နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မေးခွန်းထုတ်စရာတွေ ရှိနေဆဲ ဖြစ်တဲ့ ဆောက်ဂိတ်ရဲ့ လူရွေးချယ်မှုနဲ့ နည်းစနစ်ပိုင်း အားနည်းချက် | ယူရို ၂၀၂၄

countdown banner

အင်္ဂလန်ဟာ အင်္ဂလန် ကတော့ ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အီတလီနဲ့ ပွဲမှာ ၃-၁ ရလဒ်နဲ့ အနိုင်ရပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။ အီတလီ အသင်းမျိုးကို ဂိုးပြတ် နိုင်တယ် ဆိုပေမယ့် ခြေစွမ်းပိုင်းအရ အားရစရာ ကောင်းသလား ဆိုတော့ မကောင်းဘူး လို့ပဲ ရိုးရိုးသားသား ဖြေရမှာ ဖြစ်ပါတယ်။ 

အင်္ဂလန် ပရိသတ်တွေရဲ့ ဝဋ်ကြွေး ကလည်း ကြီးလှပါတယ်။ ပြိုင်ပွဲကြီး တစ်ပွဲ လာတော့မယ် ဆိုရင် အရင်ဆုံး နာမည်ကြီးတာက အင်္ဂလန်ပါ။ ဒါပေမယ့် ဒါက ဗြိတိန် မီဒီယာတွေရဲ့ မီးစာထိုးမှုကြောင့် ဖြစ်ပြီး တကယ့် လက်တွေ့မှာတော့ အင်္ဂလန်တို့ နာမည်ကြီးနေပါလျက်နဲ့ ထမင်းငတ်ခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ 

ဆောက်ဂိတ်ရဲ့ ခေါင်းမာမှုလို့ပဲ ဆိုမလား၊ တလွဲ မာနတွေကြောင့်ပဲ ဆိုမလား စဉ်းစားရခက်ပြီး သူ့ရဲ့ လုပ်ပုံကိုင်ပုံတွေ ကလည်း ပြိုင်ပွဲကြီး တစ်ပွဲမှာ အောင်မြင်မှု ရဖို့ ဆိုတာ ခက်ပါတယ်။ ဒီလို ပြောရတာလည်း အားနာဖို့ ကောင်းပါတယ်။ 

တစ်ဖက်မှာ အီတလီက ပိုပြီး စုတ်ချာနေလို့ ဖြစ်နိုင်ပြီး ဒီရလဒ်ကြောင့် အဇူရီတို့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်ရေး ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
ဦးဆောင်ဂိုး ရခဲ့ပေမယ့် အင်္ဂလန်ကို ဂိုးပြတ် ပြန်ရှုံးခဲ့တဲ့ အီတလီ

ဘာကြောင့်လဲ ဆိုတော့ ဆောက်ဂိတ်က သူ့လက်ထက်ကျမှ အင်္ဂလန်တို့ နှစ်ပေါင်းများစွာ ကြာအောင် ဝေးကွာနေခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်၊ ယူရို ဗိုလ်လုပွဲ အဆင့်တွေ အထိကို ပို့ဆောင်ပေးထားတဲ့ နည်းပြ တစ်ယောက်ပါ။ သူ့မတိုင်ခင်မှာ အဲရစ်ခ်ဆင်၊ ကာပယ်လို တို့လို နည်းပြတွေတောင် ဒါမျိုး မလုပ်နိုင်ခဲ့ပါဘူး။ 

ကာပယ်လို လက်ထက်မှာ ဆိုရင် ယူရိုခြေစစ်ပွဲ မအောင်ခဲ့တာမျိုးတောင် ကြုံဖူးပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အဆင့်တစ်ခု ရောက်ရုံ၊ ဗိုလ်လုပွဲလောက် ရောက်ရုံနဲ့ ကျေနပ်တဲ့ အဆင့် ဆိုလည်း မပြောပါဘူး။ ဒါပေမယ့် တကယ်တမ်းမှာ ဆောက်ဂိတ်ရဲ့ လုပ်ရပ်တွေက စိတ်ပျက်ဖို့ကောင်းလွန်းပြီး သူရှိနေသရွေ့တော့ အင်္ဂလန်တို့ ဆုဖလား အောင်မြင်မှုဆိုတာကို မျှော်မှန်းလို့မရတာ သေချာပါတယ်။ 

