နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်းတို့ ဖျော်ဖြေသွားတဲ့ အခုတစ်ပါတ် ပရီးမီးယားလိဂ် အကောင်းဆုံးပွဲ

ဆောက်သမ်တန် ၂ – ၅ တော့တင်ဟမ်ဟော့စပါး

အခုတစ်ပတ် တနင်္ဂနွေနေ့ရဲ့ အစောဆုံးကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဆောင်သမ်တန်ကို စိန့်မေရီကွင်းမှာ ၂-၅ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ အာရှသားလေး ဆွန်ဟောင်မင်က ၄ဂိုးသွင်းယူနိုင်ဖို့ အသင်းဖော်ဟယ်ရီကိန်းက ၄ဂိုးဖန်တီးပေးပြီး ကိုယ်တိုင်လည်း ၁ဂိုးသွင်းယူခဲ့ပါတယ်။ ဆောက်သမ်တန်အတွက် ချေပဂိုး ၂ဂိုးကို ဒန်နီအင်ဂ့်က သွင်းယူခဲ့လို့ နှစ်သင်းပေါင်း သွင်းဂိုး၇ ဂိုးကို ကစားသမား ၃ဦးတည်းက သွားယူသွားခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ဦးတည်းလေးဂိုးသွင်းယူခဲ့ပြီးနောက် ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ် မှာ တစ်ပွဲတည်း လေးဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအာရှသားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာ အာရှသားတွေအနေနဲ့ ဟက်ထရစ်သာသွင်းယူနိုင်မှုအများဆုံးရှိခဲ့ဖူးပြီး ယူနိုက်တက်မှာ ဂျပန်ကစားသမားရှင်ဂျီကာဂါဝါက ဟက်ထရစ်ရယူနိုင်ခဲ့ဖူးပါတယ်။
 

ပွဲမှတ်တမ်း နဲ့  အချက်အလက်များ

ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ထားတဲ့ ဆောက်သမ်တန်တို့ အိမ်ကွင်းစိန့်မေရီကွင်းကြီးမှာ ရလဒ်ကောင်းဖို့ ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ မော်ရင်ဟိုအနေနဲ့ကလည်း ပြီးခဲ့တဲ့ ပွဲမှာ အဲဗာတန်ကို မထင်မှတ်ပဲရှုံးနိမ့်ထားလို့ ဒီပွဲကို အားစိုက်လာခဲ့ပြီး ဆောက်သမ်တန်ရဲ့ ၄-၄-၂ ကစားပုံကို ၄-၄-၃ ကစားကွက်နဲ့ ပြန်လည်ရင်ဆိုင်ခဲ့ပါတယ်။ ပွဲစကတည်းက နှစ်သင်းလုံးတိုက်စစ်အပြန်အလှန်ဖွင့်ကစားခဲ့လို့ တော်တော်လေးကြည့်ကောင်းခဲ့ပါတယ်။ အဖွင့်ဂိုးကိုတော့ ပွဲချိန်၃၂ မိနစ်အရောက်မှာ ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင့်ဂ်ကသွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးခဲ့ရတဲ့နောက်မှာ ဧည့်သည် စပါးတို့ တိုက်စစ်ကိုပိုမိုအားပြုကစားလာပြီး ပထမပိုင်းပွဲပြီးလို့ နာကျင်အချိန်ပို ၂မိနစ်အရောက်မှာ ဆွန်ဟောင်မင်က ကိန်းရဲ့ ဖန်တီးပေးပို့မှုကတစ်ဆင့် ဒေါင့်ဖြတ်အနေအထားအထားကနေ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်ဒုတိယပိုင်းပြလည်စတင်လို့ ၂မိနစ်အကြာမှာ ဆွန်ဟောင်မင်က ကိန်းခင်းပေးတဲ့ဘောလုံးကို ဆွဲပြေးပြီး ဒုတိယဂိုး ၊ ၆၄မိနစ်မှာကိန်းရဲ့ဖန်တီးပေးပို့မှုကနေ တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၇၄ မိနစ်မှာလည်း ဆွန်ကပဲ ကိန်းဖြတ်တင်ပေးပို့မှုကို အမိအရပိတ်သွင်းနိုင်ခဲ့လို့ စတုတ္ထမြောက်ဂိုးရရှိပြီး တစ်ပွဲတည်း ၄ဂိုးသွင်းယူခဲ့တဲ့ ပထမဆုံးအာရှသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့တဲ့ စပါးတို့ ၈၂မိနစ်အရောက်မှာလည်း လာမယ်လာကန်ချက်ကြောင့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဟယ်ရီကိန်းက ပဉ္စမြောက်ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ စိန့်တို့အတွက် ဒုတိယနှစ်သိမ့်ဂိုးကိုတော့ ပွဲချိန် မိနစ်၉၀ မှာ ဒန်နီအင်ဂ့်က ပင်နယ်တီကတစ်ဆင့်သွင်းယူပေးခဲ့ပြီး ပွဲအပြီး ၂-၅ရလဒ်နဲ့ စပါးတို့ အဝေးကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ထားတဲ့ ဆောက်သမ်တန်
ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် စပါးကိုဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ဆောက်သမ်တန်

