နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒမ်ဖရိုင်းစ်ရဲ့ နောက်ကျဂိုးကြောင့် အဖွင့်ပွဲစဉ်ကနေ အဖိုးတန် ၃ မှတ် ရခဲ့တဲ့ ဒက်ချ် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

နယ်သာလန် ၃ – ၂ ယူကရိန်း

(ဝိုင်နယ်ဒမ် ၅၂’၊ ဝဂ်ဟော့စ်တ် ၅၈’၊ ဒမ်ဖရိုင်းစ် ၈၅’)

(ယာမိုလန်ကို ၇၅’၊ ယာရမ်ချက်ခ် ၇၉’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နယ်သာလန်နဲ့ ယူကရိန်း တို့ရဲ့ ယူရို ၂၀၂၀ အုပ်စု(C) ပွဲစဉ်မှာတော့ ပထမပိုင်းအပြီး ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့ပေမယ့် ဒုတိယမှာ အပြန်အလှန် ဂိုးတွေသွင်းပြီး ၃-၂ ရလဒ်နဲ့ အိမ်ရှင် ဒက်ချ်တို့ အနိုင်ရသွားခဲ့ပါတယ်။ အဓိကပြိုင်ပွဲကြီး တစ်ခုမှာ ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး နယ်သာလန်တို့ အိမ်ရှင် အားသာချက် ရှိပေမယ့် ယူကရိန်းကို အနိုင်ရဖို့ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ နယ်သာလန် နည်းပြ ဖရန့်ခ်ဒီဘိုးဝါးရဲ့ အသင်းက ဂျော်ဂျီယာနဲ့ ခြေစမ်းပွဲက လူစာရင်းကို ၁ နေရာသာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ၅-၃-၂ အစား ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာပါတယ်။ ဝိုင်ဒယ် နေရာမှာ ဗန်အန်းဟော့လ်တ်ကို အသုံးပြုခဲ့ပြီး ဒီပေး၊ ဝဂ်ဟော့စ်တ်၊ ဒီရွန်၊ ဝိုင်နယ်ဒမ်၊ ဒီဗရစ်ဂျ် ဒါလေဘလိုင်း တို့နဲ့ အတောင်းတင်းဆုံး ပွဲထွက်လာပါတယ်။ ရှက်ဖ်ချန်ကိုရဲ့ အသင်းကတော့ ၄-၁-၂-၂-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး ခံစစ်မှာ မိုင်ကိုလန်ကို၊ ဇဘာညီ၊ ခရာဗေ့ဗ်၊ ဇင်ချန်ကို၊ မယ်လင်နော့ဗ်စကီး၊ ဆိုင်ဒိုချက်ခ်၊ ယာမိုလန်ကို တို့လို ကစားသမားတွေ ပါဝင်လာပါတယ်။ နယ်သာလန်တို့ ယူရို ၂၀၀၈ နောက်ပိုင်း အဓိက ပြိုင်ပွဲကြီး တစ်ပွဲကို အိမ်ကွင်း ပရိသတ် ၁၆၂၀၀ ရှေ့မှောက်မှာ ၇နှစ် အကြာမှ ပထမဦးဆုံးအကြိမ် ပြန်လည် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူရို ၂၀၂၀ ရဲ့ အုပ်စုအဖွင့် ပွဲစဉ်လည်း ဖြစ်နေတာကြောင့် နည်းပြ ဒီဘိုးဝါး ကစလို့ တစ်သင်းလုံး မဖြစ်မနေ အနိုင်ရဖို့ ပြင်ဆင်လာတဲ့ သဘောရှိပါတယ်။ နောက်ပိုင်း ပွဲစဉ်တွေမှာ ပုံစံကောင်းပြန်ရနေတဲ့ နယ်သာလန်တို့ ဒီနေ့ပွဲမှာ အကောင်းဆုံး မဟုတ်ရင်တောင် လက်ခံနိုင်တဲ့ ခြေစွမ်းမျိုးနဲ့ ကစားသွားခဲ့တာ တွေ့ရပြီး ပြိုင်ပွဲ အတွေ့အကြုံနုတဲ့ ယူကရိန်းကလည်း နယ်သာလန်လို အသင်းကို ကောင်းကောင်းကြီး ဒုက္ခပေးသွားတာ တွေ့ရပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ နယ်သာလန်တို့ အဘက်ဘက်က အသာရခဲ့ပေမယ့် ပထမပိုင်း ပြီးဆုံးချိန် အထိ ဂိုးရဖို့ ရုန်းကန်ခဲ့တာပါ။ ဒုတိယပိုင်း မှာတော့ နယ်သာလန် တို့ ၆ မိနစ်တွင်း ၂ ဂိုးသွင်းပြီး ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိုးတွေ ကိုတော့ ဝိုင်နယ်ဒမ်က ၅၂ မိနစ်နဲ့ ဝဂ်ဟော့စ်တ်က ၅၈ မိနစ်တို့မှာ အသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ဘက်ကို ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ရှက်ဖ်ချန်ကိုရဲ့ အသင်းက ကစားပုံ ပိုကောင်းလာသလို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့လို့ ၇၅ မိနစ်နဲ့ ၇၉ မိနစ်တွေမှာ ယာမိုလန်ကိုနဲ့ ရိုမန် ယာရမ်ချက်ခ် က ၄ မိနစ် နှစ်ဂိုးသွင်းပြီး အိမ်ရှင်ကို ပြန်ပြီး ချေပခဲ့ပါတယ်။ ၂-၂ ရလဒ် ထွက်ပေါ်နေချိန်မှာ ဂျိုဟန်ခရိုက်ကွင်း တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး ၈၅ မိနစ် အရောက်မှပဲ အားပေးသံတွေနဲ့ ပြန်လည် ဆူညံသွားခဲ့ ရပါတော့တယ်။ နေသန်အေခီ ကန်တင်ပေးပို့တဲ့ ဘောလုံးကို ဒမ်ဖရိုင်းစ်က ဂိုးသမားရဲ့ ညာဘက် အောက်ထောင့်ထဲ ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အနိုင်ဂိုး ရရှိပြီးတဲ့နောက် ဒီဘိုးဝါး အနေနဲ့ ခံစစ်ကစားပုံ ပြောင်းပြီး ပွဲကို ထိန်းကစားသွားခဲ့လို့ ၃-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