လက်ရှိ အင်္ဂလန် အတွက် ရွေးချယ်နိုင်တဲ့ ကစားသမား အင်အားက အရည်အသွေးမြင့် ကစားသမားကောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်က တစ်ခါလာလည်း အပြောင်းအလဲ နည်းနည်းနဲ့ မွဲပြာပုဆိုး ဖြစ်နေပါတယ်။ 

သက်ဆိုင်ရာ အသင်းတွေမှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေတဲ့ မက်ဂွိုင်းယား၊ ကဲလ်ဗင် ဖီးလစ် တို့က ဒဏ်ရာပြဿနာသာ ကင်းနေရင် ဆောက်ဂိတ် ရှိနေသရွေ့ အင်္ဂလန်မှာ International Cap ရနေကြမှာပါ။ လက်ရှိ နောက်တန်းမှာ ဆိုရင် တိုမိုရီ၊ စတုန်းစ်၊ ကွင်းလယ်မှာ ဆိုလည်း ဒီကလန် ရိုက်စ် တို့လို အရည်အသွေးမြင့် ကစားသမားတွေ ရှိနေပါတယ်။ 

လာလီဂါ
အိုဆာစူနာ
ဂရာနာဒါ
1X2 သရေ (Draw) @ 3.55
ဂိုးပေါ် 2.50 @ 1.98
ဂိုးပေါင်း 0-1 @ 3.15
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြီးရင် မရွေးသင့်တဲ့ ကစားသမားတွေ အခု ပြောခဲ့တဲ့ မက်ဂွိုင်းရား၊ ဖီးလစ်တို့ အပြင် အခု နောက်ဆုံး ဟန်ဒါဆန် တို့ကိုပါ ရွေးပြီး ကစားသမားတွေကို ဖိအားပိုများစေပါတယ်။ မက်ဂွိုင်းယား လှောင်ပြောင်ခံခဲ့ရပြီး အခုနောက်ဆုံး အင်္ဂလန် ပရိသတ်တွေရဲ့ ပစ်မှတ်က ဟန်ဒါဆန် ဖြစ်နေလို့ ဝိုင်းကာနေရပါတယ်။

Full Back တွေ ဆိုရင် ဘယ်၊ ညာနှစ်ဖက်စလုံးမှာ ရွေးရတာ ခက်လို့ ခေါင်းစားနေရပါတယ်။ ဒါပေမယ့် တချို့ပွဲတွေမှာ ဆောက်ဂိတ်က ညာနောက်ခံလူ သုံးလေးယောက်လောက်ကို တစ်ပြိုင်တည်း ပွဲထုတ်လာတာမျိုးတွေ လုပ်နေပါတယ်။ ဒါက နည်းဗျူဟာ စမ်းတာမျိုး မဟုတ်ဘဲ ရူးနှမ်းတဲ့ လုပ်ရပ်တွေ လို့ပဲ မြင်ပါတယ်။

လက်ရှိ အင်္ဂလန် ကစားကွက်က ကန်တင်ပြေးလား ဆိုတော့လည်း မဟုတ်၊ ဟိုဟာလည်း မဟုတ် သည်ဟာလည်း မဟုတ်၊ ကစားကွက်က မည်မည်ရရ မရှိပြန်ပါဘူး။ ကြုံသလိုကန်၊ ဖြစ်သလို ကစားနေတယ် လို့ပဲ မြင်ပေမယ့် လက်ရှိမှာလည်း အင်္ဂလန်တို့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ကိုလည်း အောင်မြင်သွားပါပြီ။ တစ်ဖက်မှာ အီတလီက ပိုပြီး စုတ်ချာနေလို့ ဖြစ်နိုင်ပြီး ဒီရလဒ်ကြောင့် အဇူရီတို့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်ရေး ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

တစ်ခါတလေတော့လည်း ဆက်စပ်ပြီး စဉ်းစားမိတာ အင်္ဂလန်တို့ အမြဲတမ်း ကမ္ဘာ့ဖလားနဲ့ ယူရို ခြေစစ်ပွဲတွေ အောင်နေတာ ဥရောပမှာ ဘောလုံးအဆင့်အတန်း ကွာဟတဲ့ အသင်းတွေ ရှိနေလို့လား၊ သူတို့တွေ တောင်အမေရိကဇုန်မှာ ဆိုရင်ရော ဒီလိုမျိုး စွမ်းဆောင်ပြနိုင်ပါ့မလား ဆိုပြီးတော့ပေါ့…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်