နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်ရာသီအသစ်ကို အမြောက်သံတွေနဲ့ ဖွင့်လှစ်မယ့် ဂန်းနားများ

countdown banner

ဖူလ်ဟမ် – အာဆင်နယ်

အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ပူပူနွေးနွေးရရှိထားတဲ့ အာဆင်နယ်တို့ ဒီနှစ်မှတန်းပြန်တက်လာတဲ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ် ရာသီရဲ့ အစောဆုံးပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ လန်ဒန်ဒါဘီလည်း ဖြစ်နေတာကြောင့် SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေအကြိုက်တွေ့မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။

ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှ အကောင်းဆုံးပုံစံပြန်ရပြီး အက်ဖ်အေဖလား ရယူနိုင်ခဲ့တဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ရာသီအကြို ကွန်မြူနတီဒိုင်းကိုလည်း သိမ်းပိုက်ထားပါတယ်။ နည်းပြအာတေးတားလက်အောက်မှာ ပုံစံကောင်းပြန်ရနေတဲ့ ဂန်းနားတို့ အဖွင့်ပွဲစဉ်မှာ တန်းတက်အသင်းနဲ့ ကစားရမှာ ဖြစ်လို့ အဖွင့်လှသွားဖို့များနေပါတယ်။ ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်မှာ ရာသီအစပိုင်းကတည်းက ရုံးကန်ခဲ့ရတဲ့ အာဆင်နယ်တို့ နည်းပြအူနိုင်းအန်မေရီအစား ကစားသမားဟောင်း မီခယ်အာတေးတား နဲ့ အစားထိုးခဲ့ရတဲ့အထိ အသင်းရဲ့တည်ဆောက်ပုံ တော်တော်လေးဆိုးရွားခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းမှာ နည်းပြ ပပ်ဂွာဒီယိုလာရဲ့ လက်ထောက်လုပ်ခဲ့တဲ့ အာတေးတားရဲ့ နည်းစနစ်ပိုင်း အားသာချက်တွေကြောင့် အာဆင်နယ်တို့ ရာသီကုန်ချိန်မှာ အဆင့် ၈ နေရာနဲ့ ပန်းဝင်ခဲ့တယ်ဆိုပေမယ့် အက်ဖ်အေဖလား ကို အရယူပြီး ယူရိုပါလိဂ်ဝင်ခွင့်တောင်ရခဲ့ပါတယ်။ ဒါဟာ အာတေးတားအတွက် နည်းပြဘဝအစ အဖွင့်လှခဲ့သလို အာဆင်နယ်အတွက်လည်း အသက်ရှူချောင်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ကွန်မြူနတီဒိုင်းလုပွဲမှာလည်း ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လစ်ဗာပူးလ်ကို ပင်နယ်တီနဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် ခြေစွမ်းပိုင်းကောင်းခဲ့တာကို လက်ခံရမှာပါ။

ဖူလ်ဟမ်ကတော့ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ်ကို ဆင်းကစားခဲ့ရပြီး အခုနှစ်ပရီးမီးယားလိဂ်ကို ချက်ချင်း ပြန်လည်တက်လှမ်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖူလ်ဟမ်တို့ရဲ့ ပရီးမီးယားလိဂ် အပြန်ခရီးက သိပ်တော့မလွယ်ကူခဲ့ပါဘူး။ ချန်ပီယံရှစ်မှာ အဆင့် ၄နေရာရရှိခဲ့ပြီး ရှုံးထွက် ပြန်ကန်ပွဲတွေမှာ အနိုင်ရခဲ့လို့ ပရီးမီးယားလိဂ်ဝင်ခွင့်လက်မှတ်တစ်စောင်ကို အရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နာမည်ကြီးကစားသမားဟောင်း စကော့ပါကားကိုင်တွယ်နေတဲ့ ဖူလ်ဟမ်အသင်းဟာ လက်တလောမှာတော့ အကောင်းဆုံးစုဖွဲ့မှုရှိနေတဲ့ အသင်းဖြစ်လို့ လျှော့တွက်ရင်မှားသွားနိုင်ပါတယ်။

 

အာဆင်နယ်တို့ ရာသီကြိုပြင်ဆင်မှုအဖြစ် ချဲလ်ဆီးက ဝီလျံ၊ လိုင်လီက ဂါဘရီရယ် မန်ဂါလိုင်စ် ကို ခေါ်ယူထားပြီး စိန့်အက်တီယန်နီက အငှားစာချုပ်ပြည့်လို့ ပြန်လာတဲ့ ဝီလျံဆယ်လီဘာ၊ တစ်ရာသီအငှားနဲ့ ထပ်ပြီးလာကစားတဲ့ ဆီဘာလော့စ်တို့အပြင် တိုက်စစ်က ခြေစွမ်းပြနေတဲ့ အော်ဘာမီယန်၊ ဆာကာ၊ ပေပေ၊ မစ်လန်းနိုင်းလ်စ်၊ တီယာနေးတို့ရှိနေပါတယ်။ လက်ရှိ လူအင်အားအရ အာဆင်နယ်တို့ ပရီးမီးယားလိဂ်မှာ တကျော့ပြန် ထိပ်သီးအသင်းတစ်သင်း ဖြစ်လာနိုင်မယ်လို့ သုံးသပ်ထားကြပါတယ်။ နောက်ပြီး အာတေးတားရဲ့ နည်းစနစ်ပိုင်းကျွမ်းကျင်မှုကြောင့် အာဆင်နယ်တို့ ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်မှာ ထိပ်တန်းအဆင့်ကို ပြန်ရောက်နိုင်ချေရှိနေတာလည်း ဖြစ်ပါတယ်။

