နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယူးကာဆယ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမယ့် ဖူလ်ဟမ် | အက်ဖ်အေဖလား (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဖူလ်ဟမ် – နယူးကာဆယ်

အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီးတော့ ဖူလ်ဟမ် ကတော့ နယူးကာဆယ်ကို ခရေဗင်ကော့တေ့ဂျ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

ဖူလ်ဟမ်ရဲ့ ခြေစွမ်းက မှန်းဆရခက်နေပါတယ်။ အာဆင်နယ်နဲ့ ရိုသာဟမ်ကို အနိုင်ရခဲ့ပေမယ့် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပါတယ်။ ခရာဘောင်ဖလားမှာ ဆီမီးဖိုင်နယ်ထိလည်း ရောက်ခဲ့ပေမယ့် လစ်ဗာပူးလ်ကို ပထမအကျော့မှာ ၂-၁ နဲ့ ရှုံးပြီး ဒုတိယအကျော့မှာ ၁ ဂိုးစီ သရေပဲ ကစားနိုင်ခဲ့တာကြောင့် ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။ အခုလည်း အက်ဖ်အေဖလားမှာ နယူးကာဆယ်နဲ့ စောစောစီးစီး တွေ့ဆုံနေတာကြောင့် မာကို ဆေးလ်ဗားရဲ့ အသင်း အတွက်တော့ အခက်အခဲတွေ ဆက်ကြုံရမယ့် အခြေအနေပါတယ်။

နယူးကာဆယ် ကတော့ ဒဏ်ရာရ ကစားသမားတွေ များပြားနေခြင်းနဲ့ အတူ ခြေစွမ်းပိုင်း အကျဘက်ကို ရောက်နေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး ကျန် ၄ ပွဲ ရှုံးထားပါတယ်။ အနိုင်ရခဲ့တဲ့ ပွဲကလည်း အက်ဖ်အေဖလား တတိယအဆင့်မှာ ဆန်းဒါးလန်းကို နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာလည်း မန်စီးတီးကို အပြန်အလှန် ရင်ဆိုင်ရင်း ၂-၃ ရလဒ်နဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ဖူလ်ဟမ် ဘက်မှာ ဘန်ဒါနဲ့ ထရာအိုရေး တို့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပြီး နယူးကာဆယ် ဘက်မှာတော့ နစ်ခ် ပုပ်၊ တားဂတ်၊ ဝေးလ်လော့ခ်၊ ဂျိုးလင်တန်၊ မာဖီ၊ ဘန်းစ်၊ အန်ဒါဆန်၊ ကော်လမ် ဝီလ်ဆင်တို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

စီးရီးအေ
ကာဂလီယာရီ
တိုရီနို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ် လူစာရင်း

ဖူလ်ဟမ် – ရိုဒက်ခ်၊ တီတီ၊ ဒီယော့ပ်၊ ရင်းမ်၊ ရော်ဘင်ဆန်၊ ရိဒ်၊ ပေါ်လင်ဟာ၊ ဝီလ်ဆင်၊ ပါရဲရား၊ D ရိဒ်၊ ဟင်မီနက်ဇ်

အနိုင်ရခဲ့တဲ့ ပွဲကလည်း အက်ဖ်အေဖလား တတိယအဆင့်မှာ ဆန်းဒါးလန်းကို နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖူလ်ဟမ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၇ ကြိမ်စလုံး မရှုံးခဲ့တဲ့ နယူးကာဆယ်

နယူးကာဆယ် – ဒူဗရက်ဗ်ကာ၊ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်း၊ ဘန်း၊ လောင်းစတက်ဖ်၊ ဂီမာရေးစ်၊ မိုင်လီ၊ အဲလ်မီရွန်၊ အိဆက်ခ်၊ ဂေါ်ဒွန်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား ၁၇ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ ဖူလ်ဟမ်က ၆ ပွဲနိုင်ပြီး နယူးကာဆယ် ကတော့ ၈ ပွဲ အနိုင်ရခဲ့ပါတယ်။ သရေကတော့ ၃ ပွဲ ရှိထားပါတယ်။ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ဖူလ်ဟမ်တို့ နယူးကာဆယ်ကို အနိုင်မရခဲ့ပဲ အမြင့်ဆုံး သရေ ၁ ပွဲသာ ကစားနိုင်ခဲ့ပြီး ကျန် ၄ ပွဲစလုံး ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာတော့ ဖူလ်ဟမ် နိုင်ရင် ၂.၆၉ ဆ၊ နယူးကာဆယ် နိုင်ရင် ၂.၃၅ ဆနဲ့ သရေ ဆိုရင် ၃.၀၉ ဆပါ။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂ လုံးလောက်က စဖွင့်ပါတယ်။ လက်ရှိမှာ နှစ်သင်းစလုံးက ပုံစံကောင်း ပျောက်ဆုံးနေပြီး ရလဒ်တွေ ဆိုးနေပါတယ်။ ဖူလ်ဟမ်တို့ အိမ်ကွင်း ဖြစ်သလို နယူးကာဆယ်ရဲ့ ဒဏ်ရာရကစားသမား များပြားနေမှုက ဆုံးဖြတ်ချက်တွေကို တွေဝေသွားစေနိုင်ပါတယ်။ ရှုံးထွက် ပွဲစဉ် ဖြစ်တာကြောင့်လည်း ခန့်မှန်းရခက်ပါတယ်။ ဂိုးပေါင်း အောက် ဖြစ်မယ်လို့ပဲ ယုံကြည်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်