နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန် အတွက် သမိုင်းဝင်မယ့် အရာတစ်ခုခု လုပ်ဖို့ ရည်မှန်းထားတဲ့ ဖေဘီယန် ရူအစ်ဇ် | ယူရို ၂၀၂၄

စပိန် အသင်း ကတော့ ယူရို ၂၀၂၄ ရှုံးထွက် အဆင့်မှာ ဂျော်ဂျီယာကို ၄-၁ ရလဒ်နဲ့ အပြတ်အသတ် ချေမှုန်းပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ စပိန်က ဂျော်ဂျီယာရဲ့ ဦးဆောင်ခြင်း ခံခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ တောက်လျောက် လိုက်သွင်းပြီး လှပတဲ့ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဂျီယာဟာ ပွဲချိန် ၁၈ မိနစ်မှာ စပိန် နောက်ခံလူ လီနော်မက်ဒ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် တောက်လျောက် ဆိုသလို ပြိုင်ဘက်ကို ဖိအား ကစားနိုင်ခဲ့တဲ့ စပိန် အတွက် ပွဲချိန် ၃၉ မိနစ်မှာ ရိုဒရီ၊ ၅၁ မိနစ်မှာ ရူအစ်ဇ်၊ ၇၅ မိနစ်မှာ နီကို ဝီလီယမ်စ်၊ ၈၃ မိနစ်မှာ ဒန်နီ အော်လမို တို့က ဂိုးတွေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးခဲ့တဲ့ ဖေဘီယန် ရူအစ်ဇ်က သမိုင်းမှတ်တမ်း ရေးထိုးသွားမယ်လို့ အခုလိုပဲ ကြုံးဝါးလာခဲ့ပါတယ်။ ဖေဘီယန် ရူးအစ်ဇ်ဟာ စပိန်ရဲ့ အရှုံး ကနေ ပြန်လာနိုင်မှု စိတ်ဓာတ်ကို ချီးကျူးသွားခဲ့ပြီး ကွာတားဖိုင်နယ်မှာ ဂျာမနီနဲ့ တွေ့ဆုံရဖို့လည်း စိတ်လှုပ်ရှားနေကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဖေဘီယန် ရူအစ်ဇ်က “ကျွန်တော်တို့ဟာ ဒုတိယပိုင်းကို ကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်၊ အသင်းက ကွင်းထဲမှာ အရာ အားလုံးကို ပေးဆပ်ခဲ့ကြတယ်။ ဂျာမနီလား။ ဘယ်ပြိုင်ဘက်မဆို ခက်ခဲပါတယ်။ သူတို့ဟာ အိမ်ကွင်းမှာ ကစားရတဲ့ ကြီးကျယ် ခမ်းနားတဲ့ အသင်း ဆိုတာ ကျွန်တော်တို့ သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပါတယ်၊ အရမ်းကို စိတ်လှုပ်ရှားနေပြီး နိုင်ငံ အတွက် သမိုင်းဝင်မယ့် အရာ တစ်ခုခု လုပ်ပြချင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

စပိန်နဲ့ ဂျာမနီ တို့ဟာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ဇူလိုင်လ ၅ ရက်နေ့ စတုဂတ် အရီနာမှာ ကစားရမှာ ဖြစ်ပါတယ်။
ဂျော်ဂျီယာကို ဂိုးပြတ် အနိုင်ယူပြီး ယူရို ၂၀၂၄ ကွာတားဖိုင်နယ် တက်ခဲ့တဲ့ စပိန်

ဒီပွဲမှာ စပိန် တောင်ပံ လူငယ်ကြယ်ပွင့် ကစားသမားလေး နီကို ဝီလီယမ်စ်ဟာ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ရဲ့ နိုင်ငံအသင်း အတွက် ပထမဆုံးသော ယူရို သွင်းဂိုးလည်း ရရှိခဲ့သလို ဖန်တီးမှူ တစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ နီကို ဝီလီယမ်စ်လိုပဲ ဖေဘီယန် ရူအစ်ဇ် ကလည်း တစ်ဂိုးသွင်း တစ်ဂိုး ဖန်တီးကာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ကိုတော့ ရိုဒရီက ရရှိသွားခဲ့ပါတယ်။

စပိန်ဟာ အခုနှစ် ယူရို ၂၀၂၄ မှာ ၄ ပွဲ ကစားထားပြီး ၄ ပွဲစလုံး အနိုင်ရထားတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ နီကို ဝီလီယမ်စ်ကို မေးမြန်းရာမှာတော့ “အသင်း အနေနဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့လို့ အရမ်းကို ပျော်ပါတယ်၊ အရမ်းလည်း စိတ်လှုပ်ရှားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဝီလီယမ်စ်က “တစ်ဆင့်ပြီး တစ်ဆင့် ကျွန်တော်တို့ဟာ အသင်းကောင်း တစ်သင်း ဖြစ်ကြောင်း ပြသနိုင်ခဲ့ပြီး ဆက်သွားမယ် ဆိုရင်တော့ ကြီးကျယ်တဲ့ အရာတွေကို လုပ်ဆောင်နိုင်မှာပါ။ လီနော်မက်ဒ်ရဲ့ ဂိုးက အမှားအယွင်း တစ်ခု ဖြစ်ပြီး မရည်ရွယ်ဘဲ ဖြစ်ခဲ့တာပါ၊ ကျွန်တော်တို့ အားလုံး သူ့ကို အားပေးခဲ့ကြပြီး အဆုံး မှာတော့ အားလုံး ကျေနပ်ပျော်ရွှင်ခဲ့ကြရပါတယ်။ ဂျာမနီက အရမ်းခက်ခဲမှာပါ၊ သူတို့ကို ခက်ခက်ခဲခဲ ဖြိုခွဲရမှာ ဖြစ်ပေမယ့် ကျွန်တော် တို့မှာ အံ့ဩစရာကောင်းတဲ့ ဖွဲ့စည်း တည်ဆောက်ပုံ ကောင်းတဲ့ အသင်း တစ်သင်း ရှိပြီး ဒီအတိုင်း ကစားနိုင်ရင် အနိုင်ရနိုင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ စပိန်နဲ့ ဂျာမနီ တို့ဟာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ဇူလိုင်လ ၅ ရက်နေ့ စတုဂတ် အရီနာမှာ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်