နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ တွေ့ဆုံမှုကို ပွဲကြို ချဉ်းကပ်ကြည့်ခြင်း | ယူရို ၂၀၂၄

countdown banner

ယူရို ၂၀၂၄ အုပ်စု အဆင့် နောက်ဆုံး ပွဲစဉ်တွေ ကတော့ ယှဉ်ပြိုင်ကစားသွားခဲ့ပြီဂနောက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ၁၆ သင်း ထွက်ပေါ်လာခဲ့ပါပြီ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ယူရို ၂၀၂၄ ရှုံးထွက် ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ တို့ရဲ့ တွေ့ဆုံမှုကို ပွဲကြိုအနေနဲ့ ချဉ်းကပ်ကြည့်ရအောင်ပါ။

ပြင်သစ် ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေပေမယ့် ခြေစွမ်းပိုင်း ကတော့ တော်တော်လေးကို အားရစရာ မရှိသေးတာပါ။ အဖွင့်ပွဲမှာ ဩစတြီးယားကို ပြိုင်ဘက် ကစားသမားရဲ့ OG နဲ့ အနိုင်ရခဲ့ပေမယ့် နောက် နှစ်ပွဲ မှာတော့ နယ်သာလန်နဲ့ ဂိုးမရှိ သရေ၊ ပိုလန်နဲ့ တစ်ဂိုးစီ သရေ ကျခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး တစ်ယောက် ပိုလန်နဲ့ ပွဲမှာ ယူရို သွင်းဂိုး စတင် ရရှိခဲ့တယ် ဆိုပေမယ့် ပင်နယ်တီ ကနေ ဖြစ်ပါတယ်။ လက်ရှိ ပြင်သစ်ရဲ့ လူစာရင်းကို ကြည့်ရင် ကီလီယန် အမ်ဘာပေး၊ ဒမ်ဘီလီ၊ ကန်တေ၊ ရာဘီယော့တ်၊ ဟာနန်ဒက်ဇ်၊ ဂျရူး၊ ဂရစ်ဇ်မန်း တို့လို ပြိုင်ပွဲကြီး အတွေ့အကြုံ ရှိတဲ့ ကစားသမားတွေ အပြင် ဘာကိုလာ၊ ကာမာဗင်ဂါ၊ ချူအာမန်နီ၊ ဆလီဘာ တို့လို လူငယ်ကြယ်ပွင့်တွေလည်း ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီဒီရာ ဒက်စ်ရွှမ့်စ်ရဲ့ အသင်းကို လက်ရှိအချိန်ထိ လိုအပ်ချက်တွေ ရှိနေပြီး ရှုံးထွက်အဆင့်မှာတော့ အားနည်းချက်တွေ ပြင်ဆင်နိုင်ပြီး ပုံစံကောင်း ပြန်ရလာမလား ဆိုတာ‌ စောင့်ကြည့်ရမှာပါ။

ဘယ်လ်ဂျီယံ ကလည်း အသင်းကောင်း တစ်သင်း ဖြစ်ပေမယ့် ယူရို ၂၀၂၄ မှာတော့ ခြေစွမ်းပိုင်းက လိမ်ဖယ်လိမ်ဖယ် ဖြစ်နေဆဲပါ။
နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ တစ်ပွဲ ရှိထားတဲ့ ဘယ်လ်ဂျီယံ

ဘယ်လ်ဂျီယံ ကလည်း အသင်းကောင်း တစ်သင်း ဖြစ်ပေမယ့် ယူရို ၂၀၂၄ မှာတော့ ခြေစွမ်းပိုင်းက လိမ်ဖယ်လိမ်ဖယ် ဖြစ်နေဆဲပါ။ ဆလိုဗက်ကီးယား၊ ရိုမေးနီးယား၊ ယူကရိန်း တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စုတွင်း ပြိုင်ဘက်တွေထက် အဘက်ဘက်က ပိုပြီး တောင့်တင်းပေမယ့် ရိုးမေးနီးယားရဲ့ နောက် အုပ်စု ဒုတိယ အဖြစ်နဲ့ပဲ ဒီအဆင့်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံက အဖွင့်ပွဲမှာ ဆလိုဗက်ကီးယားကို ၀-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲမှာတော့ ရိုမေးနီးယား ကိုတော့ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးပွဲမှာတော့ ယူကရိန်းနဲ့ သရေကျခဲ့ပါတယ်။ ရွှေရောင် မျိုးဆက် လက်ကျန် ကစားသမား တချို့နဲ့ လူငယ် ကြယ်ပွင့် ကစားသမားတွေ ပေါင်းစပ်ထားတဲ့ ဘယ်လ်ဂျီယံ အတွက်တော့ ပြင်သစ်က အတားအဆီး တစ်ခု ဖြစ်လာဦးမှာ သေချာပါတယ်။

ဒီနှစ်သင်းက ၅ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ပြင်သစ်က ၁ ကြိမ်နိုင်၊ ဘယ်လ်ဂျီယံက ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ကြဖူးပြီးတော့ အဲ့ဒီအချိန်တုန်းက ပြင်သစ်က အမ်တီတီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနှစ်သင်းက ၂၀၂၁ ခုနှစ် အောက်တိုဘာလက နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့တာ ဖြစ်ပြီးတော့ မတွေ့တာ တော်တော်ကြာနေပြီလို့ ပြောလို့ ရပါတယ်။

နှစ်သင်းစလုံးက အသင်းကြီးတွေ ဖြစ်ပေမယ့် လက်ရှိ ခြေစွမ်းအရ ယုံကြည်လို့ မရပါဘူး။ ဘယ်လ်ဂျီယံ ကတော့ ပိုဆိုးတဲ့ အခြေအနေ ဖြစ်ပါတယ်။ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် ကစားရင် ဘယ်လ်ဂျီယံတို့ ပြင်သစ်ကို အသာရဖို့တော့ ခက်ပါတယ်။ ပြင်သစ်မှာ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိနေပါတယ်။ ဒီနှစ်သင်း ကနေ ကွာတားဖိုင်နယ် တက်လှမ်းနိုင်မယ့် အသင်းကို ရွေးချယ်ပါ ဆိုရင်တော့ ပြင်သစ်ကိုပဲ ရွေးချယ်ထားရပါလိမ့်မယ်။ ဒါပေမယ့် ပြင်သစ်တို့ ခက်ခက်ခဲခဲ ကစားပြီးမှ ကပ်နိုင်သွားမယ့် ပွဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီနှစ် ယူရို ၂၀၂၄ က ပွဲတိုင်းလိုလို ဂိုးနည်းတတ်တာ ကိုတော့ မမေ့ထားသင့်ပါဘူး။

စောင့်ကြည့်ရမယ့် ကစားသမား ဆိုရင်တော့ ပြင်သစ် ဘက်က ကီလီယန် အမ်ဘာပေးနဲ့ ဘယ်လ်ဂျီယံ ဘက်ကတော့ ကီဗင် ဒီဘရွန်းနားကို ရွေးချယ်ထားချင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်