ဘေယန်ရဲ့ အရန်ခုံက တိုက်စစ်မှူး တစ်ဦးလောက် လိုချင်မိတယ် ဆိုတဲ့ မော်ရင်ဟို၊ ပယ်လီစထရီကို ပွဲချိန် များများ သုံးစေချင်တဲ့ ကစားသမားဟောင်း ၂ ဦး စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၀ ရက်နေ့ရဲ့ ယူရိုပါလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘေယန်ရဲ့ အရန်ခုံမှာ ရှိတဲ့ တိုက်စစ်မှူး တစ်ဦးလောက် လိုချင်တယ် ဆိုတဲ့ မော်ရင်ဟို
ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုက အသင်းရဲ့ လူစာရင်း အင်အား မတောင့်တင်းတာကို ဘေယန်မြူးနစ်ရဲ့ တိုက်စစ် ကစားသမား ရွေးချယ်ပုံနဲ့ ပတ်သက်ပြီး နှိုင်းယှဉ် ပြောသွားခဲ့ပါတယ်။ ရိုးမား ဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ဆိုစီဒက် အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အယ်လ်ရှာယာဝီနဲ့ ကမ်ဘူလာ တို့က သွင်းယူခဲ့တာပါ။
ဒီပွဲမှာ ဆိုရင် ရိုးမားဟာ အေဘရာဟမ်ကို အထောင်ထားပြီး သူ့နောက်မှာ ဒီဘားလားနဲ့ ပယ်လီဂရီနီ တို့ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ရိုးမားရဲ့ အရန်ခုံပေါ်မှာ တိုက်စစ် ကစားသမား အဖြစ် ဘယ်လော့တီ တစ်ဦးတည်းသာ ရှိနေတာပါ။ အဲ့ဒါကြောင့် မော်ရင်ဟိုဟာ သူ့အသင်းရဲ့ လူစာရင်း အင်အားနဲ့ ပတ်သတ်လို့ ညည်းတွားခဲ့ပြီး ဘေယန်မြူးနစ် အသင်းရဲ့ အရန်ခုံပေါ်မှာ ရှိတဲ့ တိုက်စစ် အင်အားနဲ့ နှိုင်းယှဉ်ခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုက “ကျနော် တို့ရဲ့ အရန်ခုံပေါ်မှာ တိုက်စစ်မှူး တစ်ဦးပဲ ရှိပါတယ်။ ဆိုလ်ဘာခန် ကလည်း ဒီမှာ မရှိပါဘူး။ ဘေယန်မြူးနစ်မှာ ဆိုရင် ဆာနေး၊ မာနေးနဲ့ ဂနာဘရီ တို့ကို အရန်ခုံပေါ်မှာ ထားခဲ့တဲ့ မနေ့က ပွဲစဉ်ကို သတိရမိပါတယ်။ သူတို့ထဲက တစ်ယောက်လောက်တောင် လိုချင်မိပါတယ်။ သူ့ကို ဒီဘားလား နေရာမှာ ထားပြီး ဂိုးတွေ ပိုသွင်းပြီး ကျွန်တော်တို့ အနိုင်ရနိုင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
ပယ်လီစထရီကို ပွဲချိန် အများအပြား သုံးဖို့ တန်ဟတ်ဂ်ကို တိုက်တွန်းခဲ့တဲ့ ပေါလ်စခိုးလ်နဲ့ ဟားဂရေ့ဗ်စ်
ဖာကွန်ဒို ပယ်လီစထရီဟာ ဘက်တစ်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ပါဝင်လာခဲ့ပြီး ခြေစွမ်း ပြသသွားနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ် ကစားသမား ပယ်လီစထရီကို ပွဲချိန် အများအပြား အသုံးပြုဖို့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ ပေါလ်စခိုးလ်နဲ့ အိုဝင် ဟားဂရေ့ဗ်စ် တို့က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
