နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျာမနီက ဖိအားကင်းကင်းနဲ့ ကစားနိုင်နေပြီ ဖြစ်ကြောင်း ပြောလာတဲ့ နေဂဲလ်စ်မန်း | ယူရို ၂၀၂၄

countdown banner

ဂျာမနီ ကတော့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် မှာတော့ ဒိန်းမတ်ကို ၂-၀ ရလဒ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ အသင်းက ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ စပိန် သို့မဟုတ် ဂျော်ဂျီယာနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒိန်းမတ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ ပွဲစဉ်မှာ ဂျာမနီက သူတို့ရဲ့ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ကစားနိုင်ခဲ့ပြီးနောက် ကိုင်ဟာဗက်ဇ် (ပင်နယ်တီ)၊ မူဆီအာလာ တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂျာမနီက ပွဲစဉ် တစ်လျှောက်လုံး ဒိန်းမတ်ကို အဘက်ဘက်က အသာစီးနဲ့ ကစားခဲ့ပြီး ဂိုးပေါက် ကန်ချက် ၁၅ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၉ ကြိမ် အထိ ရှိခဲ့ပါတယ်။ ပွဲအပြီး မှာတော့ ဂျာမနီ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ဖိအားတွေ ထပ်ပြီး မခံစားရတော့ဘူးလို့ ယုံကြည်နေကြောင်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ပွဲရဲ့ ပထမ မိနစ် ၂၀ က ပြိုင်ပွဲမှာ ကျွန်တော်တို့ ကစားဖူးတဲ့ အကောင်းဆုံး အချိန် အပိုင်းအခြား ဖြစ်ခဲ့ပြီး မိုးရွာတာက စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်” လို့ နေဂဲလ်စ်မန်းက ပြောကြားခဲ့သည်။“ဒိန်းမတ်က ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ ကျွန်တော် တို့ကို ပိုပြီး ဖိအားပေးခဲ့ပါတယ်။ ကွာတားဖိုင်နယ် မတိုင်ခင်မှာ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်၊ တည်ဆောက်မှု အပိုင်းမှာ နည်းနည်းလေး စိတ်ရှည်ဖို့ လိုပါတယ်။ နောက်တစ်ဆင့် တက်ပြီး အခိုက်အတန့်တွေကို စောင့်ဆိုင်းရပါမယ်။

ဒါကြောင့် ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ အသင်းက ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ စပိန် သို့မဟုတ် ဂျော်ဂျီယာနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။
တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဂျာမနီ

ရှစ်နှစ် အတွင်း ဂျာမနီက ကွာတားဖိုင်နယ် အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေ မြင့်တက်လာပြီလားလို့ မေးမြန်းရာမှာတော့ နေဂဲလ်စ်မန်းက “ ကျွန်တော် တို့မှာ ခါတိုင်းထက် ပိုပြီး ဖိအား မရှိဘူးလို့ ထင်ပါတယ်။ ပရိသတ်တွေနဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်က ကျွန်တော်တို့ အတွက် ကြီးမားတဲ့ တွန်းအား တစ်ခုလို့ ထင်ပါတယ်။” လို့ နေဂဲလ်စ်မန်းက ဆိုပါတယ်။

ဆက်လက်ပြီး ဂျာမနီ နည်းပြက “ဖိအားတွေကို ကျွန်တော်တို့ ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်။ ကျွန်တော့် အတွက် ကတော့ ဒါက အခွင့်ထူး တစ်ခုပဲ၊ ကစားသမားတွေကို ဖိအားတွေ အောက်မှာ ဘောလုံး ကစားရတာက အခွင့်ထူး တစ်ခုလို့ ကျွန်တော် ပြောထားပါတယ်။ ကစားသမားတွေ အားလုံးက ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ကြတဲ့ အတွက် ပြဿနာ မရှိပါဘူး။”

ဂျာမနီဟာ ယူရို ပြိုင်ပွဲမှာ ချန်ပီယံ ၃ ကြိမ် ဖြစ်ဖူးပြီး ၁၉၇၂၊ ၁၉၈၀နဲ့ ၁၉၉၆ ခုနှစ် တို့မှာ ချန်ပီယံ ဖြစ်ထားတာပါ။ အဲ့နောက်ပိုင်းမှာတော့ ဥရောပ အောင်မြင်မှုတွေနဲ့ လွဲချော်ခဲ့တဲ့ ဂျာမနီက ဆီမီးဖိုင်နယ် အဆင့်ကိုသာ အမြင့်ဆုံး တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေဂဲလ်စ်မန်းရဲ့ အသင်းက အိမ်ရှင်လည်း ဖြစ်သလို ကစားသမား အင်အား ကလည်း တော်တော်လေး တောင့်တင်းနေတာကြောင့် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါပြီ။ တစ်ခု ရှိတာက ဂျာမနီရဲ့ ယူရို ၂၀၂၄ ချန်ပီယံဆုဆီ သွားရာလမ်းက တော်တော်လေး ကြပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် နေဂဲလ်စ်မန်း အနေနဲ့ သူပြောတဲ့ အတိုင်း သူ့ရဲ့ အသင်းက ဖိအားကင်းကင်းနဲ့ ဝေးကွာနေတဲ့ ယူရို ချန်ပီယံဆုကြီးဆီ အရောက်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်