နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်နဲ့ ဂျော်ဂျီယာ တွေ့ဆုံမှုကို ပွဲကြို ချဉ်းကပ်ကြည့်ခြင်း | ယူရို ၂၀၂၄

countdown banner

ယူရို ၂၀၂၄ အုပ်စု အဆင့် နောက်ဆုံး ပွဲစဉ်တွေ ကတော့ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချိန်မှာ ဘယ်အသင်းတွေက အိမ်ပြန်ခဲ့ရပြီး ဘယ်အသင်းတွေက ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တယ် ဆိုတာလည်း အဖြေပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ ယူရို ၂၀၂၄ ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ စပိန်နဲ့ ဂျော်ဂျီယာ တို့ရဲ့ ပွဲစဉ် အကြောင်းကို ပွဲကြိုအနေနဲ့ ချဉ်းကပ်ကြည့်ရအောင်ပါ။

စပိန်က ယူရို ၂၀၂၄ အုပ်စု (B) မှာ အီတလီ၊ ခရိုအေးရှား၊ အဲလ်ဘေးနီးယား တို့နဲ့ ကျရောက်ခဲ့ပြီးတော့ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ဒီအဆင့်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ စပိန် ကစားခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်မယ် ဆိုရင် အဖွင့်ပွဲမှာ ခရိုအေးရှားကို ၃-၀၊ ဒုတိယပွဲမှာ လက်ရှိ ချန်ပီယံ အီတလီကို ၁-၀၊ နောက်ဆုံး ပွဲမှာတော့ အဲလ်ဘေးနီးယားကို ၁-၀ တို့နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ စပိန်ဟာ နည်းပြ လူးဝစ် ဒီလာ ဖျူအန်တေးရဲ့ လက်အောက်မှာ လူငယ် ကစားသမားတွေရဲ့ တောက်ပမှုနဲ့ အတူ အကောင်းဆုံး ပုံစံ ရနေပြီး ဒီနှစ် ယူရို ပြိုင်ပွဲဝင် အသင်းတွေထဲမှာ ကျွန်တော် သဘောအကျဆုံး အသင်းလို့တောင် ပြောလို့ ရပါတယ်။ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် အမျှတဆုံး ကစားနေပြီး ရှုံးပွဲ လုံးဝ မရှိခဲ့သလို ပေးဂိုးလည်း လုံးဝ မရှိထားတာ တွေ့ရပါတယ်။

ဂျော်ဂျီယာ ကတော့ သူတို့ အသင်းရဲ့ သမိုင်းတစ်လျှောက် ယူရို ၂၀၂၄ ရောက်မှ ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။
ပေါ်တူဂီလို အသင်းကိုတောင် ဂိုးပြတ် အနိုင်ယူလာတဲ့ ဂျော်ဂျီယာ

ဂျော်ဂျီယာ ကတော့ သူတို့ အသင်းရဲ့ သမိုင်းတစ်လျှောက် ယူရို ၂၀၂၄ ရောက်မှ ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ပေါ်တူဂီ၊ တူရကီ၊ ချက် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စုတွင်း အားအနည်းဆုံး အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျော်ဂျီယာက အဖွင့်ပွဲမှာ တူရကီကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာက လွဲရင် ကျန်နှစ်ပွဲမှာ ချက်ကို တစ်ဂိုးစီ သရေ ကစားပြီး ပေါ်တူဂီလို အသင်း မျိုးကိုတော့ နောက်ဆုံးပွဲမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ယူပြီး အကောင်းဆုံး အုပ်စု တတိယ အသင်း တစ်သင်း အဖြစ် ဒီအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ တကယ်တမ်း ဂျော်ဂျီယာမှာ ခဗရာစခီလီယာ၊ မာမက်ဒက်ရှ်ဗလီ တို့လောက်ပဲ လူသိများတဲ့ ကစားသမားတွေ ပါဝင်တာပါ။ ဒါပေမယ့်လည်း လူငယ် နည်းပြ ဝီလီ ဆက်ဂ်နိုလ်ရဲ့ အသင်းက အသင်းလိုက် စုဖွဲ့မှု ကောင်းကောင်းနဲ့ ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်တဲ့ အသင်း အဖြစ် ရှိနေပြီး အခုတော့ အရမ်းကောင်းနေပါတယ် ဆိုတဲ့ စပိန်နဲ့ ရင်ဆိုင်ရတော့မှာပါ။ လက်ရှိမှာ ဂျော်ဂျီယာက သူတို့ တစ်ခါမှ မရရှိခဲ့ဖူးတဲ့ သမိုင်း မှတ်တမ်း အသစ်တွေ ရေးထိုးထားနိုင်ပြီ ဖြစ်တာကြောင့် စိတ်ဓာတ်ပိုင်း ကလည်း အမြင့်ဆုံး ရောက်နေပြီး ဘယ်အသင်းလာလာ ဒုက္ခပေးဖို့ အသင့် ရှိနေပုံပါပဲ။

