နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒန်ဂျိမ်းစ်ရဲ့ ပင်နယ်တီ လွဲချော်မှုနဲ့ ခြေစစ်ပွဲ မအောင်ခဲတဲ့ ဝေးလ်စ် | ယူရို ၂၀၂၄

countdown banner

ဝေးလ်စ် ၀-၀ ပိုလန် (ပင်နယ်တီ ၄-၅)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝေးလ်စ်နဲ့ ပိုလန်တို့ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲ ကတော့ မိနစ် ၉၀ အတွင်း ဂိုးမရှိ သရေကျနေခဲ့တာကြောင့် အချိန်ပို ပင်နယ်တီတွေ အထိ ရောက်ခဲ့ပါတယ်။ ပင်နယ်တီ မှာတော့ ပိုလန်က ဝေးလ်စ်ကို ၄-၅ နဲ့ အနိုင်ယူပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ရောဘတ် ပေ့ချ်ရဲ့ ဝေးလ်စ်က ၃-၄-၂-၁ အခင်အကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဝက်ဒ်၊ ရွန်ဒွန်၊ ဒေးဗီးစ်၊ မီဖမ်း၊ အမ်ပါဒူ၊ ဂျိမ်းစ်၊ ဝီလီယမ်စ်၊ ရောဘတ်စ်၊ ဂျွန်ဆင်၊ ဝီလ်ဆင်၊ ကီဖာ မော တို့ ပါဝင်ကစားခဲ့ပါတယ်။ ပိုလန် ကတော့ ရှက်ဇီနီ၊ ဒါဝီဒိုဝစ်ဇ်၊ ဘက်ဒ်နာရက်ခ်၊ ခီဗီယော၊ ဆလစ်ဇ်၊ ပီထရောစကီး၊ ဇီလင်းစကီး၊ ဖရန့်ခ်ကောစကီး၊ ဇာလက်စကီး၊ ဆွိုင်ဒါးစကီး၊ လီဝမ်ဒေါစကီး တို့နဲ့ ဝေးလ်စ်ကို ရင်ဆိုင်သွားခဲ့ပါတယ်။

ဝေးလ်စ်ဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်တုန်းက လူစာရင်းကို ၁ နေရာသာ အပြောင်းအလဲ လုပ်ခဲ့ပြီး ဘရွတ်ခ် နေရာမှာ ကီဖာ မောကို ထားပြီး ဂျွန်ဆင်ကို နောက်ကျန် တိုက်စစ် အဖြစ် ထားကစားခဲ့တာ ဖြစ်ပါတယ်။ ပိုလန် ကတော့ အက်စတိုးနီးယားကို အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်း အတိုင်း ဝေးလ်စ်ကို ရင်ဆိုင်သွားခဲ့တာ ဖြစ်ပြီး ပွဲချိန် အတွင်းမှာ ဝေးလ်စ်က ပိုလန်ကို အဘက်ဘက်မှာ အသားစီးနဲ့ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်း ပွဲချိန်တွေမှာ ဝေးလ်စ်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့သလို ပိုလန် ဂိုးပေါက်ကိုလည်း အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပိုလန်ဟာ ဝေးလ်စ် ဘက်ကို ဂိုးပေါက်တည့်မှု ၁ ကြိမ်တောင် မရှိခဲ့သလို ဝေးလ်စ် ကတော့ အဆုံးသတ် အားနည်းမှုတွေနဲ့ ပိုလန် ဂိုးသမား ဆက်ဇီနီရဲ့ ကာကွယ်မှုတွေကြောင့် ကံဆိုးခဲ့ရတာပါ။ 

ဒါကြောင့် ပိုလန်ဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်၊ နယ်သာလန်၊ ဩစတြီးယားတို့ ပါဝင်တဲ့ အုပ်စု (D)မှာ ကျရောက်ခဲ့ပြီး ပိုလန် အတွက်တော့ တကယ့်ကို ခက်ခဲဦးမယ့် အုပ်စုလို့ပဲ ပြောရပါမယ်။
ပင်နယ်တီနဲ့ ပိုလန်ကို ရှုံးပြီး ယူရို ၂၀၂၄ ကစားခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ ဝေးလ်စ်

