နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရိသတ်တွေကို အသင်းနဲ့ အတူ ရှိနေဖို့ တောင်းဆိုလိုက်တဲ့ ဆောက်ဂိတ် |ယူရို ၂၀၂၄

countdown banner

အင်္ဂလန် လက်ရွေးစင် အသင်း ကတော့ ယူရို ၂၀၂၄ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဆလိုဗေးနီးယားနဲ့ သရေကျခဲ့ပေမယ့် အုပ်စု ပထမနေရာ ကနေ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ခြေစွမ်းပိုင်းအရ အားရစရာ လုံးဝ မရှိတဲ့ အခြေအနေကို အင်္ဂလန် ပရိသတ်တွေက တော်တော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေပြီး ဝေဖန်မှုတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်။

ဒီအခြေအနေမှာတော့ နည်းပြ ဖြစ်သူ ဂါရက်သ် ဆောက်ဂိတ် ကတော့ အင်္ဂလန် ပရိသတ်တွေကို ‘အသင်းနဲ့ အတူ ရှိနေကြဖို့’ တိုက်တွန်းသွားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းဟာ လက်ရှိ ယူရို ၂၀၂၄ အုပ်စု (C) မှာ ဒိန်းမတ်၊ ဆလိုဗေးနီးယား၊ ဆားဘီးယား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ဂါရက်သ် ဆောက်ဂိတ်ရဲ့ အသင်းက အုပ်စု အဖွင့်ပွဲစဉ်မှာ ဆားဘီးယားကို ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဒိန်းမတ်နဲ့ ပွဲမှာတော့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ အုပ်စု နောက်ဆုံး ပွဲမှာတော့ ဆလိုဗေးနီးယားနဲ့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်က အုပ်စု ပွဲစဉ် ၃ ပွဲမှာ ၁ ပွဲနိုင်၊ ၂ ပွဲ သရေ ရမှတ် ၅ မှတ်သာ ရရှိခဲ့ပြီး ရဂိုးက လည်း ၂ ဂိုးသာ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒိန်းမတ်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာထဲက အင်္ဂလန် ပရိသတ်တွေရဲ့ အသင်း အပေါ် အားမလို အားမရ ဖြစ်မှုကို မြင်တွေ့ခဲ့ရပြီး နောက်ဆုံး ပွဲမှာ သွင်းဂိုး မရပဲ သရေ ထပ်ကျခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်ဂိတ် အနေနဲ့ သူ့ရဲ့ လူထုတ်ပုံ၊ နည်းဗျူဟာတွေက အနည်းငယ် ခေါင်းမာတဲ့ ပုံစံ ဖြစ်နေတာကြောင့် ပရိသတ်တွေက သဘောမကျတာ ဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ အုပ်စု အဖွင့် ပွဲစဉ် ၂ ပွဲမှာ ကွင်းလယ်မှာ ဒီကလန် ရိုက်စ်နဲ့ အတူ ထရန့် အလက်ဇန္တား အာနိုးလ်ကို ပွဲထုတ်ခဲ့ပြီး ကလပ် အသင်းတွေမှာ ခြေစွမ်းပြခဲ့တဲ့ ကိုးလ် ပါးလ်မားနဲ့ မိန်းနူး တို့ကိုတော့ အရန်ခုံသာ ပို့ထားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ပွဲမှာတော့ ဆောက်ဂိတ်က ရိုက်စ်နဲ့ အတူ ဂယ်လာဟာကို တွဲဖက်ပေးခဲ့ပြီး မိန်းနူးနဲ့ ပါးလ်မား ကိုတော့ လူစားဝင် ကစားသမားတွေ အဖြစ် အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်ရဲ့ တိုက်စစ်က တော်တော်လေး အားနည်းခဲ့ပြီး တစ်ပွဲလုံး ဂိုးပေါက် ကန်ချက် ၁၂ ကြိမ် ရှိခဲ့ရာမှာ ဂိုးပေါက် တည့်မှု ၄ ကြိမ်သာ ရှိခဲ့ပြီး သွင်းဂိုးတော့ မရခဲ့ပါဘူး။

ဒါကြောင့် အင်္ဂလန် ပရိသတ်တွေ အနေနဲ့ ပွဲသိမ်း ဝီစီမှုတ်ချိန်မှာ ဆောက်ဂိတ်ရဲ့ နည်းစနစ် ဗျူဟာနဲ့ အသင်းရဲ့ ခြေစွမ်းပိုင်းကို အချိုရည်ခွက်တွေ ပစ်ပေါက်ပြီးတော့လည်း လှောင်ပြောင်သရော်ခဲ့ကြတာ တွေ့ရပါတယ်။ ဒီအခြေအနေမှာတော့ ဆောက်ဂိတ်က အသင်း ပရိသတ်တွေကို အားနာပေမယ့် ကစားသမားတွေထက် သူ့ကိုသာ အပြစ်တင်ကြဖို့ ပြောဆိုလာခဲ့ပါတယ်။ ဆောက်ဂိတ်က “ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် ဒီအခြေအနေ ကနေ ရှောင်ထွက်သွားမှာ မဟုတ်ပါဘူး။ အရေးကြီးဆုံးက အားပေးသူတွေ အနေနဲ့ အသင်းနဲ့ အတူ ရှိနေဖို့ပါပဲ။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဆောက်ဂိတ်က “ကျွန်တော့်ဆီ ဝေဖန်မှုတွေ တန်းလာမယ် ဆိုတာ ကျွန်တော် နားလည်ပါတယ်၊ အဲဒါက အသင်း အတွက် ပိုကောင်းသွားစေပါတယ်။ ဒါပေမယ့် အဲ့ဒါက ပုံမှန် မဟုတ်တဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးလိုက်သလိုပါပဲ။ နောက်တစ်ဆင့် တက်တဲ့ တခြား အသင်းတွေကို အခုလို တုန့်ပြန်မှု ရတာမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး။

“ကစားသမားတွေဟာ တကယ့်ကို စိန်ခေါ်မှု များတဲ့ ပတ်ဝန်းကျင်ထဲမှာ တည်ငြိမ်မှု အပြည့်နဲ့ ရှေ့ဆက်နေတာပါ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဂိုးတွေ သွင်းပြီး ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ရမှာပါ။ ဒါပေမယ့် သေချာတာက ကျွန်တော်တို့ နောက်ဆုံးပွဲမှာ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့ အင်္ဂလန် အသင်းဟာ ယူရို ၂၀၂၄ ရှုံးထွက် အဆင့်မှာတော့ အုပ်စု ဒီ၊ အီး၊ အက်ဖ် တို့ကနေ အကောင်းဆုံး အုပ်စု တတိယ အဖြစ် တက်လှမ်းလာတဲ့ အသင်းနဲ့ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ဆိုရင် အင်္ဂလန် အနေနဲ့ နယ်သာလန်နဲ့တောင် စောစောစီးစီး တွေ့ဆုံသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်