နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒိုနဲ့ တွေ့ဆုံရမှာမို့လို့ စိတ်လှုပ်ရှားနေတဲ့ အမ်ဘာပေး | ယူရို ၂၀၂၄

countdown banner

ဒီကနေ့ ညမှာတော့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ်တွေ စတင် ယှဉ်ပြိုင်ကစားဖို့ ရှိပြီးတော့ မြန်မာစံတော်ချိန် ည ၁ နာရီခွဲမှာတော့ ပေါ်တူဂီနဲ့ ပြင်သစ် ပွဲစဉ်လည်း ရှိနေပါတယ်။ ဥရောပရဲ့ ထိပ်သီး နှစ်သင်း စောစောစီးစီး တွေ့ဆုံနေတဲ့ ဒီပွဲစဉ်က ပရိသတ် အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေပြီးတော့ စိတ်ဝင်တစား စောင့်ကြည့်မယ့်သူတွေလည်း အများအပြားပါပဲ။

အဓိက ကတော့ ပြင်သစ်နဲ့ ပေါ်တူဂီ အားပြိုုင်မှု အပြင် GOAT ကြီး ရော်နယ်ဒိုနဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ ကီလီယန် အမ်ဘာပေး တို့ရဲ့ အားပြိုင်မှုကိုလည်း မြင်တွေ့ရမှာကြောင့် ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ခရစ္စတီယာနို ရော်နယ်ဒိုကို သူ့ရဲ့ စံပြ ကစားသမား အဖြစ် သတ်မှတ်ထားသူ ဖြစ်ပြီး ရော်နယ်ဒိုနဲ့ တွေ့ဆုံဖို့ကိုလည်း စိတ်လှုပ်ရှားနေပုံရပါတယ်။

ဒါကြောင့် အမ်ဘာပေးက သူ ငယ်စဉ် ကတည်းက အားကျခဲ့ရတဲ့ ရော်နယ်ဒိုနဲ့ ပြိုင်ဘက်တွေ အဖြစ် ယှဉ်ပြိုင်ရမှာကို ဂုဏ်ယူစရာ တစ်ခုလို့ သတ်မှတ်ထားပြီး အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာခဲ့ပါတယ်။ ပြင်သစ် တိုက်စစ် ကြယ်ပွင့် အမ်ဘာပေးက ပေါ်တူဂီနဲ့ ကစားမယ့် ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် မတိုင်ခင် အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

“အချိန်တွေ ကြာလာတာနဲ့ အမျှ ကျွန်တော် သူနဲ့ အကြိမ် ပေါင်းများစွာ ရင်းနှီးခွင့်ရလာခဲ့ပြီးတော့ သူနဲ့ စကားပြောခွင့်တွေလည်း ပိုရလာခဲ့တယ်။ ကျွန်တော် တို့ အဆက်အသွယ်တွေ ရှိပါတယ်။ သူက ကျွန်တော့်ကို အမြဲတမ်းလိုလို အကြံညဏ်တွေ ပေးဖို့ ကြိုးစားပြီး လက်ရှိ ဖြစ်တည်မှုနဲ့ လိုက်လျောညီထွေအောင်လည်း လုပ်ဆောင်နေပါတယ်။ သူနဲ့ ယှဉ်ပြိုင်ကစားရမှာက ကျွန်တော့် အတွက် တကယ့်ကို ဂုဏ်ယူစရာပါ။ ဘာကြောင့်လဲ ဆိုတော့ ဘောလုံး အားကစားမှာ သူလုပ်ဆောင်ထားခဲ့တဲ့ အရာတွေကြောင့်ပါပဲ။ ရော်နယ်ဒို ဆိုတာ တစ်ဦးတည်း ရှိပါတယ်။ ကျွန်တော်ရဲ့ အိမ်မက် တစ်ခု ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဖြစ်လာရေးကို အသက်သွင်းလိုက်နိုင်တာက ကျွန်တော့် အတွက် ကံကောင်းလွန်းနေပါပြီ။” လို့ အမ်ဘာပေးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး သူပြောင်းရွှေ့ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သတ်လို့လည်း အမ်ဘာပေးက “ရီးရဲလ်မက်ဒရစ် မှာလည်း အလွန်ကောင်းမွန်တဲ့ ဖြတ်သန်းမှု တစ်ခု ဖန်တီးချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် ကိုယ်ပိုင် ဖြတ်သန်းမှု ကိုသာ ဖန်တီးမှာ ဖြစ်ပြီးတော့ ရော်နယ်ဒိုရဲ့ ဖြတ်သန်းမှု အတိုင်း လိုက်တုနေမှာတော့ မဟုတ်ပါဘူး။ ဘာလိုဆိုတော့ သူ ရီးရဲလ်မက်ဒရစ်မှာ လုပ်ဆောင်ခဲ့တာတွေက လုံးဝကို ပြိုင်ဘက် ကင်းတဲ့ ဖြတ်သန်းမှု ကောင်းတွေ ဖြစ်ခဲ့တာကြောင့်မို့လို့ပါ” ဆိုပြီးလည်း ပြောကြားသွားခဲ့ပါသေးတယ်။

အမ်ဘာပေးရဲ့ ပြင်သစ်နဲ့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီ တို့ဟာ လက်ရှိ ယူရို ၂၀၂၄ မှာ ခြေစွမ်းပိုင်း အားနည်းချက်တွေ ရှိနေပြီးတော့ ဘယ်အသင်း နောက်တစ်ဆင့် တက်သွားမလဲ ဆိုတာ ပြောရခက်တဲ့ အခြေအနေပါ။ ရော်နယ်ဒိုရဲ့ ပြင်သစ်ဟာ ယူရို ၂၀၁၆ ဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေးဟာ အဲ့ဒီအချိန်တုန်းက ပြင်သစ် ယူ ၁၉ အသင်း မှာသာ ကစားနေဆဲ ဖြစ်ပြီး စီနီယာ အသင်းကြီး လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်