မိနစ် ၉၀ အတွင်းမှာရော အချိန်ပိုမှာရော နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ကြတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပင်နယ်တီ မှာတော့ ပိုလန် ဘက်က လီဝမ်ဒေါစကီး၊ ဇီမင်းစကီး၊ ဖရန့်ခ်ကောစကီး၊ ဇာလက်စကီး၊ ပီယာတက်ခ်တို့ အားလုံး ဂိုးဝင်ခဲ့ပါတယ်။ ဝေးလ်စ် ဘက်ကတော့ ဘန်ဒေးဗီးစ်၊ မော၊ ဝီလ်ဆင်၊ နီကို ဝီလီယမ်စ်တို့ ဂိုးဝင်ခဲ့ပေမယ့် နောက်ဆုံး ကန်သွင်းတဲ့ ဒန်ဂျိမ်းစ်ရဲ့ ကန်ချက် ကိုတော့ ဆက်ဇီနီ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပင်နယ်တီ ရလဒ် ၄-၅ နဲ့ ပိုလန်တို့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။ 

ဝေးလ်စ်ဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာရော ဗိုလ်လုပွဲ မှာပါ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ကံတရားရဲ့ မျက်နှာသာ ပေးခြင်း မခံခဲ့ရလို့ ယူရို ပြိုင်ပွဲကြီးနဲ့ လွဲခဲ့ရတာပါ။ ဝေးလ်စ်ဟာ သမိုင်းတစ်လျှောက် ယူရို ပြိုင်ပွဲကို ၂ ကြိမ်သာ ခြေစစ်ပွဲ အောင်မြင်ထားခဲ့ပြီး ၃ ကြိမ်မြောက် ကစားခွင့်နဲ့ လက်တစ်ကမ်း အကွာမှ လှည့်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်က‌ ပိုလန် ကတော့ ယူရို ပြိုင်ပွဲကို ၅ ကြိမ်မြောက် ကစားခွင့်ရခဲ့ပြီး လီဝမ်ဒေါစကီး အတွက်လည်း ကစားသမား ဘဝ ကနေ အနားမယူခင် နိုင်ငံအသင်းနဲ့ အတူ ယူရို ပြိုင်ပွဲ ၄ ကြိမ်ဆက် ကစားခွင့်ရသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ပိုလန်ဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်၊ နယ်သာလန်၊ ဩစတြီးယားတို့ ပါဝင်တဲ့ အုပ်စု (D)မှာ ကျရောက်ခဲ့ပြီး ပိုလန် အတွက်တော့ တကယ့်ကို ခက်ခဲဦးမယ့် အုပ်စုလို့ပဲ ပြောရပါမယ်။ ပိုလန်ဟာ ယူရိုပြိုင်ပွဲ ကစားခွင့်ရခဲ့တဲ့ ပြီးခဲ့တဲ့ ၄ ကြိမ်မှာ အုပ်စု ကနေ ၃ ကြိမ် လှည့်ပြန်ခဲ့ရပြီး ကွာတားဖိုင်နယ် ကိုတော့ ၁ ကြိမ် တက်လှမ်းထားနိုင်ခဲ့ပါတယ်။

ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ ဝေးလ်စ် ကတော့ လာမယ့် ဇွန်လမှာ ဆလိုဗက်ကီးယားနဲ့ ခြေစမ်းပွဲ ကစားရဖို့ ရှိပြီး အဲ့နောက် စက်တင်ဘာလမှာတော့ နေးရှင်းလိဂ် ဘီ ပွဲစဉ်တွေ ကစားရတော့မှာ ဖြစ်ပါတယ်။ ပိုလန် ကတော့ ယူရို ၂၀၂၄ မတိုင်ခင် ယူကရိန်း၊ တူရကီတို့နဲ့ ခြေစမ်းဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်