နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂူဒီဆင်ပါ့ခ်မှာသွင်းဂိုးတွေအများကြီးမြင်တွေ့ရဖို့ မရှိဘူး |အဲဗာတန် – ဝက်စ်ဟမ်း(ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

အဲဗာတန် – ဝက်စ်ဟမ်း

အခုတစ်ပတ် တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲကစားဖို့ ကျန်ရှိနေပြီးအဲဗာတန်တို့ ဝက်စ်ဟမ်းကိုဂူဒီဆင်ပါ့ခ်မှာဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဒီရာသီမှာခြေစွမ်းသိပ်မကွာတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုဖြစ်လို့ ပြိုင်ဆိုင်မှုပြင်းထန်ပြီးအကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်။

 
ရာဖာဘင်နီတက်ဇ် ကိုင်တွယ်နေတဲ့ အဲဗာတန်တို့ အခုနှစ် ပရီးမီးယားလိဂ်မှာရှုံးပွဲ ၁ ပွဲသာရှိထားပြီး ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၅ နေရာမှာရပ်တည်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာတောင်ဆန်ရဲ့ ချေပဂိုးနဲ့ မန်ချက်စတာယူနိုက်တက် ဆီကနေသရေ ၁ မှတ်ခွဲယူနိုင်ခဲ့တဲ့ အဲဗာတန်ရဲ့ လက်ရှိ‌ ခြေစွမ်းကအကောင်းကြီးမဟုတ်ပေမယ့် တတ်နိုင်သမျှ ရလဒ်ကောင်းတွေတော့ ရအောင် ရှာဖွေထားနိုင်ဆဲလို့ပဲဆိုရပါမယ်။ရစ်ချာလီဆင်၊ ဒေါမနစ် ကလဲဗက်လီဝင်း၊ ကိုးလ်မန်း၊ ဒက်ဖ်၊ ဂိုးမက်စ် တို့ ဒဏ်ရာပြသနာတွေရှိနေချိန် မှာတောင် အကောင်းဆုံးထိန်းကစားထားနိုင်ပြီးဘင်နီတက်ဇ်ရဲ့ နည်းစနစ်ဗျူဟာ ကြွယ်ဝသမှုကိုတွေ့မြင်နေရတာဖြစ်ပါတယ်။ ဒမ်မရိုင်းဂရေးကတော့ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်မှာအဲဗာတန် အတွက် မှန်ကန်တဲ့ ခေါ်ယူမှုဖြစ်ကြောင်းပွဲတိုင်းမှာအလုပ်နဲ့ သက်သေပြနေပြီးဒူကိုရေး၊ တောင်ဆန်၊ မီနာ၊ ကိန်း၊ ဂေါ့ဖရေးနဲ့ ဂေါဒန်တို့ ကလည်းတာဝန်ယူထားတဲ့ ဇုန်အလိုက် အမှားနည်းအောင် ကစားနိုင်တာကြောင့် အဲဗာတန်တို့ အခုလိုအခြေအနေမှာရပ်တည်နိုင်တာဖြစ်ပါတယ်။ ကွင်းလယ်နဲ့ တောင်ပံကတော်တော်လေးလုပ်အားနှုန်းကောင်းနေပြီးတန်ပြန် တိုက်စစ် ကစားပုံကောင်းမွန်တဲ့ အဲဗာတန်တို့ အခုပွဲမှာကစားသမားကောင်းတွေရှိနေတဲ့ ဝက်စ်ဟမ်းကိုဘယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာစောင့်ကြည့်ချင်စရာပါပဲ။ လက်ရှိအချိန် ထိတော့ ကလဲဗက်လီဝင်း၊ ရစ်ချာလီဆင် အပြင် ဒက်ဖ်နဲ့ အန်ဒရီဂိုးမက်စ်တို့ ဒဏ်ရာပြသနာကြောင့် လွဲချော်ဦးမှာဖြစ်ပေမယ် တောင်ပံမှာအီဝိုဘီနဲ့ ညာနောက်ခံနေရာအတွက် ကိုးလ်မန်းတို့တော့ ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။

