နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကြိတ်အနယ် ကစားရင်း သရေ တစ်မှတ်စီ ခွဲယူဖို့ များတဲ့ပွဲပါ | ယူရို ၂၀၂၄ (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဆလိုဗေးနီးယား – ဆားဘီးယား

ယူရို ၂၀၂၄ အုပ်စု (C) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဆလိုဗေးနီးယားနဲ့ ဆားဘီးယားတို့ ဘေယန်မြူးနစ်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ အဖွင့်ပွဲမှာ နှစ်သင်းစလုံး နိုင်ပွဲ ပျောက်ခဲ့ကြလို့ ရမှတ် လိုအပ်ချက် အတွက် အားစိုက်ကစားကြရင်း အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

ဆလိုဗေးနီးယား ကတော့ ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်မှာ ဒိန်းမတ်ကို ၁ ဂိုးစီ သရေ ကစားပြီး အဖိုးတန် ရမှတ် ၁ မှတ် ခွဲယူနိုင်ခဲ့ပါတယ်။ ဆလိုဗေးနီးယားရဲ့ ကစားပုံက မဆိုးဘူးလို့ ပြောလို့ ရပြီး လူငယ် ကြယ်ပွင့် ကစားသမားတွေလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒိန်းမတ်ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် နောက်က လိုက်ကစားရင်း အမှတ်ရအောင် ယူသွားခဲ့တာ ဖြစ်ပါတယ်။ အုပ်စုတွင်း အားအနည်းဆုံး ဖြစ်တဲ့ ဆလိုဗေးနီးယား အတွက် ဒီပွဲမှာ အမှတ်ပြည့်ရဖို့က အရေးကြီးတာကြောင့် သေချာပေါက် အားစိုက်လာဖို့တော့ ရှိနေပါတယ်။

ဆားဘီးယား ကတော့ ယူရို ၂၀၂၄ အဖွင့်ပွဲမှာ အင်္ဂလန်ကို အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်နိုင်ခဲ့ပေမယ့် ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ဆားဘီးယားက အင်္ဂလန်ကို အကောင်းဆုံး ပုံစံ တစ်ခုနဲ့ တုန့်ပြန် ကစားသွားခဲ့ပြီး သူတို့ အသင်း ဘယ်လောက်အထိ လုပ်ပြနိုင်သလဲ ဆိုတာ ပေါ်လွင်ခဲ့ပါတယ်။ ဆားဘီးယားဟာ နောက်တစ်ဆင့် တက်ဖို့ အတွက် ဆိုရင် ဒီပွဲမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။ ဒါရာဂန် စတော့ဂျ်ကိုဗစ်ရဲ့ အသင်းက တောင့်တင်းတဲ့ လူစာရင်းနဲ့ အတူ လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို ရအောင်ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။


နှစ်ဖက်အသင်း သတင်းများ

ဆားဘီးယား ကတော့ ယူရို ၂၀၂၄ အဖွင့်ပွဲမှာ အင်္ဂလန်ကို အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်နိုင်ခဲ့ပေမယ့် ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
နောက်တစ်ဆင့် တက်ရေး မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေပြီ ဖြစ်တဲ့ ဆားဘီးယား

ဆားဘီးယား ဘက်မှာ အဖွင့်ပွဲတုန်းက ဒဏ်ရာရသွားတဲ့ အားထားရတဲ့ တောင်ပံကစားသမား ဖိလစ် ကော့စတစ် လွဲချော်ဖို့ ရှိနေပြီး ဆလိုဗေးနီးယား ဘက်မှာတော့ အဓိက ကစားသမား အားလုံး ပွဲထွက်လာနိုင်ဖို့ ရှိပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဆလိုဗေးနီးယား – အိုဘလက်ခ်၊ ကာနစ်နစ်ခ်၊ ဘလာဇစ်၊ ဘီဂျိုးလ်၊ ဂျန်ဇာ၊ စတိုဂျာနိုဗစ်၊ ဆာရင်၊ အဲလ်ဆနစ်ခ်၊ မလာကာ၊ စပေါ်ရာ၊ ဆက်စ်ကို

ဆားဘီးယား – V မီလန်ကိုဗစ် ဆာဗစ်၊ ဗယ်လ်ကိုဗစ်၊ မီလန်ကိုဗစ်၊ ပက်ဗလိုဗစ်၊ ဇစ်ဗ်ကိုဗစ်၊ ဆာ့ဂျ် မီလန်ကိုဗစ် ဆာဗစ်၊ ဂူဒက်ဂျ်၊ မလန်ဒန်နိုဗစ်၊ တာဒစ်၊ ဗလာဟိုဗစ်၊ မီထရိုဗစ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ယူရို ခြေစစ်ပွဲမှာ ၂ ကြိမ်၊ နေးရှင်းလိဂ်မှာ ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ၁ ကြိမ်စီ အနိုင်ရထားပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂ ကြိမ် မှာတော့ ဆားဘီးယားက ၄-၁ နဲ့ တစ်ကြိမ် အနိုင်ရခဲ့ပြီး နောက်ဆုံး ပွဲမှာတော့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဆလိုဗေးနီးယား နိုင်ရင် ၁.၈၇ ဆ၊ ဆားဘီးယား နိုင်ရင် ၄.၁၅ ဆနဲ့ သရေ ဆိုရင်တော့ ၃.၃၉ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဆားဘီးယားက သရေ တစ်ဝက် ရှုံး၊ သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ ကြေးတွေ ပေးထားပြီး ရွေးချယ်စရာတော့ များပါတယ်။ ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ထားပါတယ်။ ခြေစွမ်းနဲ့ ကစားသမား အင်အား သိပ်မကွာတဲ့ နှစ်သင်း ဖြစ်ပြီး မာမာထန်ထန် ကစားတတ်တဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ သရေ ရလဒ်လောက်ပဲ မျှော်လင့်ထားချင်ပြီး ဂိုးပေါင်း ကလည်း အနည်းဘက်ကို ဦးတည်နိုင်ပါတယ်။

ခန့်မှန်းရလဒ်

ဆလိုဗေးနီးယား ၁-၁ ဆားဘီးယား

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်