နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန်နဲ့ ဆလိုဗက်ကီးယား တွေ့ဆုံမှုကို ပွဲကြို ချဉ်းကပ်ကြည့်ခြင်း | ယူရို ၂၀၂၄

countdown banner

ယူရို ၂၀၂၄ ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေ ဒီကနေ့ညမှာ စတင် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီးတော့ အင်္ဂလန်နဲ့ ဆလိုဗက်ကီးယား တို့ရဲ့ ပွဲစဉ် အကြောင်းကို ပွဲကြိုအနေနဲ့ ချဉ်းကပ်ကြည့်ရအောင်ပါ။

အင်္ဂလန် ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်ပေမယ့် လက်ရှိ ခြေစွမ်းပိုင်းအရ ဝေဖန်မှုတွေ ခံနေရပါတယ်။ သူတို့ အသင်းရဲ့ ပရိသတ်တွေ ကိုယ်တိုင်က ဆောက်ဂိတ်ရဲ့ နည်းစနစ် ဗျူဟာနဲ့ လူထုတ်ပုံကို တော်တော်လေး ဘဝင် မကျဖြစ်နေတာ တွေ့ရပါတယ်။ အင်္ဂလန်ဟာ ဆာဘီးယားကို အဖွင့်ပွဲမှာ ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီးတော့ နောက်နှစ်ပွဲဆက် ဒိန်းမတ်နဲ့ ဆလိုဗေးနီးယားကို သရေသာ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြောရရင်တော့ ၃ ပွဲစလုံးမှာ အင်္ဂလန်ရဲ့ ခြေစွမ်းက အသင်းကြီး တစ်သင်းမှာ ရှိသင့်တဲ့ အနေအထားမျိုး မရှိခဲ့ဘူး။ ဆောက်ဂိတ် တစ်ယောက် အခုချိန်ထိ ဘယ်ကစားသမားကို နေရာပေးသင့်သလဲ ဘယ်ကစားသမား ကိုတော့ ဘယ်နေရာမှာ ထားပြီး ကစားသင့်တယ် ဆိုတာ ဝေခွဲမရသေးတဲ့ ပုံပါပဲ။ ဒီအချက်တွေကို ပြင်နိုင်ရင်တော့ အင်္ဂလန်ရဲ့ လူစာရင်းက ပြိုင်ဘက် အားလုံးထက် သာနေလို့ အောင်မြင်မှု ရဖို့ မခက်ပါဘူး။

ဆလိုဗက်ကီးယား ကတော့ ယူရို ၂၀၂၄ မှာ ရိုးမေးနီးယား၊ ဘယ်လ်ဂျီယံ၊ ယူကရိန်းတို့ ပါဝင်တဲ့ အုပ်စု (E) မှာ ကျရောက်ခဲ့တာပါ။ အဖွင့်ပွဲမှာ ဘယ်လ်ဂျီယံကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့တဲ့ ဆလိုဗက်ကီးယားက ပွဲစဉ် ၂ မှာတော့ ယူကရိန်းကို ရှုံးနိမ့်ခဲ့ပါတယ်။ အုပ်စု နောက်ဆုံး ပွဲမှာတော့ ရိုမေးနီးယားကို သရေကစားပြီး တစ်မှတ်ရခဲ့တဲ့ ဆလိုဗက်ကီးယား က အကောင်းဆုံး အုပ်စု တတိယ အသင်း အဖြစ် ယူကရိန်းကို ကျော်ပြီး ရှုံးထွက်တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆလိုဗက်ကီးယားမှာ အရည်အသွေးမြင့် ကစားသမားတွေ ရှားပါးတယ် ဆိုပေမယ့် ဒူဗရက်ဗ်ကာ၊ ရှခရီညာ၊ ဟန်ကို၊ ပီကာရစ်ခ် တို့ ပါဝင်တဲ့ ခံစစ်ပိုင်း ကတော့ အနည်းငယ် စိတ်ချရပါတယ်။ ပြိုင်ဘက်တိုင်းကို ခပ်ကြမ်းကြမ်း ကစားပြီး တုန့်ပြန်တတ်တဲ့ ဆလိုဗက်ကီးယားတို့ အင်္ဂလန် ကို ရှိန်နေမှာတော့ မဟုတ်ပါဘူး။

ဆလိုဗက်ကီးယား ကတော့ ယူရို ၂၀၂၄ မှာ ရိုးမေးနီးယား၊ ဘယ်လ်ဂျီယံ၊ ယူကရိန်းတို့ ပါဝင်တဲ့ အုပ်စု (E) မှာ ကျရောက်ခဲ့တာပါ။
ပြိုင်ဘက်တိုင်းကို မာမာထန်ထန် တုန့်ပြန် ကစားနေတဲ့ ဆလိုဗက်ကီးယား

ဒီနှစ်သင်းက ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး အင်္ဂလန်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျခဲ့ပါတယ်။ ၂၀၁၆ ယူရို အုပ်စု အဆင့်မှာ တွေ့ဆုံခဲ့ဖူးပြီး ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ဖူးပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ နောက်ဆုံး တွေ့ထားခဲ့ပြီးတော့ အင်္ဂလန်က နှစ်ကျော့စလုံးမှာ အနိုင်ရထားတာ ဖြစ်ပါတယ်။

ကျွန်တော့် အနေနဲ့ ကတော့ လက်ရှိ ခြေစွမ်းအရ တည်ငြိမ်မှု မရှိသေးတဲ့ အင်္ဂလန်ကို သဘောမကျပေမယ့် ဆလိုဗက်ကီးယား ကလည်း အသင်းငယ် ဖြစ်နေလို့ ယုံကြည်ရခက်နေပါတယ်။ ဆောက်ဂိတ်သာ လူထုတ်ပုံ မှန်ပြီး အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေသာ ပုံမှန် ခြေစွမ်းရှိနေရင် ဆလိုဗက်ကီးယားကို အင်္ဂလန်တို့ အနိုင်ရဖို့ မခက်ပါဘူး။ ဆလိုဗက်ကီးယား ကတော့ ထုံးစံ အတိုင်း မာမာထန်ထန် တုန့်ပြန်ဖို့ ကြိုးစားမှာ ဖြစ်ပြီး သာမန်ပွဲချိန် အတွင်း အတတ်နိုင်ဆုံး သရေ ကစားနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဘယ်လိုပဲ ခြေစွမ်း မကောင်းသေးဘူး ပြောပြော အသင်းကြီး ဖြစ်တဲ့ အင်္ဂလန်ကို ရွေးချယ်ထားမှပဲ စိတ်ချရမှာပါ။ ကျွန်တော် ကတော့ အင်္ဂလန်တို့ ပွဲချိန် အတွင်း ၁ ဂိုးလောက်နဲ့ပဲ ကပ်နိုင်သွားမယ် ထင်ပါတယ်။ ဒီပွဲလည်း ဂိုးပေါင်း အောက်ပဲ ကြိုက်ပါတယ်။

စောင့်ကြည့်ရမယ့် ကစားသမားတွေ ကတော့ အင်္ဂလန် ဘက်က ဆိုရင် ဒီကလန် ရိုက်စ်နဲ့ ဆလိုဗက်ကီးယား ဘက်ကတော့ ဂိုးသမား ဒူဗရက်ဗ်ကာကို ရွေးချယ်ထားချင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်