နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆိုဘို့သ်ရဲ့ နောက်ကျ အနိုင်ဂိုးနဲ့ စကော့တလန်ကို အသဲခွဲခဲ့တဲ့ ဟန်ဂေရီ | ယူရို ၂၀၂၄ (ပွဲပြီးသုံးသပ်ချက်)

စကော့တလန် ၀-၁ ဟန်ဂေရီ

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စု (A) နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဟန်ဂေရီက စကော့တလန်ကို လူငယ် ကစားသမားလေး ကီဗင် ဆိုဘို့သ်ရဲ့ နောက်ဆုံး မိနစ် သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် စကော့တလန်တို့ မထင်မှတ်ပဲ အိမ်ပြန်စောသွားခဲ့ရပြီး ဟန်ဂေရီ ကတော့ ရှုံးထွက်ကစားခွင့်ရဖို့ အတွက် မျှော်လင့်ချက်တွေ ဆက်လက် ရှင်သန်သွားခဲ့ပါတယ်။

နှစ်သင်းစလုံး နိုင်ပွဲ ရဖို့ လိုအပ်နေတဲ့ ပွဲစဉ် ဖြစ်တာနဲ့ အညီ အကောင်းဆုံး ဖြစ်နိုင်မယ့် လူစာရင်း၊ အခင်းအကျင်းတွေနဲ့ ပွဲထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ စတိဗ် ကလက်ခ်ရဲ့ အသင်းက ခံစစ် အသားပေး ၅-၄-၁ အခင်းအကျင်းနဲ့ ထူးဆန်းစွာ ပွဲထွက်လာခဲ့ပြီး ဟန်ဂေရီ ကတော့ ၃-၄-၂-၁ အခင်းအကျင်းကို အသုံးပြုသွားခဲ့ပါတယ်။ စကော့တလန် ဘက်မှာ ဂန်း၊ ဟန်ဒရီ၊ ဟန်လေ၊ မက်ကန်နာ၊ ရော်ဘတ်ဆန်၊ ရဲလ်စတန်၊ မက်ဂရီဂေါ၊ ဂီးလ်မော၊ မက်တော်မီနေး၊ မက်ဂင်းန်၊ ချီ အဒမ်စ် တို့ ပါဝင်ခဲ့ပါတယ်။ ဟန်ဂေရီ ဘက်မှာတော့ ဂူလက်ရှီ၊ အော်ဘန်၊ ဒါဒါအီ၊ ဘွတ်ကာ၊ စတီလက်စ်၊ ချာဖာ၊ ဘိုလာ၊ ကာကက်ဇ်၊ ဆဘို့ဇ်လိုင်း၊ ဆာလာအီ၊ ဗာဂါ တို့ ပွဲထွက်လာခဲ့ပါတယ်။

စကော့တလန်ဟာ ဒီနေ့ပွဲမှာ ခြေစွမ်းပိုင်း တော်တော်လေး ဆိုးရွားခဲ့တာ တွေ့ရပြီး အလန်ရှီးယား သုံးသပ်သလိုပဲ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် လုံးဝ ပျောက်ဆုံးနေခဲ့တာ တွေ့ရပါတယ်။ ကစားသမားကောင်းတွေ ရှိနေပေမယ့် ဟန်ဂေရီကို ဘောလုံး ပိုင်ဆိုင်မှု အသာစီးရနေခဲ့တာက လွဲရင် ကျန်အပိုင်းတွေမှာ ဘယ်နေရာမှာ မသာခဲ့ပါဘူး။ ဟန်ဂေရီ ကတော့ သူတို့ လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်ပြီး အခွင့်အရေး ရရင် ရသလို ဂိုးရဖို့ ကြိုးပမ်းခဲ့ပါတယ်။ စကော့တလန် ကတော့ ဟန်ဂေရီရဲ့ အတင်းဝင် အတင်းထွက် မာမာထန်ထန် ကစားဟန်ကြောင့် ရုန်းကန်ခဲ့ရပြီး ဂိုးမပေးရဖို့တောင် ပိုပြီး အာရုံစိုက်ခဲ့ရပါတယ်။

ဒုတိယပိုင်း ၇၄ မိနစ် မှာတော့ ဟန်ဂေရီ အထောင်တိုက်စစ်မှူး ဗာဂါ စကော့တလန် ဂိုးသမား ဂန်းနဲ့ ထိခိုက်မိရင်း အသက်အန္တရာယ်ပါ ရှိသွားနိုင်တဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် ပစ်လဲကျသွားခဲ့ပြီး ကွင်းအတွင်း အရေးပေါ် ဆေးကုသမှု ခံယူရင်း ဆေးရုံအထိပါ ပို့ဆောင်ခဲ့ရပါတယ်။ ဒီအချိန်မှာ ပြောစရာ ရှိတာက ဟန်ဂေရီ အသင်းခေါင်းဆောင် ဆဘို့ဇ်လိုင်းဟာ ဗာဂါကို ကွင်းထဲ ကနေ ဆေးရုံဆီ အလျင်အမြန် ပို့ဆောင်နိုင်ဖိ့်အတွက် ထမ်းစင်နဲ့ သယ်သွားတဲ့ ဆေးအဖွဲဝင်တွေနဲ့ အတူ ထမ်းစင်ကို လျင်လျင်မြန်မြန် လိုက်သယ်ပေးရင်း ထိရောက်တဲ့ ဆေးကုသမှုတွေ အမြန်ဆုံး ခံယူနိုင်အောင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို လေးစားလောက်စရာ လုပ်ဆောင်ချက်နဲ့ ပတ်သတ်ပြီး ပရိသတ်တွေ ကတော့ ဆဘို့ဇ်လိုင်းကို စစ်မှန်တဲ့ အသင်းခေါင်းဆောင် အဖြစ် ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် ဟန်ဂေရီတို့ နောက်ဆုံး မိနစ် သွင်းဂိုးကို သွင်းယူလိုက်ပြီး နိုင်ပွဲရသွားချိန်မှာလည်း ဆဘို့ဇ်လိုင်းက သူကိုယ်တိုင် ဗာဂါရဲ့ ဂျာစီနဲ့ အောင်ပွဲခံခဲ့ရင်း သူ့အသင်းဖော်ကို အားပေးမှုတွေ ပြုလုပ်သွားခဲ့ပါသေးတယ်။ ဟန်ဂေရီ အတွက် အဖိုးတန် အနိုင်ဂိုး ကိုတော့ တန်ပြန် တိုက်စစ် ကနေ တဆင့် ဟန်ဂေရီ ပြည်တွင်း ကလပ်မှာ ကစားနေတဲ့ လူငယ် ကစားသမားလေး ဆိုဘို့သ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးကြောင့် စကော့တလန် ကတော့ အကောင်းဆုံး တတိယအဖြစ်နဲ့ ယူရို ၂၀၂၄ ရှုံးထွက်တက်ရေး မျှော်လင့်ချက် လုံးဝ ကုန်ဆုံးသွားခဲ့ပြီး အိမ်ပြန်ခဲ့ရပါတယ်။ တစ်ဖက်မှာ ဟန်ဂေရီ ကတော့ စကော့တလန်ရဲ့ မျှော်လင့်ချက် ဖြစ်တဲ့ အကောင်းဆုံး တတိယ အဖြစ်နဲ့ ယူရို ၂၀၂၄ ရှုံးထွက်တက်ရေး မျှော်လင့်ချက်ကို လွှဲပြောင်း ရယူသွားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဟန်ဂေရီ တို့ လက်ကျန် အုပ်စု ပွဲစဉ်တွေရဲ့ ရလဒ်ကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်