နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပုံစံကောင်း တစ်ခုနဲ့ ၂ ပွဲဆက် အနိုင်ရခဲ့တဲ့ ဂျာမနီ | နိုင်ငံတကာ ခြေစမ်းပွဲ (ပွဲပြီးသုံးသပ်ချက်)

countdown banner

ဂျာမနီ နယ်သာလန်

ပြီးခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ ပြင်သစ်ကို ၀-၂ နဲ့ အနိုင်ရထားတဲ့ ဂျာမနီ ကတော့ အိမ်ကွင်းမှာ နယ်သာလန်ကို ခြေစွမ်းအသာနဲ့ ကစားပြီး နိုင်ပွဲ ထပ်မံ ရှာတွေ့ခဲ့ပါတယ်။ ဂျာမနီဟာ‌ ခြေစွမ်းပိုင်းအရ အားရစရာ အခြေအနေမျိုး ထပ်မံ မြင်တွေ့ခဲ့ရပြီး နည်းပြ ဟူလီယန် နေဂဲလ်စ်မန်း လက်ထက်မှာ တဖြည်းဖြည်း အသားကျလာတာက ကျေနပ်စရာ ဖြစ်ပါတယ်။

ဂျာမနီဟာ ပြင်သစ်ကို အနိုင်ရရှိခဲ့တဲ့ လူစာရင်း အတိုင်းပဲ ပွဲထွက်လာခဲ့ပြီးတော့ တာစတီဂန်၊ တာ့ရ်၊ ရူဒီဂါ၊ မစ်တဲလ်စတက်ဒ်၊ ကင်မစ်ချ်၊ ခရူးစ်၊ အန်းဒရစ်ချ်၊ ဂွန်ဒိုအန်၊ ဝစ်ဇ်၊ မူဆီအာလာ တို့နဲ့ အတူ ကိုင် ဟာဗက်ဇ်ပဲ တိုက်စစ်မှာ ဦးဆောင်လာခဲ့ပါတယ်။ နယ်သာလန် ကတော့ စကော့တလန်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲက ကစားကွက်နဲ့ လူစာရင်းကို အပြောင်းအလဲ တော်တော်များများ ပြုလုပ်လာခဲ့တာ တွေ့ရပါတယ်။ ၄-၃-၃ အစား ၃-၄-၁-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဗာဘရက်ဂျန်၊ ဗန်ဒိုက်ခ်၊ အေခီ၊ ဒီလစ်ဂျ်၊ ဗီးယားမန်း၊ ရှောက်တန်၊ ဒမ်းဖရီးစ်၊ ဘလင်း၊ ရိုင်ဒါးစ်၊ ဒီပေး၊ မယ်လန် တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီနဲ့ တွေ့ဆုံချိန် တော်တော်များများ ရုန်းကန်ခဲ့ရတဲ့ နယ်သာလန်က ဒီနေ့ ပွဲမှာလည်း တစ်သင်းလုံး နီးပါး ခြေစွမ်းမပြနိုင်ခဲ့သလို ပွဲချိန်အများစု မှာလည်း ဂျာမနီရဲ့ ထိန်းချုပ် ကစားခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဦးဆောင်ဂိုးကို နယ်သာလန် ကပဲ စတင် သွင်းယူနိုင်ခဲ့ပြီးတော့ ဒီပေးရဲ့ ဖန်တီးမှု ကနေ ကွင်းလယ်လူ ဗီးယားမန်းက ဧရိယာထိပ် ကနေ မထင်မှတ်ပဲ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့နောက် ချက်ချင်းဆိုသလို ဂျာမနီတို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည် ရင်ဆိုင်နိုင်ခဲ့တာကြောင့် ၁၁ မိနစ်မှာ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ မူဆီအာလာရဲ့ ပေးပို့မှု ကနေ နောက်ခံလူ မစ်ဒယ်စတက်ဒ်က ၁၈ ကိုက်စည်း အပြင် ကနေ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာလည်း ဂျာမနီတို့ နယ်သာလန် ခံစစ်ကို အပေးအယူ အချိတ်အဆက် မိမိနဲ့ ဖိအားပေးနိုင်ခဲ့ပြီး ဂိုးတော့ မရခဲ့ပါဘူး။ ဂျာမနီတို့ တောက်လျောက် ထိုးဖောက်နေရင်း ကနေ ပွဲချိန် ၈၅ မိနစ်မှာတော့ အနိုင်ဂိုး ရခဲ့ပြီး ဖူးလ်ခရက်ဂျ်က တိုနီ ခရူးစ်ရဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဂိုးသမား ဗက်ဘရက်ဂျန် ကာကွယ်နိုင်ခဲ့ပေမယ် ဘောလုံးက ဂိုးစည်းကို ကျော်နေခဲ့တာကြောင့် ကွင်းလယ်ဒိုင်က သွင်းဂိုး အဖြစ် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာလည်း နှစ်သင်းစလုံး အပြန်အလှန် ကစားနိုင်ခဲ့ကြပေမယ့် သွင်းဂိုးတွေ ထပ်မံ မြင်တွေ့ရခြင်း မရှိပဲ ၂-၁ ရလဒ်နဲ့ပဲ ဂျာမနီတို့ အနိုင်ရသွားခဲ့ပါတယ်။

နေဂဲလ်စ်မန်း စတင် ကိုင်တွယ်ချိန်မှာ ဂျာမနီတို့ ရှုံးပွဲတွေ တွေ့ပြီး ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာတော့ တဖြည်းဖြည်း အသားကျလာခဲ့ပြီလို့ပဲ ဆိုရပါမယ်။ ကစားပုံ ညက်ညောလာခဲ့ပြီး အပေးအယူ အချိတ်အဆက်လည်း ပိုမိလာခဲ့ပါတယ်။ ပြောရရင် ဘေယန်မြူးနစ်ရဲ့ ကစားပုံ အတိုင်း မြင်တွေ့လာရပြီး အသင်းကြီး တစ်သင်းရဲ့ ခြေစွမ်းမျိုး ပြန်လည် မြင်တွေ့လာရပါတယ်။ နယ်သာလန် ကတော့ ကစားကွက်နဲ့ ကစားသမား အပြောင်းအလဲတွေ လုပ်လိုက်မှ ပုံစံကောင်း တစ်ခု ပျက်သွားခဲ့ပြီး ကစားကွက်လည်း မရှိခဲ့ပါဘူး။ Final Third ထဲကို တိုက်ရိုက်ပေးပို့မှုတွေ ပြုလုပ်ပြီး သွင်းဂိုးတွေ ရှာဖွေဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့်လည်း အလုပ်မဖြစ်ခဲ့ပဲ ကစားကွက်နဲ့ ကစားတဲ့ ဂျာမနီကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဂျာမနီ ကတော့ တိုးတက်လာတဲ့ ခြေစွမ်းနဲ့ အတူ နိုင်ငံတကာ ခြေစမ်းပွဲ ၂ ပွဲဆက် အနိုင်ရရှိခဲ့ပြီလည်း ဖြစ်တယ်။

နှစ်သင်းစလုံး ယူရို ၂၀၂၄ မတိုင်ခင် ဇွန်လ မှာ နိုင်ငံတကာ ခြေစမ်းပွဲတွေ ဆက်လက် ကစားဖို့ ရှိပြီးတော့ ဂျာမနီက ယူကရိန်း၊ ဂရိတို့နဲ့ ကစားဦးမှာ ဖြစ်ပါတယ်။ နယ်သာလန် ကတော့ ကနေဒါ၊ အိုက်စလန် တို့နဲ့ ခြေစမ်းဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်