နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရောမမြေမှာ ဂိုးပြတ်အောင်ပွဲခံနိုင်ခဲ့ပြန်တဲ့ ဂျာမန်ဘီလူးများ – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

လာဇီယို ၁ – ၄ ဘေယန်မြူးနစ်

ယနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဘေယန်မြူးနစ်တို့ လာဇီယိုကို အီတလီမြေမှာ ၁-၄ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ဖို့ အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။ ထုံးစံအတိုင်း ဘေယန်မြူးနစ်တို့ ကမ္ဘာ့အကောင်းဆုံး အသင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ အီတလီထိပ်သီးကို အဝေးကွင်းမှာ အပြတ်အသတ် ချေမှုန်းခဲ့ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အသင့်ဖြစ်နေပြီဆိုတာ ကျန်အသင်းတွေ အားလုံးကို စစ်ကြေညာခဲ့ပါတယ်။

အခုပွဲမှာတော့ အိမ်ရှင် အသင်းဘက်က တိုက်စစ်မှာ ကော်ရီရာ၊ အင်မိုဘီလီ၊ ကွင်းလယ်မှာ လက်ဇာရီ၊ ဆာဗစ်၊ လိုင်ဗာ၊ အဲလ်ဘတ်တို၊ မာရူဆစ်၊ နောက်တန်းမှာ ပက်ထရစ်၊ အက်ကာဘီ၊ မူဆက်ခီယို၊ ဂိုးမှာတော့ ပီပီရေနာ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဘေယန်မြူးနစ်ဘက်မှာတော့ ကွင်းလယ်က သောမက်စ်မူလာ၊ ဂနာဘရီ၊ တိုလစ်ဆို တို့ ဒဏ်ရာ ရရှိနေလို့ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပဲ ရောဘတ် လီဝန်ဒေါစကီး၊ ဆာနေး၊ ကိုမန်၊ မူဆီယာလာ၊ ဂိုရက်ဇ်ကာ၊ ကင်မစ်ချ်၊ အလ်ဖွန်ဆိုဒေးဗီးစ်၊ အလာဘာ၊ ဘိုတန်း၊ နစ်ကလပ်စ် ဆူလီ၊ နော်အာတို့ ပထမပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ပွဲအစ ၉ မိနစ်ကတည်းက ဘေယန်မြူးနစ်တို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ မူဆက်ခီယိုနဲ့ ပီပီရေနာတို့ရဲ့ အမှားကတစ်ဆင့် ဘေယန်မြူနစ်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ဘေယန်မြူးနစ်တို့ပဲ ပွဲကို ပိုမို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုရက်ဇ်ကာထိုးပေးတဲ့ ဘောလုံးကို ဂျမဲလ်မူဆီယာလာ က အဝေးကန်ချက်နဲ့ ဒုတိယဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ တတိယဂိုးကိုတော့ ကိုမန်ရဲ့ ဖန်တီးပေးပို့မှုကနေ လီရွိုင်းဆာနေးက သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ဘေယန်မြူးနစ်တို့ ၃-၀ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲစချိန်မှာလည်း ဘေယန်မြူးနစ်တို့ပဲ စတုတ္ထဂိုး ထပ်မံရရှိသွားခဲ့ပြီး ဒီဂိုးကတော့ လာဇီယို နောက်ခံလူ အကာဘီရဲ့ OG ကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ အိမ်ရှင် လာဇီယိုတို့ ချေပဂိုးရရှိဖို့ အားထုတ်ခဲ့ပေမယ့် ၄၉ မိနစ်မှာ ကော်ရီယာ သွင်းယူခဲ့တဲ့ ဂိုး ၁ ဂိုးသာ ရရှိခဲ့ပြီး ပွဲအပြီးမှာ ၁-၄ ရလဒ်နဲ့ လာဇီယိုတို့ အိမ်ကွင်း အိုလံပီကိုမှာ ဂိုးပြတ် ရှုံးပွဲကြုံသွားခဲ့ရပါတယ်။

လာဇီယိုကတော့ နှစ်ပေါင်းအတော်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် အောင်မြင်မှု အိမ်မက်ကတော့ အခုအဆင့်မှာပဲ ရပ်တန့်သွားခဲ့ရပြီလို့ ဆိုနိုင်ပါတယ်။
အခုနှစ် စီးရီးအေမှာ ရုန်းကန်နေရတဲ့ လာဇီယို

ပွဲပြီးသုံးသပ်ချက်

ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဖရန့်ဖတ်ကို အရေးနိမ့်ခဲ့တဲ့ ဘေယန်မြူးနစ်တို့ အခုပွဲမှာ ပေါက်ကွဲပြနိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် မှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကောင်းတစ်ခုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အခုပွဲမှာ အဓိကကစားသမား တော်တော်များများ ဒဏ်ရာကြောင့် ပါဝင်လာနိုင်ခြင်းမရှိပေမယ့် ဘေယန်မြူးနစ်တို့ အကောင်းဆုံး ပုံစံတစ်ခုကို ပြသသွားနိုင်ခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ဘေယန်မြူးနစ်တို့ နောက်တစ်ဆင့် တက်ဖို့ ရာနှုန်းပြည့်နီးပါး သေချာသွားခဲ့ပြီး လာဇီယိုကတော့ နှစ်ပေါင်းအတော်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် အောင်မြင်မှု အိမ်မက်ကတော့ အခုအဆင့်မှာပဲ ရပ်တန့်သွားခဲ့ရပြီလို့ ဆိုနိုင်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာဇီယိုတို့ လာမယ့် ရက်မှာ ဘိုလော့ဂ်နာနဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ ရှိနေပြီး ဘေယန်မြူးနစ်ကတော့ ကိုလုံးနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်