 

ပွဲပြီးသုံးသပ်ချက်

ပွဲရဲ့အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် အိမ်ရှင်ဆောက်သမ်တန်တို့ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး တစ်ပွဲလုံးဂိုးပေါက်ကန်ချက် ၁၄ကြိမ်အထိရှိခဲ့ပေမယ့် စပါးကတော့ ၉ကြိမ်အထိပဲရှိခဲ့ပါတယ်။ ဂိုးပေါက်တည့်မှုမှာလည်း စိန့်တို့ ၇ ကြိမ်ထိရှိပြီး စပါးကတော့ ၆ကြိမ်ပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်တို့ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ အချက်ကတစ်ချက်ပဲရှိပါတယ်။ စပါးမှာ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းပြီး အဆုံးသတ်ကောင်းတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတာက ဂိုးပြတ်အနိုင်ရခဲ့တာရဲ့ အဓိကအချက်တစ်ချက်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဒယ်လီအလီကို ဒီပွဲမှာ အနားပေးခဲ့တာ မော်ရင်ဟိုရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်လို့ပြောရမှာ ဖြစ်ပါတယ်။ နောက်ပြီးဆောက်သမ်တန်တို့ ရှုံးနိမ့်နေပေမယ့် ဂိုးပြန်ရဖို့ တိုက်စစ်ဆက်ဖွင့်ပြီး ကစားခဲ့လို့ ဂိုးတော်တော်လေးပြတ်သွားတယ်လို့ပြောနိုင်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

တော့တင်ဟမ်ဟော့စပါးတို့ နှစ်ရက်ခြားပြီး လိဂ်တူးကလပ် လေတန်အိုရီးရန့်နဲ့ ခရာဘောင် တတိယအဆင့်ကစားဖို့ရှိသလိုနောက်ထပ် ၃ရက်အကြာမှာတော့ မက်ဆီဒိုးနီးယားကလပ် ကေအက်ဖ်ရှက်ကန်ဒီဂျာနဲ့ ယူရိုပါလိဂ် တတိယအဆင့်ရှုံးထွက်ပွဲစဉ်ကစားရဖို့ရှိနေပါတယ်။ အဲ့နောက်တနင်္ဂနွေနေ့မှာ နယူးကာဆယ်ကို အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် လက်ခံကစားရဖို့ရှိနေပါတယ်။ ဆောက်သမ်တန်ကတော့ လာမယ့် တနင်္ဂနွေနေ့ မနက် အစောပိုင်းမှာ ဘန်လေနဲ့ ပရီးမီးယားလိဂ် ကစားရဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်