နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

“ပြင်သစ် အတွက် ဒုတိယ အခွင့်အရေး ဆိုတာ မရှိတော့ဘူး” – ဒက်စ်ရွှမ့်စ် | ယူရို ၂၀၂၄

countdown banner

ယူရို ၂၀၂၄ ပြင်သစ် အသင်း ကတော့ ယူရို ၂၀၂၄ ရှုံးထွက်ပွဲစဉ် အဖြစ် ဘယ်လ်ဂျီယံ အသင်းနဲ့ ဒီကနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒူဆယ်ဒေါ့ဖ် ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး ဥရောပနဲ့ ကမ္ဘာ့အဆင့် အသင်းကြီး နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်နေတာကြောင့် ဘောလုံး ပရိသတ်တွေ အတွက်တော့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

ပြင်သစ်ဟာ ပြိုင်ပွဲ မတိုင်ခင်က ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း တစ်သင်း ဖြစ်ခဲ့ပေမယ့် အုပ်စု အဆင့်မှာ ရုန်းကန်ခဲ့ရပြီး ဩစတြီးယားရဲ့ အနောက် အုပ်စု ဒုတိယနေရာသာ ရခဲ့တာ ဖြစ်ပါတယ်။ အသင်းမှာ ကြယ်ပွင့် ကစားသမားတွေ တပုံကြီး ရှိနေပေမယ့် ခြေစွမ်းပိုင်းအရ ရုန်းကန်နေခဲ့ရပြီး အခုလည်း ဘယ်လ်ဂျီယံလို အသင်းကောင်းနဲ့ တွေ့ဆုံနေလို့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် တက်ရေး ကျိန်းသေပေါက်တော့ ခက်ခဲဦးမှာပါ။

ပြင်သစ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာ ဆွစ်ဇာလန်ကို ဒုတိယပိုင်းမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး ပင်နယ်တီမှာ ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲ ကနေ ထွက်ခွာထားခဲ့ရတာ ဖြစ်ပါတယ်။
ပြင်သစ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂ ကြိမ်ဆက် ရှုံးနိမ့်ထားတဲ့ ဘယ်လ်ဂျီယံ

အဖွင့်ပွဲမှာ ဩစတြီးယားကို ပြိုင်ဘက် ကစားသမားရဲ့ OG နဲ့ အနိုင်ရခဲ့ပေမယ့် နောက် နှစ်ပွဲ မှာတော့ နယ်သာလန်နဲ့ ဂိုးမရှိ သရေ၊ ပိုလန်နဲ့ တစ်ဂိုးစီ သရေ ကျခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး တစ်ယောက် ပိုလန်နဲ့ ပွဲမှာ ယူရို သွင်းဂိုး စတင် ရရှိခဲ့တယ် ဆိုပေမယ့်လည်း ပင်နယ်တီ ကနေ ဖြစ်ပါတယ်။ ပြင်သစ် အနေနဲ့ ဒီလို အုပ်စု အဆင့်မှာ ပုံစံကောင်းတွေ ပျောက်ဆုံးနေခဲ့ပေမယ့်လည်း နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ် ကတော့ ဘယ်လ်ဂျီယံနဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲမှာ ကြီးမားတဲ့ တိုးတက်မှုတွေ ရှိလာလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒက်စ်ရွှမ့်ဟာ သူ့ရဲ့ အသင်း အနေနဲ့ နောက်ထပ် တစ်ကြိမ် အခွင့်အရေး မရှိနိုင်တော့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

“ကျွန်တော် တို့ဟာ ပြိုင်ပွဲရဲ့ နောက်ထပ် အဆင့် တစ်ခုကို ရောက်နေပါပြီ။ အဲဒီ အတွက် ကျွန်တော် တို့မှာ ဒုတိယ အခွင့်အရေး ဆိုတာ မရှိပါဘူး။ အသင်း အနေနဲ့ အိမ်ပြန် ရဖို့ထက် နောက်တစ်ဆင့် တက်ရဖို့က အရေးကြီးပါတယ်။ အဓိက ကတော့ ဂိုးရှေ့မှာ အဆုံးသတ် သေချာဖို့ပါပဲ။ မင်း အနိုင်ရချင်ရင် ဂိုးသွင်းရမယ်၊ ဒါကို ကျွန်တော်တို့ မလုပ်နိုင်သေးဘူး၊ ကျွန်တော်တို့မှာ အကောင်းတကာ့ အကောင်းဆုံး သွင်းသူတွေ ရှိပါတယ်။” လို့ ဒက်စ်ရွှမ့်စ်က ပြောကြားခဲ့ပါတယ်။

ပြင်သစ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာ ဆွစ်ဇာလန်ကို ဒုတိယပိုင်းမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး ပင်နယ်တီမှာ ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲ ကနေ ထွက်ခွာထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒက်စ်ရွှမ့်စ် အနေနဲ့ အစဉ်အလာ ဆိုးကို ရှောင်ရှားချင်နေပြီး ပရိသတ်တွေ ကတော့ ဒီလို ဖြစ်ဖို့ ဆိုရင်တော့ သူတို့ အသင်း အနေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း ထင်မြင်ယူဆနေကြပါတယ်။ ဒက်စ်ရွှမ့်စ်က “ကျွန်တော်တို့ ပင်နယ်တီ အဆုံးအဖြတ် အတွက် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ “ ကျွန်တော် တို့မှာ ပြိုင်ဘက်တွေ နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ်ကို ကြည့်မယ် ဆိုရင် အပြောင်းအလဲ ၇ နှစ်ခု ရှိခဲ့ပါတယ်။ အမြဲတမ်း တူညီတဲ့ လူတွေတော့ မဟုတ်ပါဘူး။ သေချာတာ ကတော့ ကျွန်တော်ရဲ့ ရည်ရွယ်ချက်က ပင်နယ်တီ အထိ မသွားပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်