နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေါ်တူဂီနဲ့ ဆလိုဗေးနီးယား တွေ့ဆုံမှုကို ပွဲကြို ချဉ်းကပ်ကြည့်ခြင်း | ယူရို ၂၀၂၄

countdown banner

ယူရို ၂၀၂၄ အုပ်စု အဆင့် နောက်ဆုံး ပွဲစဉ်တွေ ကတော့ ယှဉ်ပြိုင်ကစားသွားခဲ့တော့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းတွေလည်း ပေါ်ထွက်လာခဲ့ပါပြီ။ ဒါကြောင့် အခုတစ်ခါမှာတော့ ယူရို ၂၀၂၄ ရှုံးထွက် ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ပေါ်တူဂီနဲ့ ဆလိုဗေးနီးယား တို့ရဲ့ တွေ့ဆုံမှုကို ပွဲကြိုအနေနဲ့ ချဉ်းကပ်ကြည့်ရအောင်ပါ။

ပေါ်တူဂီ ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ဝင်ရောက်ခဲ့ပြီးတော့ အဖွင့် ၂ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ချက်ကို ၂-၁ ရလဒ်၊ တူရကီ ကိုတော့ ၃ ဂိုးပြတ်တွေနဲ့ အနိုင်ရခဲ့ပေမယ့် နောက်ဆုံး ပွဲမှာတော့ ဂျော်ဂျီယာကို မထင်မှတ်ပဲ ၂ ဂိုးပြတ် ရလဒ်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ပြိုင်ပွဲမှာ ပေါ်တူဂီရဲ့ လူစာရင်းက တော်တော်လေး တောင့်တင်းနေပြီး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဦးဆောင်မှုနဲ့ အတူ သူတို့ အသင်း အတွက် နောက်ထပ် တစ်ကြိမ် ဥရောပ ချန်ပီယံဆု ရယူဖို့ ပြင်းပြနေတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ပေါ်တူဂီက ကောင်းရင်လည်း စွတ်ကောင်းပြီး ခြေစွမ်းဆိုးရင်လည်း တော်တော်လေးကို အားရစရာ မရှိတဲ့ အခြေအနေပါ။

ဆလိုဗေးနီးယား ကတော့ ယူရို ၂၀၂၄ မှာ နိုင်ပွဲ လုံးဝ မရသေးသလို ရှုံးပွဲလည်း မရှိသေးပါဘူး။ အင်္ဂလန်၊ ဒိန်းမတ်၊ ဆားဘီးယားတို့ ပါဝင်တဲ့ အုပ်စု ကနေ ရမှတ် ၃ မှတ်နဲ့ အတူ အကောင်းဆုံး အုပ်စု တတိယ အဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဆလိုဗေးနီးယားက ဒိန်းမတ်နဲ့ ဆားဘီးယား တို့ကို ၁ ဂိုးစီ သရေ၊ အင်္ဂလန် ကိုတော့ ဂိုးမရှိ သရေ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဆလိုဗေးနီးယားမှာ ဘင်ဂျာမင် ဆက်စ်ကို၊ ဆီရင်၊ ဆပိုရာ၊ အဲလ်ဆနစ်ခ်၊ ဒါကူဆစ်၊ ယန် အိုဘလက်ခ် တို့လို စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမား တချို့ ရှိနေပေမယ့် တခြား ကစားသမားတွေ ကတော့ လူသိနည်းပါတယ်။ ဒါပေမယ့်လည်း မက်ဂျက်ဇ် ကက်ခ်ရဲ့ အသင်းက စုဖွဲ့မှု အားကောင်းပြီး ပြိုင်ဘက်တွေကို အခက်တွေ့စေနိုင်တဲ့ ကစားဟန်မျိုး ပိုင်ဆိုင်ထားလို့ ပေါ်တူဂီတို့ ပေါ့ဆလို့ မရပါဘူး။

နောက်ပြီး ပေါ်တူဂီနဲ့ ဆလိုဗေးနီးယားက ပြီးခဲ့တဲ့ မတ်လ ကမှ နောက်ဆုံး တွေ့ဆုံထားခဲ့ပြီး အဲဒီခြေစမ်းပွဲမှာ ဆလိုဗေးနီးယားက ဆီရင်၊ အဲလ်ဆနစ်ခ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရထားခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ ချန်ပီယံဆုဆီ သွားရာလမ်း ကလည်း တော်တော်လေး ကြပ်တည်းနေပြီး နောက်တစ်ဆင့် တက်သွားတဲ့ အသင်းက ဘယ်လ်ဂျီယံ သို့မဟုတ် ပြင်သစ်နဲ့ ရင်ဆိုင်ရမှာပါ။ ကွာတားဖိုင်နယ်က လွန်မြောက်ခဲ့ရင်တော့ တစ်ဖက်က စပိန်၊ ဂျော်ဂျီယာ၊ ဂျာမနီ၊ ဒိန်းမတ် တစ်သင်းသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ပေါ်တူဂီက ကြယ်ပွင့် ကစားသမားတွေ တပုံကြီး ပိုင်ဆိုင်ထားပေမယ့် အမြဲတမ်းလိုလို ခြေစွမ်းပိုင်းက စိတ်မချရပါဘူး။ ကျွန်တော် ကတော့ ရော်နယ်ဒိုရဲ့ ကစားသမားဘဝ နောက်ဆုံး ယူရို ပြိုင်ပွဲ ဖြစ်လာနိုင်လို့ အောင်မြင်မှု ရစေချင်ပါတယ်။ နောက်ပြီး ပေါ်တူဂီရဲ့ လက်ရှိ စုဖွဲ့မှုက ဒီအဆင့်နဲ့ပဲ ကျေနပ်ရဖို့ မဟုတ်ပါဘူး။ ဆလိုဗေးနီးယားလို အသင်းငယ်လေး အတွက် ကတော့ အုပ်စု အဆင့် ကျော်ခဲ့တာနဲ့တင် မဆိုးဘူးလို့ ပြောလို့ ရနေပါပြီ။ ဒီပွဲမှာတော့ ပေါ်တူဂီတို့ အမှားအနည်းဆုံး ကစားနိုင်ရင် သက်တောင့်သက်သာ နိုင်ပွဲ ရသွားနိုင်ပါတယ်။ ကျွန်တော် ကတော့ ပေါ်တူဂီပဲ ကြိုက်ပါတယ်။ သေချာပေါက် ပေါ်တူဂီ ဘက်က ကြေးဖွင့်ထားမှာ ဖြစ်လို့ အမြတ်အစွန်းနည်းနိုင်ပေမယ့် ကြေးတင်ထိုးစေချင်ပါတယ်။ ဂိုးပေါ်လည်း ကြိုက်ပါတယ်။

စောင့်ကြည့်ရမယ့် ကစားသမားတွေ အနေနဲ့ ကတော့ ရှုံးထွက် အဆင့်တွေ ဆိုရင် တစ်ခုခု လုပ်ပြတတ်တဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာ ရော်နယ်ဒိုကို ရွေးချယ်ထားချင်ပါတယ်။ တစ်ဖက်က ဆလိုဗေးနီးယား မှာတော့ ကွင်းလယ်လူ အဲလ်ဆနစ်ခ်ကို ရွေးချယ်ချင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်