နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနိုင်၊ အရှုံးထက် ဂိုးပေါင်းကိုပဲ စိတ်ဝင်စားသင့်တဲ့ပွဲ | ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဖူလ်ဟမ် – လစ်ဗာပူးလ်

ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲစဉ် အဖြစ် ဖူလ်ဟမ်နဲ့ လစ်ဗာပူးလ်တို့ ခရေဗင်ကော့တေ့ဂျ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ 

ဒီရာသီ ဖူလ်ဟမ်ရဲ့ ခြေစွမ်းက စိတ်ပျက်စရာပါ။ ပြီးခဲ့တဲ့ ရာသီနဲ့ တစ်ခြားစီ ဖြစ်ပြီး နိုင်ပွဲထက် ရှုံးပွဲတွေ များနေခဲ့တာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ မထင်မှတ်တဲ့ ခြေစွမ်းနဲ့ ဂိုးပြတ် ထနိုင်လေ့ ရှိပေမယ့် အသင်းကြီး တော်တော်များများ ကိုတော့ မယှဉ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ခရာဘောင်ဖလား ပြိုင်ပွဲမှာလည်း လမ်းကြောင်း ချောင်ခဲ့လို့ ဖူလ်ဟမ်တို့ ဒီအဆင့် အထိ ရောက်လာခဲ့တာ ဖြစ်ပြီး ဗိုလ်လုပွဲ ကတော့ သူတို့ အတွက် မဟုတ်နိုင်ပါဘူး။

လစ်ဗာပူးလ် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားပြီး တိုက်စစ် ကလည်း ဂိုးတွေ ရှယ်မြူးနေတာပါ။ မနူးမနပ် နူညက်ဇ်တောင် ပါးပါးနပ်နပ်နဲ့ ဂိုးတွေ ဖန်တီး၊ ဂိုးတွေ သွင်းလာနိုင်တာက ကလော့ပ် အတွက် ကျေနပ်စရာပါ။ လက်ရှိ ခြေစွမ်းအရ လစ်ဗာပူးလ်တို့ ပြိုင်ဘက်တိုင်းကို အလဲထိုးနိုင်တဲ့ ခြေစွမ်းမျိုး ရှိနေလို့ ဖူလ်ဟမ်ကို အဝေးကွင်းမှာ အသာစီးနဲ့ ကစားနိုင်ဦးမှာပါ။ လစ်ဗာပူးလ်တို့ ခရာဘောင်ဖလား ဗိုလ်လုပွဲ တက်ဖို့ ဆိုရင် အမှားကြီး မမှားဖို့ပဲ လိုပါတယ်။


နှစ်ဖက်အသင်း သတင်းများ

လစ်ဗာပူးလ်တို့ ခရာဘောင်ဖလား ဗိုလ်လုပွဲ တက်ဖို့ ဆိုရင် အမှားကြီး မမှားဖို့ပဲ လိုပါတယ်။
ခြေစွမ်းရော၊ ရလဒ်ပိုင်းပါ မတည်မငြိမ် ဖြစ်နေတဲ့ ဖူလ်ဟမ်

ဖူလ်ဟမ် ဘက်မှာ ဘန်ဒါနဲ့ ထရာအိုရေးတို့ နှစ်ဦးက လွဲလို့ ကျန်ကစားသမား အားလုံး ပွဲထွက် ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။

လစ်ဗာပူးလ် မှာတော့ အာနိုးလ်၊ သီယာဂို၊ ဘက်ဂျ်စီတစ်၊ မိုဟာမက် ဆာလာ၊ ဆီမီကတ်စ်၊ မက်တစ်ပ်၊ ဆဘို့ဇ်လိုင်း၊ ဒိုအက်ခ်နဲ့ ရော်ဘတ်ဆန်တို့ ဒဏ်ရာရနေပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

ဖူလ်ဟမ် – လန်နို၊ ဒီယော့ပ်၊ အဒါရာဘိုင်အိုယို၊ တီတီ၊ ရော်ဘင်ဆင်၊ ကိုင်ယာနေး၊ ပေါ်လင်ဟာ၊ ပါရဲရား၊ ဝီလ်ဆင်၊ ဝိလီယံ၊ ဟင်မီနက်ဇ်

လစ်ဗာပူးလ် – အလီဆွန်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ဘရက်ဒ်လီ၊ ဂိုးမက်ဇ်၊ မက်အယ်လစ္စတာ၊ အဲလီယော့တ်၊ ဂျုံးစ်၊ နူညက်ဇ်၊ ဒီးယက်ဇ်၊ ဂျိုတာ 

ဘွန်ဒက်စ်လီဂါ
လေဗာကူဆင်
ယူနီယံ ဘာလင်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား ၁၆ ကြိမ် တွေ့ဆုံထားခဲ့ရမှာ ဖူလ်ဟမ်က ၃ ကြိမ်သာ အနိုင်ရခဲ့ပြီး ၂ ကြိမ် သရေကျကာ လစ်ဗာပူးလ် ကတော့ ၁၁ ကြိမ် အထိ အနိုင်ရထားခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာလည်း လစ်ဗာပူးလ်တို့ ၃ ကြိမ် အနိုင်ရခဲ့ပြီး ဖူလ်ဟမ်က ၁ ကြိမ် နိုင်ကာ ၁ ကြိမ်က သရေကျခဲ့ပါတယ်။ ထူးခြားချက်က ခရေဗင်ကော့တေ့ဂျ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ လစ်ဗာပူးလ်တို့ ၁ ကြိမ်သာ နိုင်ခဲ့ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဖူလ်ဟမ်က ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးခဲ့ပြီး လစ်ဗာပူးလ်က ၅ ပွဲစလုံး အနိုင်ရထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 မှာတော့ ဖူလ်ဟမ် နိုင်ရင် ၃.၉၀ ဆ၊ လစ်ဗာပူးလ် နိုင်ရင် ၁.၇၆ ဆနဲ့ သရေ ဆိုရင် ၃.၆၄ ဆပါ။ အာရှဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ်က သရေ အရှုံးလောက် ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးသွင်းမှ အပြည့်‌ ပျော်ရမယ့် အနေအထား ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ လစ်ဗာပူးလ်က ဒဏ်ရာရကစားသမားတွေ ရှိနေပေမယ့် အမြင့်ဆုံးကို ပျံတက်နေတယ်လို့ ပြောလို့ ရပါတယ်။ အဝေးကွင်းပေမယ့် လစ်ဗာပူးလ်တို့ အိမ်ကွင်းလို ကစားနိုင်ဦးမှာပါ။ သာမန် ပွဲကစားချိန် အတွင်း လစ်ဗာပူးလ်ပဲ အနိုင်ရသွားမယ် ထင်ပါတယ်။ ဂိုးတော့ မပြတ်နိုင်ပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်