နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒိုနဲ့ ဒီယိုဂို ကော်စတာကို ချီးကျူးခဲ့တဲ့ မာတီနက်ဇ် | ယူရို ၂၀၂၄

countdown banner

ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ ဆလိုဗေးနီးယား တို့ရဲ့ ပွဲစဉ် ကတော့ သာမန် ပွဲချိန် အတွင်း ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ပါ ခံယူခဲ့ရပါတယ်။ ပင်နယ်တီ မှာတော့ ခရစ္စတီယာနို ရော်နယ်ဒို၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ဘာနာဒို ဆေးလ်ဗား တို့ ၃ ဦးစလုံး ဂိုးဝင်ခဲ့ပေမယ့် ဆလိုဗေးနီးယား ကန်သွင်းတဲ့ ၃ လုံးစလုံး ကိုတော့ ဂိုးသမား ဒီယိုဂို ကော်စတာက လက်စွမ်းပြ ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒို တစ်ယောက် အချိန်ပိုမှာ ရရှိတဲ့ ပင်နယ်တီ ကိုတော့ ဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ သူ့ရဲ့ အမှားကို ပြင်ဆင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိုးသမား ဒီယိုဂို ကော်စတာ ကလည်း အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဆလိုဗေးနီးယားရဲ့ ပင်နယ်တီ ၃ လုံးစလုံးကို အမှားအယွင်းမရှိ ကာကွယ်ပြသွားခဲ့တာပါ။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ ပွဲအပြီးမှာ နည်းပြ ရော်ဘတ်တို မာတီနက်ဇ်က “ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး ပွဲပါပဲ” လို့ ပြောဆိုခဲ့သလို ပင်နယ်တီ အဆုံးအဖြတ်မှာ သူရဲကောင်းတွေ ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ ဒီယေဂို ကော်စတာ ကိုလည်း ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

“ ရော်နယ်ဒိုက ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ပေါ်တူဂီတို့ နောက်တစ်ဆင့် တက်ဖို့ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ စည်းလုံးညီညွတ်မှု ဖြစ်ပါတယ်။ အဝတ်လဲခန်းထဲက အောင်ပွဲ တစ်ခု ဖြစ်ပြီး ခရစ္စတီယာနိုက ကျွန်တော် တို့ရဲ့ အသင်းခေါင်းဆောင်ပါ။ သူ့ဘဝနဲ့ ဘောလုံးမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို လက်မလွှတ်နိုင်ဘူး၊ ဆက်သွားနေရမယ်၊ ဒါဟာ ကျွန်တော်တို့ အဆင်မပြေရင် ဘာလုပ်ရမယ် ဆိုတာကို ပြသလိုက်သလိုပါပဲ။” လို့ ရော်ဘတ်တို မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး မာတီနက်ဇ်က “ကျွန်တော်တို့ အရမ်းကောင်းအောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်၊ အဝတ်လဲခန်းထဲက စွမ်းအင်တွေ ကြံ့ခိုင်မှုတွေ စိတ်အားထက်သန်မှုတွေနဲ့ မယုံနိုင်လောက်အောင် ကစားနိုင်ခဲ့ပါတယ်။” လို့ ဆိုပါတယ်။ ဒီယိုဂို ကော်စတာနဲ့ ပတ်သက်ပြီးတော့လည်း မာတီနက်ဇ်က “ပေါ်တူဂီရဲ့ လျှို့ဝှက်ချက်က ဒီယိုဂို ကော်စတာပါ။ သူက ဥရောပ ဘောလုံးလောကရဲ့ ပုန်းကွယ်နေတဲ့ လျှို့ဝှက်ချက် တစ်ခုပါ။ ဒီနေ့မှာတော့ သူဟာ မတူညီတဲ့ အဆင့် တစ်ခုမှာ ပေါ်ထွက်လာခဲ့ပြီး၊ တစ်ဦးချင်း အနေအထားမှာ မယုံနိုင်လောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပြီးတော့ ပင်နယ်တီမှာ သုံးကြိမ် ဆက်တိုက် ကယ်တင်နိုင်ခဲ့ပြီး အာရုံစူးစိုက်မှုနဲ့ အရည်အသွေးကောင်းတွေ ပြသခဲ့ပါတယ်။ 

ဒီယိုဂို ကော်စတာ ကတော့ ဥရောပ ချန်ပီယံရှစ်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ပင်နယ်တီ ၃ ကြိမ် ကာကွယ်နိုင်ခဲ့တဲ့ ပထမဆုံး ဂိုးသမားလည်း ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးမှာ‌တော့ မာတီနက်ဇ်က “ဒါက ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးပွဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော် လုပ်စရာရှိတာကို အာရုံစိုက်ပြီး အူကြောင်ကြောင် ခံစားချက်နဲ့ ဆက်သွားခဲ့တယ်။ ဟုတ်ပါတယ်၊ ကျွန်တော် တို့က ပင်နယ်တီ ကန်မယ့်သူတွေကို ရွေးချယ်ခဲ့ပြီး သူတို့ ကလည်း ဂိုးသွင်းပုံကို ပြောင်းလဲခဲ့ပါတယ်။ အသင်းကို ကူညီခွင့်ရလို့ အရမ်းပျော်ပြီး စိတ်လှုပ်ရှားမိပါတယ်။ ဒီပွဲတွေက ကျွန်တော် ဘောလုံးနဲ့ စတင် ပတ်သတ်တဲ့ အချိန်က စပြီး အခက်ခဲဆုံး ပွဲလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ကြိုးစားမှုတွေ အရာထင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ပထမ ပင်နယ်တီ အပြီးမှာ ကျွန်တော်တို့ အားလုံး ဆက်လက် ယုံကြည်နေဖို့ လိုအပ်တယ်လို့ ခံစားခဲ့ကြရပါတယ်။ အဆုံးစွန်အထိ ယုံကြည်ခဲ့ပြီး အားလုံးလည်း အရမ်း ပျော်ခဲ့ရပါတယ်။” လို့ ပွဲပြီး အင်တာဗျူး မှာ ပြောကြားသွားခဲ့ပါတယ်။

ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီဟာ ဆလိုဗေးနီးယားကို ပွဲချိန်အတွင်း အဘက်ဘက် ကနေ အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် တိုက်စစ် အဆုံးသတ် အားနည်းချက်တွေကြောင့် ဂိုးမရခဲ့ပဲ အချိန်ပို ပင်နယ်တီတွေ အထိ ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မာတီနက်ဇ်ရဲ့ ပေါ်တူဂီက ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ ပြင်သစ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ 

ပြင်သစ်နဲ့ ပေါ်တူဂီ တို့ရဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် ကတော့ ဇွန်လ ၆ ရက်နေ့ ဝုဖ်ဘတ်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်