အန်ဒရီ ရှက်ဗ်ချိန်ကိုဟာ ယူရို ၂၀၂၀ မတိုင်ခင် ယူကရိန်း အတွက် ဥရောပချန်ပီယံရှစ် နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ တစ်ဦးတည်းသော ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။
လာမယ့်ပွဲစဉ်မှာ မြောက်မက်ဆီဒိုးနီးယားနဲ့ ကစားရမယ့် ယူကရိန်း

 

ကြယ်ပွင့်ကစားသမား – ဒန်ဇဲလ် ဒမ်ဖရိုင်းစ်

(စာရေးသူ စိတ်ကြိုက်ကစားသမား – ဖရန်ကီ ဒီယွန်း)

ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားကို ရွေးချယ် ချီးမြှင့်နေတဲ့ ကြယ်ပွင့်ကစားသမားဆု ကိုတော့ နယ်သာလန် တောင်ပံက ဒန်ဇဲလ် ဒမ်ဖရိုင်းစ်က ရရှိသွားပါတယ်။ ယူအီးအက်ဖ်အေ နည်းစနစ် လေ့လာသူများ အဖွဲ့ဝင် ဖရန်စ်ဟွတ်ခ်ရဲ့ သုံးသပ်ချက်အရ ဒမ်ဖရိုင်းစ်ဟာ ပြိုင်ပွဲဆီကို အားအင်တွေ ယူဆောင်လာခဲ့သူ ဖြစ်ပြီး အခွင့်အရေး ဖန်တီးမှုတွေ အပြင် အနိုင်ဂိုးလည်း သွင်းယူနိုင်ခဲ့သူ ဖြစ်လို့ ကြယ်ပွင့်ကစားသမား အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ဒမ်ဖရိုင်းစ်ဟာ နယ်သာလန် အတွက် အရေးပါတဲ့ အဆုံးအဖြတ် ဂိုးကို သွင်းယူခဲ့လို့သာ ပွဲစဉ်ရဲ့ ကြယ်ပွင့်ကစားသမား သတ်မှတ်ခံခဲ့ရတာပါ။ စာရေးသူရဲ့ သဘောအရ ဆိုရင်တော့ ဂိုးကန်သွင်းမှု ကလွဲရင် ဒမ်ဖရိုင်းစ် ထက် ဘောလုံး ပေးပို့မှု၊ အခွင့်အရေး ဖန်တီးမှု၊ ဘောလုံးထိချက်တွေ အထိ အဘက်ဘက်မှာ ပိုသာတဲ့ ဖရန်ကီဒီယွန်းကိုပဲ ရွေးချယ်မိမှာပါ။
 

