နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် ခြေစွမ်းပြပြီး ပြိုင်ဘက်တွေကို သတိပေးနေတဲ့ ဘရာဇီးလ်နဲ့ အာဂျင်တီးနား (နိုင်ငံတကာ ခြေစမ်းပွဲ)

countdown banner

မနေ့ညနဲ့ ဒီကနေ့ မနက်အစောပိုင်းမှာ နိုင်ငံတကာ ခြေစမ်းပွဲ တော်တော်များများ ယှဉ်ပြိုင်ကစားသွားခဲ့ကြပြီး ဘရာဇီးလ်နဲ့ အာဂျင်တီးနား တို့ကတော့ တိုက်စစ် ခြေစွမ်းပြပြီး ဂိုးပြတ် နိုင်ပွဲ ကိုယ်စီ ရရှိသွားခဲ့ကြပါတယ်။


တူနီးရှား ၁-၅ ဘရာဇီးလ်

လာမယ့် ကာတာ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ဘရာဇီးလ်ရဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို ထပ်မံ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ မှာရော နိုင်ငံတကာ ခြေစမ်းပွဲတွေ မှာပါ ဂိုးပြတ်တွေချည်း အနိုင်ရထားတဲ့ ဘရာဇီးလ်တို့ ဒီနေ့ပွဲ မှာလည်း အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ Peak Form ရနေတဲ့ ဘရာဇီးလ်တို့ အနိုင်ရခဲ့တာက အသင်းငယ်လေး မဟုတ်ပဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ထားတဲ့ အာဖရိက အသင်းကောင်း တစ်သင်း ဖြစ်တဲ့ အပြင် မညှာမတာ ဂိုးပြတ် သွင်းနိုင်ခဲ့လို့လည်း နည်းပြ တီတီ အတွက် အားရစရာ အခြေအနေ ဖြစ်ခဲ့ပါတယ်။

ပွဲစကတည်းက ဘရာဇီးလ်တို့ အပေးအယူ အချိတ်အဆက် မိမိနဲ့ ကစားနိုင်ခဲ့ပြီး ကစားပုံကလည်း တော်တော်လေး အဆင့်အတန်း မြင့်ခဲ့ပါတယ်။ ဂါနာနဲ့ ပွဲမှာ ၂ ဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ရစ်ချာလီဆင် တစ်ယောက် ဒီနေ့ပွဲ မှာလည်း ၁ ဂိုး သွင်းနိုင်ခဲ့သလို ရာဖင်ညာက ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ နေမာ ကတော့ ပင်နယ်တီ ကနေ ၁ ဂိုးနဲ့ ပက်ဒရိုက ၁ ဂိုး သွင်းခဲ့ကြပါတယ်။ တူနီးရှား အတွက် ၁ လုံးတည်းသော ချေပဂိုးကို တဲလ်ဘီက သွင်းယူပေးခဲ့တာ ဖြစ်ပြီး သူ့ အတွက် ပထမဦးဆုံး နိုင်ငံတကာ သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ နေမာ ကတော့ နိုင်ငံ အသင်း အတွက် ၁၂၁ ပွဲမြောက်မှာ ၇၅ ဂိုး မြောက်ကို သွင်းယူသွားနိုင်ခဲ့ပြီး ဆမ်ဘာတွေရဲ့ ဂိုးသွင်း အများဆုံး ဂန္ထဝင် ပီလီရဲ့ ၇၇ ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။


အာဂျင်တီးနား ၃-၀ ဂျမေကာ

ဘရာဇီးလ် လိုပဲ ခြေစစ်ပွဲတွေမှာရော၊ နိုင်ငံတကာ ခြေစမ်းပွဲတွေ မှာပါ နိုင်ပွဲတွေ ဆက်နေခဲ့တဲ့ အာဂျင်တီးနားတို့ ဒီနေ့ပွဲမှာ မက်ဆီ ကလွဲလို့ အဓိက ကစားသမား အများစုကို သုံးပြီး ဂျမေကာကို ရင်ဆိုင်ခဲ့ပါတယ်။
လူးစားဝင် တိုက်စစ်မှူး မက်ဆီရဲ့ ခြေစွမ်းပြမှုနဲ့ ဂျမေကာကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ အာဂျင်တီးနား

