နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်ရဲ့ လူစာရင်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံးလို့ ကြုံးဝါးလိုက်တဲ့ ဖျူအန်တေး | ယူရို ၂၀၂၄

countdown banner

လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် စပိန် အသင်းရဲ့ လူစာရင်းဟာ ကမ္ဘာ့အကောင်းဆုံး ဖြစ်ကြောင်း နည်းပြ ဖြစ်သူ ဒီလာ ဖျူအန်တေးက ကြုံးဝါး ပြောဆိုလိုက်ပါတယ်။ ယူရို ၂၀၂၄ အုပ်စု (B) ရဲ့ ပွဲစဉ် ၂ မှာ စပိန်က အီတလီကို အနိုင်ရပြီးနောက် အခုလိုပဲ စပိန် နည်းပြက သူ့အသင်းကိုသူ ကမ္ဘာ့အကောင်းဆုံး အသင်း အဖြစ် ပြန်လည် ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

စပိန်ဟာ လက်ရှိ အချိန်ထိ အုပ်စု ပွဲစဉ် ၂ ပွဲ ကစားထားပြီး ရာနှုန်းပြည့် အနိုင်ရရှိထားသလို ယူရို ၂၀၂၄ မှာ အုပ်စု ဗိုလ်အဖြစ် နောက်တစ်ဆင့် တက်ရောက်နိုင်တဲ့ ပထမဦးဆုံး အသင်းလည်း ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် နည်းပြ ဖျူအန်တေးက အီတလီကို အနိုင်ယူပြီးနောက် သူ့အနေနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေနဲ့ လက်တွဲ လုပ်ဆောင်နေတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

စပိန်ဟာ ပြိုင်ပွဲရဲ့ မရဏ အုပ်စုလို့ သတ်မှတ်ခံထားရတဲ့ အုပ်စုမှာ အီတလီ၊ အဲလ်ဘေးနီးယား၊ ခရိုအေးရှား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် အကောင်းဆုံး ပုံစံ တစ်ခုနဲ့ အတူ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြနေတာ ဖြစ်ပါတယ်။ ဒီလာ ဖျူအန်တေးရဲ့ စပိန်က အဖွင့်ပွဲမှာ ခရိုအေးရှားကို ၃-၀ ရလဒ်နဲ့ အနိုင်ယူပြီး အဖွင့်လှခဲ့သလို ဒုတိယပွဲမှာလည်း အီတလီကို ခြေစွမ်းအသာနဲ့ ကစားပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

စပိန်ဟာ ယူရို ၂၀၁၆ မှာ ချက်ကို ၁-၀၊ တူရကီကို ၃-၀ နဲ့ နှစ်ပွဲဆက် အနိုင်ရခဲ့ပြီးနောက် အခု ယူရို ၂၀၂၄ မှ ပထမဦးဆုံး အကြိမ် နှစ်ပွဲဆက် ပြန်လည် အနိုင်ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ စပိန်ရဲ့ လူစာရင်းမှာ ပါဝင်နေတဲ့ ကစားသမား အများစုဟာ လူငယ် ကြယ်ပွင့်တွေ ဖြစ်ပြီး အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းကောင်းတွေ ပြသနေတာ ဖြစ်ပါတယ်။

နီကို ဝီလီယမ်စ်၊ လမင်း ယာမယ်၊ ပက်ဒရီ တို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ နှစ်ပွဲဆက် အနိုင်ရခဲ့တဲ့နောက်မှာတော့ ဒီလာဖျူအန်တေးက သူ့ အနေနဲ့ ယူရို ပြိုင်ပွဲမှာ အရည်အချင်းအရှိဆုံး အသင်းကို တာဝန်ယူ ကိုင်တွယ်နေရတယ်လို့ ယုံကြည်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလာ ဖျူအန်တေးက “ပွဲစဉ် အမျိုးမျိုး၊ အခြေအနေ အမျိုးမျိုးပေါ် မူတည်ပြီး ကျွန်တော့်ရဲ့ အသင်းက ကမ္ဘာ့အကောင်းဆုံးလို့ ထင်မိပါတယ်။ ဟုတ်ပါတယ်။ အောင်မြင်မှုတွေ ရဖို့ အတွက် ဒါတွေက တကယ့်ကို အားရှိစရာတွေပါ။ ဒါပေမယ့် ဒီမျိုးဆက် ကစားသမားတွေရဲ့ အရည်အသွေးကို အရောင်တင်ပေးဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ စပိန် ကစားသမားတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။

လက်ရှိမှာ စပိန်က ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ရှုံးထွက် အဆင့်ကို တက်ရောက်သွားပြီး ဖြစ်တာကြောင့် နည်းပြ ဖျူအန်တေး အနေနဲ့ အဲလ်ဘေးနီးယားနဲ့ ပွဲစဉ်မှာ အဓိက ကစားသမား တချို့ကို အနားပေးသွားဖွယ် ရှိနေပါတယ်။ အဓိက အကြောင်းရင်း ကတော့ လာမယ့် ၁၆ သင်း ရှုံးထွက်အဆင့်ဟာလည်း အရေးကြီးပြီး ပေါ့ဆလို့ မရတာကြောင့် ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး လူးဝစ် ဒီလာ ဖျူအန်တေးက အီတလီကို အနိုင်ရခဲ့တဲ့ အပေါ် မေးမြန်းရာမှာတော့ “ဘောလုံး ရှုထောင့် ကနေ အကဲဖြတ်မယ် ဆိုရင်တော့ ကျွန်တော်တို့ သာလွန်တယ်လို့ ထင်ပါတယ်။ အီတလီက ဆိုးဆိုးရွားရွား ကစားခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ကျွန်တော်တို့လည်း အရမ်း ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အီတလီက ယူရို ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဥရောပ ချန်ပီယံရှစ်ကို ဆွတ်ခူးဖို့ အဝေးကြီး လိုပါသေးတယ်။ ကျွန်တော်တို့ ဘာမှ မအောင်မြင်သေးပါဘူး။ အခုတော့ အရေးကြီးတဲ့ ပွဲစဉ် တချို့ကို နိုင်ခဲ့ပါပြီ။ ကျွန်တော် တို့မှာ ကောင်းမွန်တဲ့ အလားအလာတွေ ရှိပါတယ်။ ဒါပေမယ့် ဘောလုံးက အရမ်း ရက်စက်တတ်ပါတယ်။ ဒါကြောင့် သတိထားနိုင်မှရမယ်။ နှိမ့်ချဖို့လည်း လိုသလို လေးစားမှု ပြဖို့လည်း လိုပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်