နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းထက်မြတ်နေတဲ့ ပြင်သစ်ကို ဂျာမနီတို့ ယှဉ်ကစားဖို့ မဖြစ်နိုင်ဘူး | နိုင်ငံတကာ ခြေစမ်းပွဲ (ပွဲကြိုသုံးသပ်ချက်)

countdown banner

ပြင်သစ် – ဂျာမနီ

ဒီတစ်ပတ်မှာ ကစားမယ့် နိုင်ငံတကာ ခြေစမ်းပွဲတွေထဲက နောက်ထပ် အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် ပြင်သစ်နဲ့ ဂျာမနီတို့ လိုင်ယွန် အသင်းရဲ့ ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဖီဖာရဲ့ အဆင့် သတ်မှတ်ချက် ၂ နေရာမှာ ရှိနေတဲ့ ပြင်သစ် ကတော့ ၂၀၂၂ ကမ္ဘာ့ဖလား အပြီးမှာ ကစားခဲ့တဲ့ ၁၀ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပြီး ဂျာမနီကို ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်ထားတဲ့ နည်းပြ ဒီဒီရာ ဒက်စ်ရွှမ့်စ်ရဲ့ အသင်းက ကစားသမားကောင်းတွေနဲ့ အတူ ပုံစံကောင်း တစ်ခုကို ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ပြင်သစ်ဟာ ၂၀၂၃ ခုနှစ် အတွင်း ကစားခဲ့တဲ့ အဲ့ဒီ ၁၀ ပွဲမှာ နယ်သာလန်၊ ဂရိ၊ အိုင်ယာလန်၊ စကော့တလန်၊ ဂျီဘရော့တာ တို့လို အသင်းတွေကို အနိုင်ရထားခဲ့တာ ဖြစ်ပြီး ဂျီဘရော့တာ ကိုဆိုရင် နှစ်ကျော့ပေါင်း ၁၇ ဂိုး အထိ သွင်းယူထားခဲ့တာ တွေ့ရပါတယ်။ ပြင်သစ် အနေနဲ့ ယူရို ၂၀၂၄ မတိုင်ခင် ခြေစမ်းပွဲ ၂ ပွဲသာ ကစားဖို့ ရှိနေပြီး ဒီပွဲပြီးရင် ချီလီနဲ့ နိုင်ငံတကာ ခြေစမ်းပွဲ အဖြစ် ကစားမှာ ဖြစ်ပါတယ်။ 

ဂျာမနီ ကတော့ ဟန်ဆီဖလစ်ခ် လက်ထက်မှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် လူငယ် နည်းပြ ဟူလီယန် နေဂဲလ်စ်မန်း ကို ပြောင်းလဲ တာဝန်ပေးခဲ့ပေမယ့် ခြေစွမ်းပိုင်း တိုးတက်လာခြင်း မရှိသေးပါဘူး။ ဂျာမနီက ဘေယန်မြူးနစ် နည်းပြဟောင်း လက်ထက်မှာ ၄ ပွဲ ကစားထားပြီး ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။ အမေရိကန်ကို အနိုင်ရခဲ့ပေမယ့် မက္ကဆီကို၊ တူရကီနဲ့ ဩစတြီးယား တို့ကို ရှုံးနိမ့်ခဲ့တာ ကတော့ စိတ်ပျက်စရာ ဖြစ်ပြီး အရင် ဂျာမနီ မဟုတ်သေးပါဘူး။ ဂျာမနီက ဒီပွဲ ပြီးရင် နယ်သာလန်နဲ့ ကစားဖို့ ရှိပြီး ဇွန်လထဲ မှာတော့ ဂရိ၊ ယူကရိန်းတို့နဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေ ဆက်လက် ကစားမှာ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ပြင်သစ် ဘက်က မိုက် မိုက်ဂ်နန် ပါဝင်ကစားနိုင်ဖို့ မသေချာသေးပဲ ကိုနာတေး ကတော့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။

ဂျာမနီ မှာတော့ ဘက်စ်တီနဲ့ ပယ်လိုဗစ်တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

ပြင်သစ် – ဆမ်ဘာ၊ ဟာနန်ဒက်ဇ်၊ ဆလီဘာ၊ ကွန်ဒေး၊ ဟာနန်ဒက်ဇ်၊ ဖိုဖာနာ၊ ရာဘီယော့တ်၊ ဂရစ်ဇ်မန်း၊ မူအာနီ၊ ဒမ်ဘီလီ၊ ဂျရူး

ဂျာမနီ – ထရပ်၊ ဟမ်းမဲလ်စ်၊ ရူဒီဂါ၊ တာ့ရ်၊ ဟာဗက်ဇ်၊ ဂိုရက်ဇ်ကာ၊ ဂွန်ဒိုအန်၊ ဘရန့်တ်၊ ဂနာဘရီ၊ ဆာနေး၊ ဖူးလ်ခရက်ဂျ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက‌ ၁၀ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ပြင်သစ်က ၅ ကြိမ်နိုင်၊ ဂျာမနီက ၃ ကြိမ်နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နောက်ဆုံး တွေ့ဆုံထားခဲ့တာ ဖြစ်ပြီး ဂျာမနီက ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ အဲ့ဒီပွဲမတိုင်ခင် တွေ့ဆုံမှု ၆ ကြိမ်ဆက် ပြင်သစ်က ဂျာမနီကို လုံးဝ မရှုံးခဲ့ပါဘူး။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ပြင်သစ်က ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပြီး ဂျာမနီ ကတော့ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။ ဂျာမနီက နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တာပါ။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1×2 မှာ ပြင်သစ် ဘက်က နေရင် ၁.၇၇ ဆ၊ ဂျာမနီ နိုင်ရင် ၃.၆၅ ဆ၊ သရေ ဆိုရင်တော့ ၃.၃၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ပြင်သစ်က သရေ အရှုံး၊ ၁ လုံး တစ်ဝက်စား ကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးသွင်းမှ ပျော်ရွှင်ရမယ့် အခြေအနေပါ။ နောက်ဆုံး တွေ့ဆုံမှုမှာ ဂျာမနီ အနိုင်ရထားပေမယ့် လက်ရှိ ခြေစွမ်းအရတော့ ပြင်သစ်ကို အသာရဖို့ မဖြစ်နိုင်ပါဘူး။ ဂျာမနီက အခုမှ ပြန်လည် တည်ဆောက်ဖို့ အစပြုနေချိန် ဖြစ်လို့ ကစားကွက်လည်း မတည်ငြိမ်သေးပါဘူး။ ပြင်သစ် ကိုပဲ ရွေးချယ်ထားရမှာပါ။

ခန့်မှန်းရလဒ်

ပြင်သစ် ၂-၁ ဂျာမနီ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်