ဖူလ်ဟမ်ကတော့ ရာသီကြိုပြင်ဆင်မှုအနေနဲ့ ပီအက်စ်ဂျီဂိုးသမား အာရီယိုလာ၊ ဆောက်သမ်တန်က မာရီယိုလီမီနာ၊ ဝီဂန် အန်တိုနီရော်ဘင်ဆင် တို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။ နောက်ပြီး ကာမာရာမီထိရိုဗစ်၊ ဂျိုးဘရိုင်ယန်၊ ဆက်ဆနွန်တို့လိုကစားသမားကောင်းတချို့ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်းအစဥ်အလာ

ထိပ်တိုက်တွေ့ဆုံမှုအရပြန်ကြည့်မယ်ဆိုရင် အာဆင်နယ်နဲ့ ဖူလ်ဟမ်တို့ဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ် မှာ ၁၀ ကြိမ်ထိတွေ့ဆုံထားပြီး အာဆင်နယ်က ၆ ပွဲနိုင် ၃ပွဲသရေကျပြီး ဖူလ်ဟမ်ကတော့ ၁ပွဲအနိုင်ရထားပါတယ်။ အာဆင်နယ်တို့ ၂၀၁၂ခုနှစ်နောက်ပိုင်း ဖူလ်ဟမ်အိမ်ကွင်းမှာ ရှုံးပွဲလုံးဝမရှိခဲ့တဲ့အပြင် ကရေဗင်ကော့တေ့ဂျ်မှာ ကစားတဲ့ နောက်ဆုံး ၃ကြိမ်မှာ အာဆင်နယ် အနေနဲ့ ဂိုးပြတ်နိုင်ပွဲတွေရရှိထားခဲ့ပါတယ်။ ရာသီအသစ်စတင်တာဖြစ်လို့ နှစ်သင်းစလုံးရဲ့ ခြေစွမ်းအစစ်အမှန်ကို မသိရသေးပေမယ့် ကစားသမားကောင်းတွေ ပြည့်နေတဲ့ အာဆင်နယ် ကတော့ ဖူလ်ဟမ်ကိုအပြတ်အသတ်အသာရနေခဲ့ပါတယ်။ ဖူလ်ဟမ်ကတော့ တိုက်စစ်က မီထရိုဗစ်ကိုပဲ မျှော်လင့်လို့ရနိုင်မှာဖြစ်ပေမယ့် အာဆင်နယ်ခံစစ်ကို ထိုးဖောက်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ အာဆင်နယ်ခံစစ်က ဒေးဗစ်လုဇ် ဒဏ်ရာကြောင့်ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ဆယ်လီဘာ၊ ဟိုးဒင်း၊ တီယာနေး၊ ဘယ်လာရင်တို့ကို အသုံးပြုပြီး ပွဲထွက်လာနိုင်ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဖူလ်ဟမ် – အာဆင်နယ် အချိန်ပြည့် ဧည့်သည် @ ၁.၅၃ ဆ
စက်တင်ဘာ ၁၂ ရက် , ည ၆:၀၀ နာရီ(GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အနိုင်ရမယ်ဆိုရင် ၅.၆၀ ဆရရှိမှာဖြစ်ပြီးတော့ ဧည့်သည်အသင်းအတွက်ဆိုရင်တော့ ၁.၅၄ ဆ ရရှိမှာ ဖြစ်ပါတယ်။ သရေ အတွက် ကိုတော့ ၄.၂၀ဆဖြစ်ပါတယ်။ လန်ဒန်ဒါဘီဖြစ်ပေမယ့် အာဆင်နယ်တစ်ဖက်သတ်အသာရနေတဲ့ ပွဲပါ။ လူစာရင်းအရရော လက်ရှိကစားပုံအရရော ဖူလ်ဟမ်တို့ ယှဉ်နိုင်တာ ဘာမှမရှိပါဘူး။ အစဉ်အလာအရလည်း အာဆင်နယ်တို့ ဖူလ်ဟမ်အိမ်ကွင်းမှာဆို အပြတ်အသတ်အနိုင်ရလေ့ရှိလို့ အာဆင်နယ်ကိုပဲ သဘောကျပါတယ်။ ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ် ရာသီအဖွင့်ကို ဂန်းနားတို့ အမြောက်သံတွေနဲ့ ကြိုဆိုပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်