နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးထွက်အဆင့်တက်ဖို့ ဂျာမနီတို့ အမှားခံမှာ မဟုတ်ပါဘူး – ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲကြိုသုံးသပ်ချက်

ဂျာမနီ vs ယူကရိန်း

လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့၊ မနက် ၂ နာရီ ၁၅ မိနစ်မှာ ကစားမယ့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ်တွေထဲက ဂျာမနီနဲ့ ယူကရိန်းတို့ရဲ့ ပွဲစဉ်ကလည်း ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့ အတွက် နှစ်သင်းစလုံး ရမှတ် လိုအပ်ချက် အားထုတ်လာဖို့ ရှိလို့ SBOTOP ပရိသတ်တွေ အကြိုက် ပွဲစဉ် ဖြစ်လာဦးမှာပါ။

 
ဂျာမနီတို့ ပြီးခဲ့တဲ့ ၁၁ ပွဲဆက်တိုက် ရှုံးပွဲလုံးဝမရှိသေးဘူး ဆိုပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲ မှာတော့ ၂ ပွဲပဲ အနိုင်ရရှိပြီး ၄ ပွဲ သရေကျထား ပါတယ်။ အခုနှစ် နေးရှင်းလိဂ်မှာလည်း ၄ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရရှိထားပြီး ၃ ပွဲ သရေ ကျထားလို့ ရမှတ် ၆ မှတ်နဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် A အုပ်စု ၄ ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဂျာမနီရဲ့ လက်ရှိ အခြေအနေကို ပြောပါဆိုရင်တော့ တိုက်စစ်က သွင်းဂိုးတွေ ဆက်တိုက်ရရှိနေသလောက် ခံစစ်က ဂိုးတွေ ပြန်ပေးနေရလို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ နေးရှင်းလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲ ဆက်တိုက် စပိန်နဲ့ ဆွစ်ဇာလန်တို့ကို သရေကျပြီး တတိယပွဲစဉ်မှာ ယူကရိန်းကို အနိုင်ရခဲ့တယ် ဆိုပေမယ့် ပွဲစဉ် ၄ မှာ ဆွစ်ဇာလန်နဲ့ သရေကျ ခဲ့တာ တွေ့ရပါတယ်။ ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကို ကြည့်မယ်ဆိုရင်လည်း ဦးဆောင်ဂိုးတွေ ရလိုက် ချေပဂိုးတွေ ပြန် ပေးလိုက်နဲ့ ပွဲအပြီးမှာ ၃ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ဆွစ်ဇာလန်နဲ့ ပွဲမှာတော့ လူငယ် အရန် ကစားသမားတွေနဲ့ ကစားပြီး ၁-၀ နဲ့ နိုင်ပွဲ ပြန်ရှာတွေ့ထားပါတယ်။ ဒီနှစ် ဂျာမနီရဲ့ လူစာရင်းကို ကြည့်မယ်ဆိုရင် ဘယ်အသင်းကိုမဆို ယှဉ်ကစားနိုင်တဲ့ စုဖွဲ့မှုကို ပိုင်ဆိုင်ထားပြီး တီမိုဝါနာ၊ ဆာနေး၊ ဂနာဘရီ၊ ကိုင်ဟာဗက်ဇ်၊ တိုနီခရူးစ်၊ ဂိုရက်ဇ်ကာ၊ ဂန်ဒိုဂန် တို့လို ကစားသမားကောင်းတွေ များစွာရှိနေပါတယ်။ ခံစစ်ပိုင်းမှာလည်း နစ်ကလပ်စ် ဆူလီ၊ ရူဒီဂါ၊ နီကိုရှားလ်ဇ်၊ ရော့ဘင်ကို့ချ်၊ ဂင်တာ၊ ဂိုဆင် တို့ရှိနေပေမယ့် ဂိုးတွေ ပေးနေရတဲ့ ပြဿနာကိုတော့ အခုအချိန်ထိ ဖြေရှင်းနိုင် ခြင်း မရှိသေးလို့ နည်းပြ ဂျိုအာချင်လိုး ကိုယ်တိုင် ခေါင်းကိုက်နေရဆဲ ဖြစ်ပါတယ်။

