နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကလပ် ကမ္ဘာ့ဖလားမှာ ပေးအပ် ချီးမြှင့်မယ့် စံချိန်တင် ဆုကြေးကို ထုတ်ပြန် ကြေညာလိုက်တဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

၀၂၅ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပေးအပ် ချီးမြှင့်မယ့် ဆုကြေးကို ကမ္ဘာ့ဘောလုံးအဖွဲချုပ် (FIFA) က ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဖီဖာရဲ့ ကြေညာချက်အရ ပြိုင်ပွဲ တစ်ခုလုံး အတွက် ဆုကြေး စုစုပေါင်း ဒေါ်လာ တစ်ဘီလီယံအထိ ချီးမြှင့်မယ်လို့ သိရပြီး ချန်ပီယံ အသင်း ကတော့ အမြင့်ဆုံး အမေရိကန် ဒေါ်လာ ၁၂၅ သန်း ရရှိမှာ ဖြစ်ပါတယ်။

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ၂၀၂၅ က စပြီး အသင်း အရေအတွက်နဲ့ ပုံစံကို ပြောင်းလဲ ကျင်းပမှာ ဖြစ်ပြီး ပြိုင်ပွဲဝင် ၃၂ သင်းနဲ့ ၄ နှစ် တစ်ကြိမ် ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲ အတွက် ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ တစ်ဘီလီယံ အထိ ချီးမြှင့်မှာ ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ့် အသင်းတွေရဲ့ ကိုယ်စားပြုဒေသနဲ့ စီးပွားရေးဆိုင်ရာ သတ်မှတ်ချက်တွေ အပေါ် မူတည်ပြီး အမေရိကန်ဒေါ်လာ ၅၂၅ သန်း၊ အားကစားပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ အပေါ် မူတည်ပြီး အမေရိကန် ဒေါ်လာ ၄၇၅ သန်း ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ 

ဖီဖာရဲ့ ထုတ်ပြန်ချက် အရ ဥရောပဇုန်မှ ကလပ် အသင်းတွေဟာ အမြင့်ဆုံး ခွဲတမ်း အဖြစ် အမေရိကန်ဒေါ်လာ ၁၂.၈၁ သန်း ကနေ ၃၈.၁၉ သန်း အထိ ရရှိမှာလည်း ဖြစ်ပါတယ်။ တောင်အမေရိကဇုန်က ကလပ်တွေ ကတော့ အမေရိကန်ဒေါ်လာ ၁၅.၂၁ သန်း၊ ကွန်ကာကပ်ဖ်ဇုန်၊ အာရှဇုန်နှင့် အာဖရိကဇုန်မှ ကလပ်တွေ ကတော့ အမေရိကန်ဒေါ်လာ ၉.၅၅ သန်းစီ၊ သမုဒ္ဒရာပိုင်းဇုန်က ကလပ်တွေ ကတော့ အမေရိကန်ဒေါ်လာ ၃.၅၈ သန်း ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီး၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီး စတဲ့ ဥရောပ ထိပ်တန်း ကလပ်တွေ ကတော့ ကလပ် ကမ္ဘာ့ဖလားမှာ အမြင့်ဆုံး ခွဲတမ်း ရရှိမှာ ဖြစ်ပါတယ်။ 

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ၂၀၂၅ က စပြီး အသင်း အရေအတွက်နဲ့ ပုံစံကို ပြောင်းလဲ ကျင်းပမှာ ဖြစ်ပြီး ပြိုင်ပွဲဝင် ၃၂ သင်းနဲ့ ၄ နှစ် တစ်ကြိမ် ကျင်းပမှာ ဖြစ်ပါတယ်။
ကလပ် ကမ္ဘာ့ဖလားမှာ စံချိန်တင် ဆုကြေး ပေးအပ် ချီးမြှင့်မယ့် ဖီဖာ

ဒါ့အပြင် အားကစားပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ အပေါ် မူတည်ပြီး အုပ်စုတွင်း ပွဲစဉ် တစ်ပွဲ အနိုင်ရရင် ဒေါ်လာ ၂ သန်း၊ တစ်ပွဲ သရေကျရင် ဒေါ်လာ ၁ သန်း၊ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ရင် ဒေါ်လာ ၇.၅ သန်း၊ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ရင် ဒေါ်လာ ၁၃.၁၂၅ သန်း၊ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရင် ဒေါ်လာ ၂၁ သန်း၊ ဗိုလ်လုပွဲ တက်ရောက်နိုင်ရင် ဒေါ်လာ သန်း ၃၀ နဲ့ ချန်ပီယံ ဖြစ်ရင်တော့ ဒေါ်လာသန်း ၄၀ ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပဇုန်က ထိပ်တန်း ကလပ် တစ်ခုခု ဗိုလ်ဆွဲရင်တော့ အမြင့်ဆုံး ဆုကြေး အဖြစ် အမေရိကန်ဒေါ်လာ ၁၂၅ သန်း အထိ ရရှိနိုင်မှာ ဖြစ်ကြောင်း ဖီဖာ ဥက္ကဌ အင်ဖန်တီနိုက ရှင်းလင်း ပြောကြားခဲ့သည်။

၂၀၂၅ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဥရောပဇုန်က အများဆုံး အဖြစ် ၁၂ သင်း အထိ အများဆုံး ဝင်ခွင့် ရထားပါတယ်။ တောင်အမေရိကဇုန် ကတော့ ၆ သင်း၊ အာရှ၊ အာဖရိကနဲ့ ကွန်ကာကပ်ဖ်ဇုန်တွေ ကတော့ ၄ သင်းစီနဲ့ သမုဒ္ဒရာပိုင်းဇုန်နဲ့ အိမ်ရှင် အမေရိကန် ကတော့ အသင်း ၁ သင်းစီ ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိထားပါတယ်။ ကွန်ကာကပ်ဖ်ဇုန် ဝင်ခွင့် ၄ နေရာ အနက် မက္ကဆီကို ကလပ် ပါချူကာနဲ့ လီယွန် တို့က အသင်း ပိုင်ရှင် တူနေတာကြောင့် လီယွန် အသင်း ထုတ်ပယ်ခံထားရပါတယ်။ ဒါကြောင့် လီယွန် နေရာမှာ အစားထိုး ယှဉ်ပြိုင်ခွင့် ရမယ့် အသင်းကို ဖီဖာ ဘက်က ထပ်မံ ကြေညာသွားမယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်