ဝက်စ်ဟမ်းကတော့ယူရိုပါလိဂ်ပါကစားနေရလို့ပရီးမီးယားလိဂ်ကိုအာရုံစိုက်မှုလျော့ကျနေပုံပေါ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၉ နေရာမှာရပ်တည်နေတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းကတော့ ယူရိုပါလိဂ်ပါကစားနေရလို့ ပရီးမီးယားလိဂ်ကိုအာရုံစိုက်မှုလျော့ကျနေပုံပေါ်ပါတယ်။လက်ရှိရာသီပရီးမီးယားလိဂ်မှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၉ နေရာကိုရောက်ရှိနေတဲ့ ဝက်စ်ဟမ်းတို့ နောက်ဆုံးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာလည်းပြိုင်ဘက်ရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် နိုင်ပွဲပျောက်ဆုံးထားခဲ့ရပါတယ်။ ဒီရာသီဝက်စ်ဟမ်းရဲ့ စုဖွဲ့မှုဟာတကယ်ကိုအားရစရာကောင်းပြီးမစ်ချယ် အန်တိုနီယိုဦးဆောင်တဲ့ တိုက်စစ်၊ ဖော်နယ်၊ ဘန်ရားမား၊ ဘိုဝင်၊ ရိုက်စ်၊ ဆိုချက်ခ် တို့ရဲ့ ကွင်းလယ်နဲ့ တောင်ပံ၊ ခရက်စ်ဝဲလ်၊ ဇူမား၊ ဆိုဖယ် တို့ရဲ့ ခံစစ်ကိုပိုင်ဆိုင်ထားပါတယ်။ ဘယ်လိုပြိုင်ဘက်မျိုးကိုမဆိုယှဉ်ကစားနိုင်တဲ့ ဝက်စ်ဟမ်းတို့ အိမ်ကွင်းရှုံးပွဲ ၂ ပွဲရှိခဲ့ပေမယ့် အဝေးကွင်းစွမ်းဆောင်ရည် ကတော့ ရှုံးပွဲမရှိကောင်းမွန်နေဆဲဖြစ်ပါတယ်။အခုပွဲမှာလည်းဖက်ဒရစ်ခ် တစ်ဦးပဲဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိပြီးကျန်အဓိကကစားသမားတွေအားလုံးပွဲထွက်ကစားနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု ၁၄၅ ကြိမ်မှာအဲဗာတန်တို့ အပြတ်အသတ် အသာရခဲ့တာတွေ့ရပြီး ၇၃ ကြိမ် အထိအနိုင်ရခဲ့ပါတယ်။ဝက်စ်ဟမ်းကတော့ ၄၅ ကြိမ်သာအနိုင်ရခဲ့ပြီးပရီးမီးယားလိဂ် နာမည်နဲ့ ကျင်းပချိန်ကစလို့ အဲဗာတန်တို့ အနိုင်ရခဲ့တဲ့ ၂၇ ပွဲမှာသွင်းဂိုးအနေနဲ့ ကတော့ ၈၇ ဂိုးအထိရှိခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းထိပ်တိုက်တွေ့ဆုံမှု ၆ ကြိမ် မှာတော့ နှစ်သင်းပေါင်းသွင်းဂိုး ၃ ဂိုးနဲ့ အထက် ရှိခဲ့တဲ့ ပွဲဟာ ၁ ပွဲပဲရှိခဲ့တာကိုတော့ သတိပြုရပါမယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အဲဗာတန် – ဝက်စ်ဟမ်း 1X2 သရေ @ ၃.၃၀ ဆ
အောက်တိုဘာလ၁၇ရက် , ည ၇:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရအိမ်ရှင် အတွက် ၂.၅၀ ဆ၊ ဧည့်သည် အတွက် ၂.၇၃ဆနဲ့ သရေအတွက် ၃.၃၀ ဆ ကြေးဖွင့်ထားတာ‌ တွေ့ရပါတယ်။အစဉ်အလာအရအဲဗာတန်တို့ အသာရခဲ့ပေမယ့် လက်ရှိဝက်စ်ဟမ်းရဲ့ ခြေစွမ်းကလည်းအထင်သေးလို့ လုံးဝမရပါဘူး။ ဒီပွဲပြီးရင် ဝက်စ်ဟမ်းကဂန့်ခ်နဲ့ ယူရိုပါလိဂ် ကစားရဖို့ ရှိလို့ သေချာအာရုံစိုက်နိုင်ဖို့ မသေချာတာကြောင့် သွင်းဂိုးအနည်းနဲ့ သရေပွဲကိုရွေးချယ်ခြင်းကသာအမှန်ကန်ဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်