ပယ်လီစထရီဟာ အခုအချိန်ထိ ယူနိုက်တက် အတွက် ပွဲစကတည်းက ပါဝင်ခွင့် မရသေးပေမယ့် ဘက်တစ်နဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၈၁ မိနစ်မှာ လူစားဝင် ကစားသမား အဖြစ် အန်တိုနီ နေရာမှာ ဝင်ရောက်လာခဲ့တာပါ။ သူဝင်ရောက်လာပြီး ၂ မိနစ် အကြာမှာပဲ ယူနိုက်တက်တို့ စတုတ္တဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။
ပေါလ်စခိုးက “ သူဟာ ဒီညမှာ အကောင်းဆုံး လုပ်ပြခဲ့တာကြောင့် ပွဲစ ကတည်းက အသုံးပြုသင့်ပါတယ်။ သူဟာ နောက်ခံလူတွေကို အရှိန်အဟုန်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး ဂိုးသွင်းနိုင်အောင်လည်း လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပယ်လီစထရီကို လာမယ့် အပတ်မှာ ပွဲစ ကတည်းက အသုံးပြုကြည့်ပါ၊ ကျွန်တော်တို့ လုပ်နိုင်မယ် ဆိုတာ အသေအချာပါပဲ။ တန်ဟတ်ဂ် ကတော့ အပြောင်းအလဲတွေ လုပ်ရတာ သိပ်မကြိုက်ဘူးလို့ ထင်ပါတယ်။ သူဟာ ပွဲထဲမှာ စည်းချက် ရှိတဲ့ ကစားသမားတွေကို သဘောကျပါတယ်။ လူငယ် ကစားသမားတွေက အနာဂတ် အတွက် ကောင်းမွန်စေပြီး ဥရောပ ဘောလုံး အရသာကို ပေးစွမ်းပါတယ်” လို့ ပြောခဲ့ပါတယ်။
အိုဝင် ဟားဂရေ့ဗ်စ် ကလည်း “ သူဘာကြောင့် ပွဲအများကြီး မကစားရလဲ ဆိုတာ မသိပါဘူး။ သူရဲ့ အမြန်နှုန်းက အံသြဖို့ ကောင်းပါတယ်။ သူဟာ တောက်ပတဲ့သူပါ။ ယူနိုက်တက် ပရိသတ်တွေက သူ့ကို ပိုပြီး မြင်ချင်ကြမှာပါ” လို့ ဆိုခဲ့ပါတယ်။ ပယ်လီစထရီဟာ အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာ ယူနိုက်တက် အတွက် ပွဲအနည်းငယ် ပါဝင်ကစားခွင့် ရနေပြီး အရင် နည်းပြတွေ လက်ထက် မှာတော့ အငှားချခံထားရတာ ဖြစ်ပါတယ်။
ယူနိုက်တက် ထပ်မကမ်းလှမ်းခင် အရင်ကြိုငြင်းလိုက်တဲ့ ဒီယောင်
ပြီးခဲ့တဲ့ နွေရာသီ ကလည်း ယူနိုက်တက်က ဒီယောင်ကို ခေါ်ယူဖို့ အတွက် အသည်းအသန် လှုပ်ရှားခဲ့ပါတယ်။ ၂ လကျော် ကြာတဲ့ အထိ ဒီယောင် အတွက် ကြိုးစားခဲ့ပေမယ့် ကစားသမား ကတော့ နူးကမ့်ပ် မှာပဲ သူ ပျော်ရွှင်နေတယ် ဆိုပြီး ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တာပါ။
“ ကျနော်က အေးအေးဆေးဆေးပါပဲ၊ ဘာစီလိုနာ မှာပဲ ကျနော် ဆက်နေချင်တယ် ဆိုတာ ကိုယ့်ကိုကိုယ် သိထားတယ်၊ ကျနော့်ရဲ့ စိတ်က မပြောင်းလဲပါဘူး၊ ဘာစီလိုနာ အတွက် ကစားပေးဖို့ အမြဲတမ်း အိပ်မက်မက်နေခဲ့ရတာပါ၊ ဒီမှာ အောင်မြင်မှုတွေလည်း ရယူချင်ပါတယ်၊ ကျနော် အရမ်းကို ပျော်ရွှင်နေတယ်၊ သက်တောင့်သက်သာလည်း ရှိတယ်” လို့ ဒီယောင်က ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ အခုလိုမျိုး ပြောဆိုမှု ကတော့ ယူနိုက်တက် နည်းပြ တန်ဟက်ဂ် အတွက် စိတ်ပျက်စရာ ကောင်းခဲ့မှာတော့ သေချာပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.