ချန်ပီယံဆုဆီ သွားရာ လမ်းကြောင်းအရ ကြည့်မယ် ဆိုရင် နှစ်သင်းစလုံး အတွက် လွယ်ကူဖို့တော့ မရှိပါဘူး။ ဘယ်အသင်း တက်တက်၊ တစ်ဖက်က ဂျာမနီ (သို့မဟုတ်) ဒိန်းမတ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် အဆင့်ကို ကျော်လွန်ခဲ့ရင်လည်း ပေါ်တူဂီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဆလိုဗေးနီးယား တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ လမ်းကြောင်း အရတော့ တော်တော်လေး ကြပ်နေတာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု အရ ဆိုရင်တော့ စပိန်က ဂျော်ဂျီယာကို ၆ ကြိမ် နိုင်ပြီး ဂျော်ဂျီယာ ကတော့ ၁ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ယူရို ခြေစစ်ပွဲ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်တွေမှာ တွေ့ဆုံခဲ့ကြဖူးပြီးတော့ စပိန်က နောက်ဆုံး ၄ ပွဲဆက် ဂျော်ဂျီယာကို အသာရထားခဲ့သလို တွေ့ဆုံချိန်တိုင်းမှာ ဂိုးပြတ်တွေ အနိုင်ရထားတာ တွေ့ရပါတယ်။

ကျွန်တော် ကတော့ စပိန်နဲ့ ဂျော်ဂျီယာ တွေ့ဆုံမှုမှာ အတွေ့အကြုံနဲ့ လက်ရှိ ခြေစွမ်းအရ စပိန် ကိုပဲ သဘောကျမိတယ် ဆိုတာ ဝန်ခံရမှာပါ။ ဂျော်ဂျီယာ တို့ ဒီအဆင့် ရောက်လာတာကို ချီးကျူးရမှာ ဖြစ်ပေမယ့် သူတို့ အတွက် ယူရို ၂၀၂၄ အောင်မြင်မှုက ဒီလောက်ဆို လုံလောက်ပါပြီ။ ဒါပေမယ့် စပိန်တို့ အရင်လို လွယ်ကူဖို့တော့ မရှိပဲ ခက်ခက်ခဲခဲ ကစားရနိုင်ပြီး ဂိုးလည်း ပြတ်နိုင်ဖို့တော့ မရှိပါဘူး။ အလွန်ဆုံး တစ်ဂိုး လောက်နဲ့ပဲ ကပ်နိုင်ပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားမယ် ထင်ပါတယ်။ ဒါကြောင့် ဒီပွဲကို ရင်ခုန်ချင်တဲ့ သူတွေ အနေနဲ့ ကတော့ စပိန်နဲ့ ဂိုးပေါင်းအောက်ကိုပဲ ရွေးချယ်ထားသင့်တယ် ထင်ပါတယ်။ ပွဲချိန်နီးရင်တော့ ပေါက်ကြေးကို တစ်ချက် ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်။

စောင့်ကြည့်ရမယ့် ကစားသမားတွေကို ရွေးချယ်ပါ ဆိုရင်တော့ စပိန် ဘက်က နီကို ဝီလီယမ်စ်နဲ့ ဂျော်ဂျီယာ ဘက်က ဆိုရင်တော့ ခဗာရာစခီလီယာ ကိုပဲ ရွေးချယ်ထားချင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်