နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြင်သစ် အသင်း‌ အပေါ် ဝေဖန်မှုတွေကို တုန့်ပြန်လိုက်တဲ့ ဂရစ်ဇ်မန်း | ယူရို ၂၀၂၄

countdown banner

ပြင်သစ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက် ပွဲစဉ်မှာ ဘယ်လ်ဂျီယံကို ၁-၀ ရလဒ်နဲ့ အနိုင်ရပြီးနောက် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်အထိ ကိုယ်ပိုင် သွင်းဂိုး ဆိုလို့ ပိုလန်နဲ့ ပွဲမှာ ကီလီယန် အမ်ဘာပေး သွင်းယူတဲ့ ပင်နယ်တီဂိုး တစ်ဂိုးတည်းသာ ရရှိထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဒီယာ ဒက်စ်ရွှမ့်စ်ရဲ့ အသင်းက တိုက်စစ်ပိုင်း အတွက် အကြီးအကျယ် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ တိုက်စစ်မှူး အန်တွမ် ဂရစ်ဇ်မန်းက ဝေဖန်မှုတွေကို အခုလိုပဲ တုန့်ပြန် ပြောဆိုလာခဲ့ပါတယ်။ ဂရစ်ဇ်မန်းက “ကျဉ်းမြောင်းတဲ့ ရလဒ် ဒါမှမဟုတ် တစ်ခုခု အတွက်နဲ့တော့ ကျွန်တော် တို့ကို လက်မလျှော့လိုက်ပါနဲ့၊ ကျွန်တော် တို့က ကွာတားဖိုင်နယ်ကို ရောက်နေပါပြီ” BeIN Sports ကို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ 

ဆက်လက်ပြီး ဂရစ်ဇ်မန်းက “အသင်း အတွက် အရေးကြီးတာက ခံစစ် ကစားပုံပါပဲ။ ကောင်းမွန်တဲ့ ခံစစ် မရှိရင် တော့ ခပ်ဝေးဝေးကို ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ အတွက် နောက်ထပ် နည်းစနစ်သစ် တစ်ခု ပါပဲ၊ ဒါကိုပဲ ကျင့်သုံးရမှာ ဖြစ်ပါတယ် ။

“ကျွန်တော် ဒီနေ့ ညာဘက်ခြမ်းမှာ ကစားခဲ့ရတယ်။ ကျွန်တော်ဟာ အသင်း အတွက်ရော၊ နည်းပြ အတွက်ပါ ပေးဆပ်နေတာပါ။ နည်းပြက ကျွန်တော့်ကို ဒီနေရာမှာ ကစားလို့ ပြောရင် ကျွန်တော် အဲ့ဒီနေရာမှာ ကစားရမှာပါ။ ကျွန်တော် ဘယ်နေရာမှာ ကစားနေပါစေ ကျွန်တော် ပေးနိုင်သလောက် အရာရာ ပေးသွားမှာပါ။ နည်းပြက ကျွန်တော် ဘယ်နေရာမှာ ကစားရတာ ကြိုက်သလဲ ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော် အသင်း အတွက် ဘာမဆို ပေးဆပ်သွားမှာပါ။ နည်းပြ က ကျွန်တော့်ကို ယုံကြည်မှု ရှိပြီး ဒီအတွက်လည်း ပြန်ပေးဆပ်သွားရမှာပါ။” လို့ ဂရစ်ဇ်မန်းက ပြောကြားသွားခဲ့ပါတယ်။

ပြင်သစ်ဟာ လက်ရှိ ယူရို ၂၀၂၄ မှာ တိုက်စစ် ကစားပုံ တော်တော်လေး ဆိုးရွားနေခဲ့ပြီးတော့ အုပ်စု အဖွင့်ပွဲမှာ ဂိုးရခဲ့ပေမယ့် ဩစတြီးယား အသင်းရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ်မှာ ပေါ်တူဂီနဲ့ ကစားရတော့မယ့် ပြင်သစ်

ပြင်သစ်ဟာ လက်ရှိ ယူရို ၂၀၂၄ မှာ တိုက်စစ် ကစားပုံ တော်တော်လေး ဆိုးရွားနေခဲ့ပြီးတော့ အုပ်စု အဖွင့်ပွဲမှာ ဂိုးရခဲ့ပေမယ့် ဩစတြီးယား အသင်းရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နယ်သာလန်နဲ့ ဂိုးမရှိ သရေကျခဲ့ပြီး နောက်ဆုံး ပိုလန်နဲ့ ပွဲမှာလည်း ပြင်သစ်တို့ ဂိုးရခဲ့ပေမယ့် ပင်နယ်တီ ကနေ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၆ သင်း ရှုံးထွက်အဆင့်မှာလည်း ပြင်သစ်ဟာ ဘယ်လ်ဂျီယံကို တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်သွင်းမှု ၁၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးပေါက် တည့်မှု ကလည်း ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ သူတို့ ရရှိခဲ့တဲ့ ဂိုးကလည်း ပြိုင်ဘက် အသင်းရဲ့ နောက်ခံလူ ဗာတွန်ဂန် ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဖြစ်ပါတယ်။

ဒီလို ဘယ်လ်ဂျီယံကို ခက်ခက်ခဲခဲ ကစားပြီးနောက် နိုင်ပွဲ ရအောင် ယူနိုင်ခဲ့တဲ့ အတွက် ပြင်သစ် အသင်းသားတွေ ကတော့ ပျော်ရွှင်လျက် ရှိပြီး ကွင်းလယ်လူ ရာဘီယော့တ် ကလည်း အခုလို ပြန်လည် ဝေမျှလာခဲ့ပါတယ်။ ရာဘီယော့တ်က RMCနဲ့ အင်တာဗျုးမှာ ဒီနိုင်ပွဲက တကယ်ကို စိတ်သက်သာရာရစေပါတယ်။ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲ ကစားခဲ့ပြီး တောင့်လည်း တောင့်တင်းခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးမပေးရဖို့ စွမ်းဆောင်နိုင်ခဲ့တယ်။ တစ်ဂိုးလောက်ပဲ သွင်းဖို့ လိုအပ်တယ် ဆိုတာ ကျွန်တော်တို့ သိခဲ့တယ်။ ဒီဂိုးကြောင့်ပဲ ကျွန်တော်တို့ ပွဲအပြီး ပြိုင်ဘက်ကို ကျွန်တော်တို့ ရပ်တန့်နိုင်ခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပြင်သစ်ဟာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် အဆင့်မှာ ဆလိုဗေးနီးယားကို အနိုင်ရရှိခဲ့တဲ့ ပေါ်တူဂီနဲ့ တွေ့ဆုံနေပြီး ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်