ် ကလည်း ဂိုးတွေ ပေးနေရလို့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပါတယ်။ ဂိုးပေါင်း အပေါ်လည်း ကြိုက်ပါတယ်။

ခန့်မှန်းရလဒ်

ဒိန်းမတ် ၂-၂ ဆွစ်ဇာလန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်