ပွဲပြီးအချက်အလက်များ

• ယူရို ၂၀၂၀ ဟာ နယ်သာလန် အတွက် ၂၀၀၈ နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပြန်လည် ကစားခွင့်ရခဲ့တဲ့ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲ ဖြစ်ပါတယ်။
• ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေပေမယ့် ဒုတိယပိုင်း ရောက်မှ ဂိုးများစွာ သွင်းယူခဲ့တဲ့ ယူရိုပြိုင်ပွဲရဲ့ ပထမဦးဆုံးပွဲ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
• အန်ဒရီ ရှက်ဗ်ချိန်ကိုဟာ ယူရို ၂၀၂၀ မတိုင်ခင် ယူကရိန်း အတွက် ဥရောပချန်ပီယံရှစ် နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ တစ်ဦးတည်းသော ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။
• ယူကရိန်းဟာ လက်ရှိ ယူရို ၂၀၂၀ မတိုင်ခင် ဥရောပချန်ပီယံရှစ် ပြိုင်ပွဲတွေမှာ နောက်ဆုံး ဂိုးကန်သွင်းမှု ၇၂ ကြိမ် ပြုလုပ်ထားပေမယ့် သွင်းဂိုး ၁ ဂိုးမှ မရခဲ့တဲ့ အသင်းဖြစ်ပါတယ်။
• ပွဲချိန် ၈၅ မိနစ်မှာ ဂိုးသွင်းယူခဲ့တဲ့ ဒန်ဇဲယ် ဒမ်ဖရိုင်းစ်ဟာ ယူရို ၂၀၀၀ နောက်ပိုင်း ဖရန့်ဒီဘိုးဝါး ပြီးရင် နယ်သာလန် အတွက် နောက်အကျဆုံး အနိုင်ဂိုး သွင်းသူ ဖြစ်လာခဲ့ပါတယ်။
• ဂိုးသမားကြီး စတယ်ကလန်ဘတ်ဟာ ယူရိုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ နယ်သာလန် အတွက် ပွဲထွက် ကစားခွင့် ရခဲ့တဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်လာပါတယ်။ စတယ်ကလန်ဘတ်ဟာ ၂၀၀၈ ခုနှစ်က (၃၇ နှစ် ၂၃၆ ရက်)နဲ့ ဂိုးသမားဟောင်း အက်ဒ်ဝင်ဗန်ဒါးဆား တင်ထားခဲ့တဲ့ စံချိန်ကို (၃၈ နှစ် ၂၆၄ ရက်)နဲ့ ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ယူကရိန်းတို့ လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ မြောက်မက်ဆီဒိုးနီးယားနဲ့ ကစားရမှာ ဖြစ်လို့ ပွဲချောင်နေတယ် ဆိုပေမယ့် ပန်ဒက်ဗ် ဦးဆောင်လာတဲ့ အသင်းကို အထင်သေးရင် ရမှတ် ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ နယ်သာလန် ကလည်း ပွဲဦးထွက် ဂိုးပြတ် နိုင်ပွဲရခဲ့တဲ့ ဩစတြီးယားနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ပေါ့ဆလို့ မရပါဘူး။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်