နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကယ်လ်ဗင် ဖီးလစ်ရဲ့ နေရာ အတွက် တိုက်ရိုက် အစားထိုးနိုင်တဲ့သူ ရှိမနေဘူး ဆိုတဲ့ ဆောက်ဂိတ် | ယူရို ၂၀၂၄

countdown banner

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြ ဖြစ်တဲ့ ဂါရတ်သ် ဆောက်ဂိတ် ကတော့ ဒိန်းမတ်နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စု ပွဲစဉ် ၂ အပြီးမှာ ငြီးတွား ပြောဆိုမှုတွေ ရှိလာခဲ့ပါပြီ။ ဆောက်ဂိတ်က သူ့ရဲ့ အသင်း ကွင်းလယ်ပိုင်းမှာ ကယ်လ်ဗင် ဖီးလစ်ရဲ့ နေရာ အတွက် အစားထိုး ဝင်ရောက်နိုင်မယ့်သူ မရှိဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆောက်ဂိတ်ရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် လူစာရင်းဟာ ပြိုင်ဘက်တိုင်း အတွက် ကြောက်ရွံ့စရာ ကောင်းလောက်အောင် တောင့်တင်းနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပေမယ့် အဖွင့် ပွဲစဉ် ဖြစ်တဲ့ ဆားဘီးယားနဲ့ ပွဲမှာ နိုင်ပွဲ ရခဲ့ပေမယ့် ခြေစွမ်းပိုင်း အားနည်းချက်တွေ ထင်ရှားခဲ့သလို ဒိန်းမတ်နဲ့ ပွဲမှာလည်း ဆောက်ဂိတ်ရဲ့ ကစားသမား အသုံးပြုပုံတွေနဲ့ နည်းစနစ်တွေ အပြင် ကစားသမားတွေရဲ့ ခြေစွမ်း မပြနိုင်မှုတွေ ကပါ အင်္ဂလန်ကို နိုင်ပွဲ ပျောက်စေခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ လက်ရှိမှာ (၂) ပွဲ ကစား (၁) ပွဲ နိုင် (၁) ပွဲ သရေနဲ့ (၄) မှတ် ရရှိထားပြီးတော့ ရှုံးထွက် တက်ဖို့တော့ အခြေအနေကောင်းနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ခြေစွမ်းနဲ့ ဆိုရင် သူတို့ အသင်းရဲ့ ဂုဏ်ပုဒ်လိုတောင် ဖြစ်နေတဲ့ နာမည်ကြီး ထမင်းငတ် အဖြစ်နဲ့ ရှုံးထွက်အဆင့် ကနေ ကျိန်းသေပေါက် လှည့်ပြန်ရဖို့ များနေပြီ ဖြစ်ပါတယ်။

လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်ရဲ့ ကွင်းလယ်ပိုင်းမှာ ရိုက်စ်၊ အီးဇီး၊ ဂယ်လာဟာ၊ ဘယ်လင်ဟမ်၊ မိန်းနူး၊ ဝှာတန် တို့လို ကစားသမားကောင်းတွေ များစွာ ရှိနေတာ ဖြစ်ပါတယ်။
နည်းစနစ်ပိုင်းနဲ့ လူထုတ်ပုံ အမှားတွေကြောင့် ဝေဖန်ခံနေတဲ့ ဆောက်ဂိတ်

ဆောက်ဂိတ်ဟာ အဖွင့် ပွဲစဉ်မှာ ကွင်းလယ်မှာ ဒီကလန် ရိုက်စ်နဲ့ ထရန့် အလက်ဇန္တား အာနိုးကို တွဲဖက် အသုံးပြုခဲ့ပေမယ့် အာနိုးလ် တစ်ယောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒီလိုအခြေအနေကို ဘောလုံး သုံးသပ်သူတွေရော၊ ပရိသတ်တွေကပါ ရိပ်မိပေမယ့် နည်းပြ ဆောက်ဂိတ် ကတော့ ဒိန်းမတ်နဲ့ ပွဲမှာလည်း တခြား ကွင်းလယ်လူတွေကို ခေါက်ထားပြီး အားနိုးလ် ကိုပဲ ခေါင်းမာမာနဲ့ ဆက်သုံးခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဆောက်ဂိတ်ကို မေးမြန်းတဲ့ အခါမှာတော့ အာနိုးလ် အနေနဲ့ ကွင်းလယ်မှာ ကစားရင်း လုပ်ပြနိုင်ခဲ့တဲ့ အခိုက်အတန့် တချို့ ရှိခဲ့ပြီး သူမျှော်လင့်ထားခဲ့တဲ့ အတိုင်း ကွင်းလယ် ကနေ ဘောလုံး ပေးပိုမှုတွေလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ဆောက်ဂိတ်က “ဒါပေမယ့်လည်း ဒါက စမ်းသပ်ချက် တစ်ခုလို ဖြစ်နေတယ် ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ နောက်ပြီး ကယ်လ်ဗင် ဖီးလစ်ရဲ့ နေရာ အတွက် တိုက်ရိုက် အစားထိုးနိုင်တဲ့သူ ရှိမနေဘူး ဆိုတာ ကိုလည်း ကျွန်တော်တို သိထားပါတယ်။ ဒါပေမယ့် ကွဲပြားတဲ့ အရာ တစ်ချို့ကို ကျွန်တော်တို့ ကြိုးစားနေပြီး လောလောဆယ် မှာတော့ ကျွန်တော် တို့က ကျွန်တော်တို ဖြစ်ချင်သလိုမျိုး မကစားနိုင်သေးပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန် အသင်းဟာ ထင်ထားသလောက် ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရသလို အခု လက်ရှိ မှာတော့ နည်းပြ ဖြစ်သူ ဆောက်ဂိတ်ရဲ့ ပြောစကားတွေကြောင့်ပါ လှောင်ပြောင်ခံနေရပါပြီ။ တချို့ ကတော့ ဆောက်ဂိတ် ပြောတဲ့ ကွင်းလယ်ပိုင်း ဟာကွက် ရှိနေတယ် ဆိုတဲ့ အချက်က အကြောင်းပြချက် သပ်သပ်သာ ဖြစ်ပြီး ကစားသမား ရွေးချယ်အသုံးပြုတဲ့ နေရာမှာ ထင်ထားသလောက် မရိုးရှင်းတဲ့ အခြေအနေတွေ ရှိနေနိုင်တယ်လို့ ယုံကြည်နေပါတယ်။

လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်ရဲ့ ကွင်းလယ်ပိုင်းမှာ ရိုက်စ်၊ အီးဇီး၊ ဂယ်လာဟာ၊ ဘယ်လင်ဟမ်၊ မိန်းနူး၊ ဝှာတန် တို့လို ကစားသမားကောင်းတွေ များစွာ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆောက်ဂိတ် ကတော့ ညာနောက်ခံလူ အဖြစ် အဓိက ကစားတဲ့ ထရန့် အလက်ဇန္တား အာနိုးလ် ကိုပဲ နှစ်ပွဲစလုံး အသုံးပြုထားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်