နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် အရှုံးကို သင်ခန်းစာ ယူပြီး ဩစတြီးယား ယူရို ၂၀၂၄ ရှုံးထွက်တက်ရေး ကူညီမယ့် ဆဘစ်ဇာ | ယူရို ၂၀၂၄

countdown banner

ဩစတြီးယား အသင်းရဲ့ ကွင်းလယ်လူ မာကယ် ဆဘစ်ဇာ ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အရှုံးကို သင်ခန်းစာယူပြီး သူ့ရဲ့ နိုင်ငံအသင်း ရှုံးထွက်တက်ရေး ကြိုးပမ်းသွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ဩစတြီးယားဟာ ယူရို ၂၀၂၄ အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် နယ်သာလန် အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး အနိုင်ရရှိခဲ့မယ် ဆိုရင်တော့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒေါ့မန် ကွင်းလယ်ကစားသမားဟာ အခုလ အစောပိုင်းက ဝင်ဘလေကွင်းမှာ ရီးယဲလ်မက်ဒရစ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပွဲစဉ် တစ်လျှောက်လုံး ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က ဒန်နီ ကာဗာဟယ်၊ ဗင်နီးစီးယပ်စ် ဂျူနီယာ တို့ရဲ့ နောက်ကျဂိုးတွေနဲ့ ဒေါ့မန်ကို အနိုင်ယူပြီး ၁၅ ကြိမ်မြောက် ချန်ပီယံဆုနဲ့ အတူ အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆဘစ်ဇာရဲ့ ဩစတြီးယား အသင်းဟာ ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်မှာ ပြင်သစ်ကို ၁ ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ပြီးတော့ ဒုတိယပွဲစဉ် မှာတော့ ပိုလန်ကို ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ လက်ရှိမှာ ဩစတြီးယားက ယူရို ၂၀၂၄ အုပ်စု (D)ရဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး နယ်သာလန်၊ ပြင်သစ် တို့နဲ့ တစ်မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။

ရက်ဖ် ရန်းညက်ခ်ရဲ့ ဩစတြီးယား အသင်းဟာ ဒီနှစ် ယူရို ၂၀၂၄ မှာ ခြေစွမ်းပိုင်း မဆိုးလှသလို အဖွင့်ပွဲမှာလည်း ပြင်သစ်ကို ခြေရည်တူ ကစားပြီး အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
ယူရို ၂၀၂၄ မှာ အုပ်စု အဆင့် တစ်ပွဲနိုင်၊ တစ်ပွဲ ရှုံးထားတဲ့ ဩစတြီးယား

နောက်ဆုံး ပွဲမှာတော့ ပြင်သစ်က ပိုလန်နဲ့ ကစားရမှာ ဖြစ်ပြီး ဩစတြီးယား ကတော့ နယ်သာလန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ အကယ်၍ ဩစတြီးယားသာ နယ်သာလန်ကို အနိုင်ရခဲ့မယ် ဆိုရင်တော့ ၁၆ သင်း ရှုံးထွက် အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သရေကျခဲ့မယ်၊ ဒါမှမဟုတ် ရှုံးနိမ့်ခဲ့မယ် ဆိုရင်လည်း အကောင်းဆုံး တတိယ အဖြစ်နဲ့ ရှုံးထွက်တက်နိုင်ဖို့ အခြေအနေ ကောင်းနေဆဲ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဆဘစ်ဇာက “ ဖြစ်နိုင်ချေတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ ကျွန်တော် သိလိုက်တာက ရှုံးထွက်အဆင့်မှာ ဘာမဆို ဖြစ်နိုင်တယ် ဆိုတာပါ။ အရေးကြီးဆုံးက အုပ်စု အဆင့်ကို ကျော်ဖြတ်ပြီး ၁၆ သင်း အဆင့်ကို တက်လှမ်းဖို့ပါ။ ပြီးရင်တော့ နောက်ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ ဆက်ပြီး မြင်တွေ့ရမှာပါ။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ရက်ဖ် ရန်းညက်ခ်ရဲ့ ဩစတြီးယား အသင်းဟာ ဒီနှစ် ယူရို ၂၀၂၄ မှာ ခြေစွမ်းပိုင်း မဆိုးလှသလို အဖွင့်ပွဲမှာလည်း ပြင်သစ်ကို ခြေရည်တူ ကစားပြီး အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပွဲမှာတော့ ဩစတြီးယားက ပထမပွဲက အမှားတွေကို ပြင်ဆင်လာနိင်ခဲ့တာ တွေ့ရပြီး အရေးပါတဲ့ ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဩစတြီးယား အသင်းဟာ ယူရို ပြိုင်ပွဲကို ၁၉၆၀ ခုနှစ် ကတည်းက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ ခြေစစ်ပွဲ စတင် အောင်မြင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ အဲ့နောက် ယူရို ၂၀၁၂ မှာတော့ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပဲ ၂၀၁၆ မှာ အုပ်စု အဆင့်၊ ၂၀၂၀ မှာတော့ ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဩစတြီးယား လက်ရွေးစင် အသင်းရဲ့ အမြင့်ဆုံး အောင်မြင်မှု ကတော့ ၁၉၅၄ ကမ္ဘာ့ဖလားမှာ တတိယ ရခဲ့တာ ဖြစ်ပြီး ကျန်ပြိုင်ပွဲတွေ မှာတော့ တစ်ကြိမ် တစ်ခါမှ အောင်မြင်မှု မရဖူးသေးတဲ့ အသင်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်