နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန် ချန်ပီယံ ဖြစ်မယ်လို့ ခန့်မှန်းလိုက်တဲ့ ဖာဒီနန် | ယူရို ၂၀၂၄

countdown banner

အင်္ဂလန် ကတော့ ယူရို ၂၀၂၄ ရှုံးထွက် (၁၆) သင်း အဆင့် ပွဲစဉ်မှာ ဆလိုဗက်ကီးယားကို ဘယ်လင်ဟမ်ရဲ့ နောက်ကျ ချေပဂိုး၊ ကိန်းရဲ့ အချိန်ပို အနိုင်ဂိုးတွေနဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်က ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပြီး ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒီပွဲမှာ အင်္ဂလန်ဟာ ဆလိုဗက်ကီးယားကို တော်တော်လေး ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဆောက်ဂိတ်ရဲ့ နည်းစနစ် ဗျူဟာပိုင်း အပြင် ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ကလည်း မေးခွန်းထုတ်စရာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်ရော၊ ကိန်းပါ အင်္ဂလန် အတွက် ဟီးရိုး ဖြစ်ခဲ့ပေမယ့် သာမန် ပွဲချိန် အတွင်း ဒီကစားသမားတွေ အနေနဲ့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန် ပရိသတ်တွေ အနေနဲ့လည်း သူတို့ အသင်း နောက်တစ်ဆင့် တက်ခဲ့လို့ ဝမ်းသာ ပျော်ရွှင်နေပေမယ့် အသင်းရဲ့ ခြေစွမ်းပိုင်း ကိုတော့ သံသယ ဖြစ်နေကြဆဲပါ။

အင်္ဂလန်ဟာ ပြိုင်ပွဲ မစခင်က ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်ခဲ့သလို လက်ရှိ အချိန်မှာလည်း အမြင့်ဆုံး ဆီမီးဖိုင်နယ် တက်လှမ်းနိုင်မယ်လို့ ထင်ကြေးပေးနေကြဆဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အင်္ဂလန် နောက်ခံလူဟောင်း ရီယို ဖာဒီနန် ကတော့ အင်္ဂလန် က ယူရို ၂၀၂၄ရဲ့ ချန်ပီယံ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်ဟာ နောက်ဆုံး နှစ်ပွဲမှာ အိမ်ရှင် ဂျာမနီ၊ လက်ရှိ ချန်ပီယံ အီတလီ တို့ကို အကောင်းဆုံး ကစားဟန်နဲ့ အသာရအောင် ကစားနိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး လက်ရှိ ယူရို ၂၀၂၄ ရဲ့ ဖြတ်မြင်း အဖြစ် သတ်မှတ်ခံထားရပြီ ဖြစ်ပါတယ်။
၈ နှစ် အတွင်း ပထမဦးဆုံး အကြိမ် ယူရို ကွာတားဖိုင်နယ် ပြန်တက်နိုင်ခဲ့တဲ့ အင်္ဂလန်

ဖာဒီနန်က “ခင်ဗျားတို့ အနေနဲ့ ကိုယ့်အသင်းက ပြိုင်ပွဲ တစ်ခုကို ပါဝင် ယှဉ်ပြိုင်နေစဉ်မှာပဲ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်လိမ့်မယ် ဆိုပြီး အမှန်တကယ် ယုံကြည်မိတဲ့ အချိန်မျိုးတွေက ရှိတတ်ပါတယ်။ အခု အင်္ဂလန်လည်း အဲ့ဒီလို အခြေအနေမျိုးကို ရောက်နေရပြီလို ကျွန်တော် ထင်မိတယ်။ ဒါကျွန်တော် တကယ် ပြောတာပါ။ အခုဆို အသင်းသားတွေက ပွဲအပြီး camp ဆီ အပြန်မှာ အောင်ပွဲခံနေကြပါလိမ့်မယ်။ အခု ကျွန်တော်တို့ ကွာတားဖိုင်နယ်ကို ရောက်နေပြီ။ ရေးဆွဲထားတဲ့ လမ်းကြောင်း ကလည်း အကောင်းဆုံး လမ်းကြောင်း ဖြစ်နေတယ်။ ဒါက ဗိုလ်စွဲဖို့ အတွက် ရေးဆွဲပေးထားသလိုပါပဲ။ ကျွန်တော်တို့ ဖလားရအောင် လုပ်ရပါလိမ့်မယ်။ အခုလည်း ကျွန်တော်တို့တွေ နောက်ဆုံး မိနစ် သွင်းဂိုးနဲ့ ပွဲကို အလှည့်အပြောင်း ဖြစ်အောင် ကစားပြနိုင်ခဲ့တယ်။ ကျွန်တော် ပြောချင်တာ အဲ့ဒါပါပဲ။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဖာဒီနန်က “နောက်ပြီး လူတိုင်းက ဆောက်ဂိတ်နဲ့ ပွဲအလှည့်အပြောင်းကို မေးခွန်းထုတ်နေကြတယ်။ ဒါက အရည်အချင်း တစ်ခုတည်းကြောင့်လို့တော့ ကျွန်တော် မထင်ဘူး။ ဒါက စရိုက်လက္ခဏာနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့်လည်း ပါတယ်လို့ ထင်တယ်။ ဒီအရာတွေနဲ့ နိုင်ပွဲတွေကို ရယူပေးနိုင်ပါတယ်။ လာမယ့်ပွဲမှာ ဆွစ်ဇာလန်က ဆလိုဗက်ကီးယားထက် ပိုပြီး ကောင်းတဲ့ ပြိုင်ဘက် ဖြစ်နေတာမို ဒီပွဲကလည်း ခက်ခဲဦးမှာပါ။ ဒါပေမယ့် ဒါကို ကျွန်တော်တို့တွေ ပုံစံကောင်း ပြသပြီး ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။” လို ဖာဒီနန်က ပြောဆိုသွားခဲ့ပါတယ်။အင်္ဂလန်ဟာ ဆွစ်ဇာလန်နဲ့ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ရှုံးပွဲ လုံးဝ မရှိခဲ့ပဲ ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ခြေစွမ်းပိုင်းအရ အင်္ဂလန်တို့ ဆွစ်ဇာလန်လို မာကျောပြီး အသင်းလိုက် ကစားပုံ ကောင်းတဲ့ အသင်း တစ်သင်းကို ကျော်ဖြတ်ဖို့ ဆိုတာ သံသယ ဖြစ်စရာပါပဲ။ ဆွစ်ဇာလန်ဟာ နောက်ဆုံး နှစ်ပွဲမှာ အိမ်ရှင် ဂျာမနီ၊ လက်ရှိ ချန်ပီယံ အီတလီ တို့ကို အကောင်းဆုံး ကစားဟန်နဲ့ အသာရအောင် ကစားနိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး လက်ရှိ ယူရို ၂၀၂၄ ရဲ့ ဖြတ်မြင်း အဖြစ် သတ်မှတ်ခံထားရပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်