နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုနီ ခရူးစ်ကို စကားစစ်ထိုးလိုက်တဲ့ ရီးရဲလ်အသင်းဖော်ဟောင်း | ယူရို ၂၀၂၄

countdown banner

စပိန် လက်ရွေးစင် အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဟိုဆေးလူ ကတော့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ်က ဂျာမနီ အသင်းရဲ့ ကွင်းလယ်လူ တိုနီ ခရူးစ် အတွက် ကစားသမား ဘဝ နောက်ဆုံး ပွဲစဉ် ဖြစ်လာဖို့ မျှော်လင့်ထားတယ် ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တိုနီ ခရူးစ်ရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ဟိုဆေးလူက “ဒီပွဲ (စပိန်နဲ့ ဂျာမနီ တို့ရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်) က တိုနီ ခရူးစ်ရဲ့ နောက်ဆုံးပွဲ ဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီပွဲက သူပါဝင်နေလို့တော့ ထူးခြားတဲ့ ပွဲတစ်ပွဲ ဖြစ်နေမှာ မဟုတ်ပါဘူး။ ဒီပွဲ က ကျွန်တော်တို့ အတွက်လည်း အရမ်း ကောင်းမွန်တဲ့ ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်သွားရမယ့် ကွာတားဖိုင်နယ် ပွဲစဉ် တစ်ပွဲပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဟိုဆေးလူက “တိုနီက ကျွန်တော့် အတွက် မိတ်ဆွေ သူငယ်ချင်း တစ်ယောက် ဖြစ်ခဲ့တဲ့သူပါ။ သူနဲ့ စကားတွေ အများကြီး ပြောဆိုခဲ့ဖူးသလို သူက ကျွန်တော့် ကိုလည်း အကြံကောင်းတွေ အများကြီး ပေးခဲ့ဖူးပါသေးတယ်။ သူက ဂျာမနီ အတွက်ရော ရီးရဲလ်မက်ဒရစ် အသင်း အတွက်ပါ အခြေခံ အုတ်မြစ်လို ဖြစ်နေတဲ့သူပါ။ သောကြာနေ့ပွဲ မှာတော့ ကျွန်တော်တို့တွေ သူ့ကို သတိထား ကစားရဖို့ ရှိပြီး ဒီပွဲ ကလည်း သူရဲ့ နောက်ဆုံးပွဲ ဖြစ်လာဖို့ မျှော်လင့်ပါတယ်။” လို့ ပြောဆို လိုက်ပါတယ်။

အသက် (၃၄) နှစ် အရွယ် ဂျာမနီ ကွင်းလယ်လူ တိုနီ ခရူးစ်ဟာ ယူရို ၂၀၂၄ အပြီးမှာ ကစားသမားဘဝ ကနေ အနားယူဖို့ ရှိနေသူ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ တွဲကစားခဲ့ဖူးတဲ့ ဟိုဆေးလူနဲ့ တိုနီ ခရူးစ်

ဂျာမနီ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဟာ လက်ရှိမှာ ကွာတားဖိုင်နယ် အဆင့်ကို ရောက် ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အိမ်ရှင် ဂျာမနီနဲ့ စပိန်တို့က စောစာစောစီးစီးပဲ ကွာတားဖိုင်နယ် အဆင့်မှာတင် တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ယူရို ၂၀၂၄ မှာ ဒီနှစ်သင်းကို ဘောလုံး ပရိသတ်တွေက ဆီးမီးဖိုင်နယ်နဲ့ ဖိုင်နယ် လောက်မှသာ တွေ့ဆုံစေချင်ကြပေမယ့် ရေးဆွဲထားတဲ့ လမ်းကြောင်းအရ ရှောင်လွှဲဖို့ မဖြစ်နိုင်တော့တာပါ။ ဒီအခြေအနေမှာ စပိန် တိုက်စစ်မှူး ဟိုဆေးလူက ဂျာမနီ စနိုက်ပါ ခရူးစ်ကို ဒဲ့စကားစစ် ထိုးလာခဲ့တာ ဖြစ်ပါတယ်။

အသက် (၃၄) နှစ် အရွယ် ဂျာမနီ ကွင်းလယ်လူ တိုနီ ခရူးစ်ဟာ ယူရို ၂၀၂၄ အပြီးမှာ ကစားသမားဘဝ ကနေ အနားယူဖို့ ရှိနေသူ ဖြစ်ပါတယ်။ ဒါကြောင့် ခရူးစ် အနေနဲ့ အကယ်၍သာ သူ့အသင်းက ကွာတားဖိုင်နယ် အဆင့်မှာသာ ပြုတ်သွားခဲ့ရင်တော့ သူ့ရဲ့ ကစားသမားဘဝ အဆုံးသတ်က လှပနိုင်တော့မှာ မဟုတ်ပါဘူး။

လက်ရှိမှာ ဂျာမနီက အိမ်ရှင် အားသာချက် ရှိသလို ခြေစွမ်းကလည်း ထက်မြတ်နေပြီး စပိန် ကတော့ ပြိုင်ဘက်တိုင်းကို လျင်မြန်တဲ့ ကစားပုံ၊ ထက်မြတ်တဲ့ တိုက်စစ်တွေနဲ့ ကျော်ဖြတ်ပြနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ကြည့်မယ် ဆိုရင်တော့ စပိန်က အနည်းငယ် အသာရခဲ့ပြီးတော့ နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှုမှာတော့ ၂ ပွဲ သရေကျခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်