ပီအက်စ်ဂျီ အသင်းဖော် နေမာ ဦးဆောင်တဲ့ ဘရာဇီးလ်တို့ ဂိုးပြတ် အနိုင်ရခဲ့လို့ အားကျမခံ မက်ဆီ ကလည်း အရန်ခုံ ကနေ ထလာကာ ၃ မိနစ် အတွင်း ၂ ဂိုးသွင်းပြီး အပြိုင် တောက်ပပြခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ် လိုပဲ ခြေစစ်ပွဲတွေမှာရော၊ နိုင်ငံတကာ ခြေစမ်းပွဲတွေ မှာပါ နိုင်ပွဲတွေ ဆက်နေခဲ့တဲ့ အာဂျင်တီးနားတို့ ဒီနေ့ပွဲမှာ မက်ဆီ ကလွဲလို့ အဓိက ကစားသမား အများစုကို သုံးပြီး ဂျမေကာကို ရင်ဆိုင်ခဲ့ပါတယ်။ ဂျမေကာ ကလည်း အန်တိုနီယို၊ ရိဒ်၊ ဘိုင်လီ၊ မောရစ်ဆင် တို့လို ကစားသမားတွေနဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပေမယ့် အသင်းလိုက် ကစားပုံ ကောင်းနေတဲ့ အာဂျင်တီးနားကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါတယ်။ အစောပိုင်းမှာတော့ မက်ဆီ မပါတဲ့ အာဂျင်တီးနား တိုက်စစ်က အနည်းငယ် ရုန်းကန်ခဲ့ရပြီး ပထမပိုင်းမှာတော့ မန်စီးတီး တိုက်စစ်မှူး အဲလ်ဗာရက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၅၆ မိနစ်မှာ မက်ဆီ ဝင်ရောက်လာချိန်မှာတော့ အာဂျင်တီးနားရဲ့ ခြေစွမ်းက နောက်တစ်ဆင့်ကို ရောက်ရှိသွားခဲ့ပြီး ဒီပေါလ်၊ မာတီနက်ဇ်၊ ကော်ရီယာ၊ မိုလီနာ တို့ကြောင့်လည်း ကစားကွက် ပိုမြိုင်သွားခဲ့ပါတယ်။ အာဂျင်တီးနား အတွက် နောက်ထပ် အနိုင်ဂိုး ၂ ဂိုးကိုတော့ မက်ဆီ ကပဲ သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီ တိုက်စစ်မှူး တစ်ယောက် အသက်နဲ့ မလိုက်တဲ့ စွမ်းဆောင်ရည်ကို ထပ်မံ ပြသနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ဟွန်ဒူးရပ်စ်နဲ့ ပွဲမှာလည်း ၂ ဂိုးသွင်းနိုင်ခဲ့ပြီး အာဂျင်းတီးနား လက်ရွေးစင် အသင်း အတွက် သွင်းဂိုး ၈၈ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီခြေစွမ်းနဲ့ ဆိုရင်တော့ မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားတို့ ကာတာ ကမ္ဘာ့ဖလားမှာ ဘာတွေ လုပ်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
တော့တင်ဟမ် ဟော့စပါး
1X2 တော့တင်ဟမ် ဟော့စပါး @ 3.35
ဂိုးပေါ် 2.75 @ 1.87
ဂိုးပေါင်း 2-3 @ 1.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တစ်ဆက်တည်းမှာပဲ အခြား နိုင်ငံတကာ ခြေစမ်းပွဲ ရလဒ်တွေကို ဖော်ပြပေးရမယ် ဆိုရင်

အီဂျစ် ၃-၀ လိုက်ဘေးရီးယား

နီကာရာဂွာ ၀-၁ ဂါနာ

ဆော်ဒီ အာရေဗျ ၀-၀ အမေရိကန်

အိုင်ဗရီကို့စ် ၃-၁ ဂီနီယာ

အဲလ်ဂျီးရီးယား ၃-၁ နိုင်ဂျီးရီးယား

မောလ်တာ ၂-၁ အစ္စရေး

ပါရာဂွေး ၀-၀ မော်ရိုကို

ပီရူး ၄-၁ အဲလ်ဆာဗေဒါ

ဂွာတီမာလာ ၁-၂ ဟွန်ဒူးရပ်စ် ကိုလမ်ဘီယာ ၃-၂ မက္ကဆီကို


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်