နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ငံမှား မွေးဖွားလာသူများ (သို့မဟုတ်) အာလင်း ဟာလန်းနဲ့ မာတင် အိုဒီဂတ်

countdown banner

မနေ့ညက ကစားခဲ့တဲ့ ဥရောပဖလား ခြေစစ်ပွဲတွေမှာ စပိန် နိုင်ပွဲရခဲ့တဲ့နောက် လာမယ့် ယူရို – ၂၀၂၄ မှာ အသင်းကြီး အားလုံးကို စုံစုံလင်လင် မြင်တွေ့ရဖို့ သေချာခဲ့ပါပြီ။ ဒါပေမယ့် စပိန်တို့ အောင်ပွဲခံနေချိန်မှာ သူတို့ရဲ့ အနိုင်ယူခြင်း ခံလိုက်ရတဲ့ နော်ဝေ ဘက်မှာ မာတင် အိုဒီဂတ်နဲ့ အာလင်း ဟာလန်း တို့လို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ရှိနေပါတယ်။

ပြောရရင် ဒီအုပ်စုမှာ မထင်မှတ်ဘဲ ကော်ကောင် ထဖြစ်သွားတာက စကော့တလန်ပါ။ ဒီတော့ နော်ဝေတို့ စွံအသွားခဲ့ရပြီး အခုချိန်မှာ စကော့တလန်၊ စပိန်တို့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်သွားချိန်မှာ နော်ဝေတို့ ပလေးအော့ဖ် ကနေသာ ခြေစစ်ပွဲ အောင်ဖို့ မျှော်လင့်ချက် ရှိတော့တာပါ။

လက်ရှိ နော်ဝေရဲ့ အဓိက အသင်းခေါင်းဆောင် အာလင်း ဟာလန်း ဆိုတာက ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ဂိုးသွင်း စံချိန်ပေါင်း များစွာကို ရိုက်ချိုးခဲ့သူ၊ မန်စီးတီးနဲ့ အတူ ပထမဆုံးရာသီမှာတင် ဆုဖလား (၃) လုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားပါ။ ဒီလို ကစားသမားမျိုးကို နိုင်ငံတကာ ပွဲကြီးတွေရဲ့ စင်မြင့်ထက်မှာ မြင်တွေ့ခွင့်မရတာ နှမြောဖို့ ကောင်းပါတယ်။

ခြေစစ်ပွဲ အုပ်စု အစောပိုင်း ပွဲစဉ်တွေမှာ အခြေအနေ ကောင်းနေတော့ လာမယ့်နှစ် ဂျာမနီမြေမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီးမှာ ဂိုးသွင်းမုဆိုးနဲ့ ဖန်တီးရှင် ဆရာကြီး တို့ကို မြင်တွေ့ရဖို့ ပရိသတ်တွေ မျှော်လင့်ခဲ့ကြတာပါ။
ကလပ် အသင်းတွေ အတွက် ခြေစွမ်းပြနေပေမယ့် နိုင်ငံ အသင်းနဲ့ အောင်မြင်မှု ဝေးနေသေးတဲ့ ဟာလန်းနဲ့ အိုဒီဂတ်

ဟာလန်းနဲ့ အတူ အိုဒီဂတ် ဆိုတာကလည်း နော်ဝေမှာ အားအကိုးရဆုံး အတွဲအဖက် ဖြစ်ပြီး သူတို့က လွဲရင် ကျန်တဲ့ ကစားသမား ဆိုတာလည်း ပရိသတ်တွေနဲ့ အစိမ်းသက်သက်ပါ။ ခြေစစ်ပွဲ အုပ်စု အစောပိုင်း ပွဲစဉ်တွေမှာ အခြေအနေ ကောင်းနေတော့ လာမယ့်နှစ် ဂျာမနီမြေမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီးမှာ ဂိုးသွင်းမုဆိုးနဲ့ ဖန်တီးရှင် ဆရာကြီး တို့ကို မြင်တွေ့ရဖို့ ပရိသတ်တွေ မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမယ့် အခုချိန်မှာ နော်ဝေက ယူရို ၂၀၂၄ ပလေးအော့ဖ် ကနေ ရမယ့် သုံးနေရာ ကနေ မျှော်လင့်ချက် တစ်ခုနဲ့ ဂျာမနီ သွားမယ့် လက်မှတ်ကို ဖြတ်နိုင်ဖို့ ကြိုးစားရတော့မှာပါ။ ဒါက အန္တရာယ်များပါတယ်။ နော်ဝေရဲ့ သမိုင်းတစ်လျှောက်မှာ ယူရိုပြိုင်ပွဲ ခြေစစ်ပွဲ အောင်ဖူးတာ ကလည်း ပြီးခဲ့တဲ့ ယူရို – ၂၀၀၀ တစ်ကြိမ်တည်း ရှိခဲ့တာပါ။

ယူအီးအက်ဖ်အေ ယူရို 2024
အင်္ဂလန်
အီတလီ
1X2 အီတလီ @ 5.00
ဂိုးပေါ် 2.25 @ 1.98
ဂိုးပေါင်း 0-1 @ 2.56
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဲ့ဒီ ပြိုင်ပွဲမှာလည်း နော်ဝေတို့ ရှုံးထွက် အဆင့် မရောက်ခင် ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပါတယ်။ ကမ္ဘာ့ဖလား (၃) ကြိမ် ဝင်ကန်ဖူးတဲ့ နော်ဝေ အတွက် အမြင့်မားဆုံး စွမ်းဆောင်ရည် ဆိုတာက ပြီးခဲ့တဲ့ (၁၉၉၈) ပြင်သစ် ကမ္ဘာ့ဖလားမှာ ရှုံးထွက် အဆင့် တက်ရောက်ခဲ့ဖူးတာပဲ ရှိပါတယ်။

ဒီတော့ ပြိုင်ပွဲကြီးတွေမှာ အစဉ်အလာရှိဖို့ မပြောနဲ့၊ ခြေစစ်ပွဲ အောင်ဖို့တောင် မနည်းကို ရုန်းကန်နေရတဲ့ နော်ဝေကို ဟာလန်း၊ အိုဒီဂတ်တို့ လက်ထက်မှာ အရင်ထက် နည်းနည်း ပိုဖြစ်ထွန်းလာဖို့၊ ပြိုင်ပွဲကြီးတွေမှာ ခြေစစ်ပွဲ အောင်မြင်ရုံလောက် ဖြစ်ဖို့ အထိ မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမယ့် ကစားသမားတစ်ယောက် ဘယ်လောက် ကောင်းကောင်း၊ ဘောလုံး ဆိုတာက အများနဲ့ စုဖွဲ့ ကစားရတဲ့ ကစားနည်းပါ။ ဒီတော့ ဟာလန်းနဲ့ အိုဒီဂတ်တို့ နှစ်ယောက် အတွက် ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်ဖို့ ရုန်းပေဦး၊ စောင့်ပေဦး ဆိုတာပဲ ရှိပါတော့တယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်