ရှားရှားပါးပါး ရရှိထားတဲ့ နိုင်ပွဲ ၂ ပွဲ ဟာ လည်း ယူအီးအက်ဖ်အေ နေးရှင်းလိဂ်အုပ်စုပွဲစဉ် နှစ်ပွဲမှာ ဖြစ်
အခုနှစ် နေးရှင်းလိဂ် A မှာ ၄ပွဲကစား ၂ ပွဲနိုင်၊ ၂ပွဲ ရှုံး ရမှတ် ၆ မှတ် ရရှိထားတဲ့ ယူကရိန်း

နည်းပြ ရှက်ပ်ချန်ကို ကိုင်တွယ်နေတဲ့ ယူကရိန်းအသင်းကတော့ နောက်ဆုံး ၆ ပွဲကစားရာမှာ ဆွစ်ဇာလန်နဲ့ စပိန်ကို သရေကျထားတာကလွဲရင် ကျန်ပွဲစဉ်တွေ အားလုံး ရှုံးနိမ့်ထားခဲ့တာတွေ့ရပါတယ်။ ရှားရှားပါးပါး ရရှိထားတဲ့ နိုင်ပွဲ ၂ ပွဲ ဟာ လည်း ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အုပ်စုပွဲစဉ် နှစ်ပွဲမှာ ဖြစ်လို့ လက်ရှိ အုပ်စု ၄ မှာ ရမှတ် ၆ မှတ်နဲ့ ဒုတိယနေရာက ဂျာမနီ နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အကွာနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ယူကရိန်းတို့ နောက်ဆုံးကစားခဲ့တဲ့ နေးရှင်းလိဂ် အုပ်စုပွဲစဉ်မှာ စပိန်ကို ၁-၀ နဲ့ အနိုင်ရခဲ့လို့ အဖိုးတန် ၃ မှတ် ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ ပိုလန်နဲ့ ခြေစမ်းပွဲစဉ်မှာတော့ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့် ထားခဲ့ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းဟာ သမိုင်းတစ်လျှောက် ၇ ကြိမ်တိတိသာ တွေ့ဆုံထားပြီး ယူကရိန်းတို့ ဂျာမနီကို တစ်ကြိမ်တစ်ခါမှ အနိုင်မရသေးပါဘူး။ နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှုမှာတော့ ဂျာမနီက ၂ ကြိမ် အနိုင်ရထားပြီး ၁ ပွဲ သရေကျ ထားပါတယ်။ အခုနှစ် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပထမအကျော့မှာတော့ ယူကရိန်းတို့ အိမ်ကွင်းမှာ ၁-၂ နဲ့ ဂျာမနီကို အရေးနိမ့်ထား ခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဂျာမနီ vs ယူကရိန်း အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၂၈ဆ
နိုဝင်ဘာလ ၁၅ ရက် , မနက် ၂:၁၅ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အတွက် ၁.၂၈ဆ၊ ဧည့်သည် ဘက်က ၉.၅၀ ဆနဲ့ သရေအတွက် ၅.၂၀ ဆ ကြေးဖွင့်ထားပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ရှက်ပ်ချန်ကိုရဲ့ ယူကရိန်းတို့ စပိန်ကို အနိုင်ရခဲ့လို့ စိတ်ဓာတ်ပိုင်း တက်ကြွနေတယ် ဆိုပေမယ့် ပေါက်ကြေးအရေရော၊ အိမ်ကွင်းအားသာချက် အပါအဝင် ရှုံးထွက်အဆင့်ကို တက်ရောက်ရေး အားထုတ်လာ မယ့် ဂျာမနီရဲ့ကွင်းမှာ သရေရလဒ် တောင် ရှာတွေ့နိုင်ဖို့ မလွယ်ပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်