နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆလိုဗက်ကီးယားနဲ့ နိုင်ပွဲကို လောင်စာ အဖြစ် အသုံးချမယ်လို့ ဆိုလိုက်တဲ့ စတုန်းစ် | ယူရို ၂၀၂၄

countdown banner

အင်္ဂလန် အသင်းဟာ ယူရို ၂၀၂၄ ရှုံးထွက်ပွဲစဉ်မှာ ဆလိုဗက်ကီးယားကို အသည်းအသန် ကစားခဲ့ရပြီးတော့ နောက်ကျ ဂိုးတွေနဲ့ ကွာတားဖိုင်နယ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ နောက်ခံလူ ဂျွန်စတုန်းစ် ကတော့ ဆလိုဗက်ကီးယားကို အနိုင်ရလိုက်တာက အသင်း အတွက် လောင်စာ ဖြစ်ခဲ့ပြီး ဆွစ်ဇာလန်နဲ့ ပွဲမှာ အသုံးချသွားမယ်လို့ ကြုံးဝါးလာခဲ့ပါတယ်။

အင်္ဂလန်ဟာ မနက်ဖြန်ည မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ဆွစ်ဇာလန်နဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ယူရို ၂၀၂၄ အုပ်စု အဆင့်မှာလည်း အားရစရာ ခြေစွမ်းမျိုး မပြသနိုင်ခဲ့သလို နည်းပြရဲ့ လူထုတ်ပုံနဲ့ နည်းစနစ်ပိုင်း အားနည်းချက်တွေကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားတွေ အနေနဲ့လည်း ကလပ် အသင်းတွေ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နိုင်ငံလက်ရွေးစင် အသင်း အတွက် ကစားပေးချိန်မှာတော့ အပြည့်အဝ အားထည့်ခြင်း မရှိဘူးလို့ ပရိသတ်တွေက ယုံကြည်နေကြတာပါ။

ဒီအချိန်မှာ ဂျွန်စတုန်းစ်က စိတ်အားထက်သန်စွာနဲ့ပဲ ဆွစ်ဇာလန်နဲ့ ပွဲမတိုင်ခင် ကြုံးဝါး ပြောဆိုခဲ့တာ ဖြစ်ပြီး သူပြောတဲ့ အတိုင်း အင်္ဂလန်တို့ အကောင်းဆုံး စွမ်းဆောင်ပြနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဂျွန်စတုန်းစ်က “ကျွန်တော်တို့ရဲ့ ကစားဟန်ကို ဆက်လက် တိုးတက်အောင် လုပ်ပြီး တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲအကြောင်း ပြန်မပြောချင်ပါဘူး။ ဒါပေမယ့် မိနစ် ၆၀ လောက်မှာ အိမ်ပြန်ရမယ်လို့ ထင်ခဲ့ပါတယ်။ အတွေးအခေါ်တွေကို ပြောင်းလဲဖို့နဲ့ ကျွန်တော်တို့ အားလုံး ယုံကြည်ချက် ရှိဖို့ နောက်ကွယ်မှာ စွမ်းအားတွေ အများကြီး ရှိနေပါတယ်။ တခြားအသင်းတွေလည်း တူတူပါပဲ။

“ကျွန်တော်တို့ နောက်ဆုံး မိနစ် အထိ လုပ်စရာ ရှိတာကို လုပ်ရမယ် ဆိုတာ သိခဲ့ကြပါတယ်။ ဖိအားများတဲ့ ပွဲတွေမှာဆိုရင် လုပ်ရကိုင်ရတာ မလွယ်ကူပါဘူး။ ဒါပေမယ့်လည်း အဲ့ဒါတွေနဲ့ ပတ်သတ်လို့ ယုံကြည်မှု အပြည့် ရှိသင့်ပါတယ်။ ကျွန်တော်တို့ အဲဒါကို လောင်စာ အဖြစ် သုံးပြီး မိုင်ပိုတွေ ဆက်သွားရပါမယ်။” လို့ စတုန်းစ်က ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်ဟာ ဆွစ်ဇာလန်နဲ့ ပွဲအတွက် ဒဏ်ရာရနေတဲ့ ဂီဟီကို ခံစစ်မှာ အသုံးပြုနိုင်မှာ မဟုတ်ပဲ စတုန်းစ်၊ ကွန်ဆာ၊ ဝေါလ်ကာ ၃ ယောက်တွဲ နောက်တန်းနဲ့ ပွဲထွက်လာဖို့ များနေတာ ဖြစ်ပါတယ်။ ဆောက်ဂိတ် အနေနဲ့ ဒီနှစ် ယူရို ၂၀၂၄ မှာ ၁၅ မိနစ်သာ အသုံးပြုရသေးတဲ့ ကွန်ဆာကို ပွဲထုတ်လာဖွယ် ရှိနေပြီး ကစားသမား အနေနဲ့လည်း အဆင်သင့် ဖြစ်နေပြီလို့ အသင်းဖော် စတုန်းစ်က ထောက်ခံပေးခဲ့ပါတယ်။

ဆက်လက်ပြီး စတုန်းစ်က “သူရွေးချယ်ခံရရင် ဟုတ်ပါတယ်။ သူက အဆင်သင့်ဖြစ်နေပါပြီ၊ ဒါပေမယ့် ကျွန်တော်တို့ ထဲက ဘယ်သူမှ ဘယ်လို ပွဲထွက်လာမယ် ဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာက ဘယ်သူပဲ ဖြစ်ဖြစ် ကြိုက်တဲ့ အချိန် ခေါ်ပါ။ အဆင်သင့် ဖြစ်နေသူတွေပါပဲ။ ကစားသမားတိုင်းကို လေ့ကျင့်ရေးမှာ ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ စံနှုန်းတွေက မယုံနိုင်စရာပါပဲ။ ဘယ်သူမဆို ဒီနေရာမှာ ရှိနေဖို့ ထိုက်တန်ပြီး ကျွန်တော် အကောင်းဆုံး လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်