နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ ကို ကြိုတင် ခန့်မှန်းကြည့်ခြင်း | အီတလီ

အခုတစ်ခါမှာတော့ ယူရို ၂၀၂၀ အတွက် ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းတွေရဲ့ အုပ်စုအခြေအနေ၊ လူစာရင်းနဲ့ ကစားကွက်၊ စောင့်ကြည့်ရမယ့် ကစားသမား၊ အလားအလာ တွေနဲ့ ပတ်သတ်လို့ ကြိုတင်ခန့်မှန်းချက်တွေကို  ကျွန်တော်များ SBOTOP ကနေ နေ့စဉ် တင်ဆက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါဆို အုပ်စု(အေ)က နာမည်ကြီး အီတလီနဲ့ပဲ စလိုက်ကြရအောင်။

အီတလီ ကတော့ လက်ရှိ ယူရို ၂၀၂၀ မှာ ဖြတ်မြင်း အဖြစ် သတ်မှတ်ခံထားရတဲ့ အသင်း ဖြစ်ပါတယ်။ ရောဘတ်တို မန်ချီနီ နည်းပြ အဖြစ် ကိုင်တွယ်ချိန်က စပြီးတော့ တောက်လျောက် ခြေစွမ်း ပြန်တက်လာတဲ့ အသင်း ဖြစ်တာကြောင့် အခု လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ မထင်မှတ်ထားတာတွေ လုပ်ပြနိုင်မယ့်အသင်း အဖြစ် နာမည်ကြီး သုံးသပ်သူ တော်တော်များများက ခန့်မှန်းထားကြပါတယ်။
 

သမိုင်းကြောင်း

လက်ရှိ ဖီဖာရဲ့ သတ်မှတ်ချက်အရ ကမ္ဘာ့ ၇ နေရာမှာ ရှိနေတဲ့ အီတလီ ရဲ့ ယူရိုပြိုင်ပွဲ သမိုင်းကြောင်းတချို့ကို ပြန်ကြည့်မယ် ဆိုရင် သိပ်ပြီး အားရစရာတော့ မရှိပါဘူး။ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ၄ ကြိမ်အထိ ရရှိထားတဲ့ အအောင်မြင်ဆုံး အသင်းတွေထဲမှာ ပါဝင်နေပေမယ့် ယူရိုပြိုင်ပွဲ အောင်မြင်မှုနဲ့ ဝေးကွာနေတာဟာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ၉ ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ထားခဲ့ပြီး အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူရို ၁၉၆၈ မှာတုန်းက ချန်ပီယံ တစ်ကြိမ်၊ ယူရို ၂၀၀၀နဲ့ ၂၀၁၂ တို့မှာ ဒုတိယ နှစ်ကြိမ် ရရှိခဲ့တာက အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ မှတ်မှတ်ရရ ယူရို ၂၀၀၀ ဗိုလ်လုပွဲမှာ ဒဲလ်ဗက်ခီယိုရဲ့ ဂိုးနဲ့ မိနစ် ၉၀ အထိ ဦးဆောင်နိုင်ခဲ့ပေမယ့် ပြိုင်ဘက် ပြင်သစ်က ဝီးလ်တော့ဒ်ရဲ့ နာကျင်အချိန်ပို ချေပဂိုးနဲ့ ထရက်ဇီဂေးရဲ့ အနိုင်ဂိုးတို့ကို ခွင့်ပြုပေးခဲ့ရလို့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ပိုလန်/ယူကရိန်း ယူရို ၂၀၁၂ ဗိုလ်လုပွဲမှာ စပိန်ကို ၄-၀ နဲ့ အပြတ်အသတ် ရှုံးနိမ့်ပြီး နောက်ထပ်တစ်ကြိမ် ဒုတိယ ရရှိထားခဲ့ပါတယ်။
 

နည်းပြ

ရောဘတ်တို မန်ချီနီ

အီတလီရဲ့ လက်ရှိအခြေအနေ ကတော့ တော်တော်လေးကို အားရစရာကောင်းပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်တဲ့အထိ အကြီးအကျယ် ကျရှုံးခဲ့ခြင်းဟာ အစဉ်အလာကောင်းခဲ့တဲ့ အီတလီ ဘောလုံးလောက တစ်ခုလုံး အတွက် တုန်လှုပ် ခြောက်ခြားစရာ ဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် ဥရောပ နာမည်ကြီး ကလပ်တွေမှာ နည်းပြ တာဝန်ယူခဲ့တဲ့ ရောဘတ်တို မန်ချီနီ ကို အလျင်အမြန် ခန့်အပ်ခဲ့ပါတယ်။ မန်ချီနီဟာ ကစားသမား ဘဝမှာ ဆမ်ဒိုးရီးယား၊ လာဇီယိုတို့နဲ့ အောင်မြင်မှုတွေ ရရှိခဲ့သလို နည်းပြ ဘဝမှာလည်း လာဇီယို၊ အင်တာမီလန်၊ မန်ချက်စတာစီးတီး၊ ဂါလာတာစာရေး စတဲ့ အသင်းတွေကို ဆုဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
 

လက်ရှိ အခြေအနေ

ယေဘုယျအားဖြင့် ခြုံငုံသုံးသပ်ရမယ် ဆိုရင် အီတလီဟာ ယူရို ၂၀၂၀ ချန်ပီယံဆုကို မျှော်လင့်နိုင်တဲ့ အသင်းလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ဥရောပ ထိပ်သီးကလပ်တွေနဲ့ ဆုဖလား အောင်မြင်မှုတွေ ရရှိထားတဲ့ မန်ချီနီ

မန်ချီနီကို နည်းပြချုပ် တာဝန် ပေးအပ်ခဲ့ခြင်းဟာ အီတလီ ဘောလုံး အဖွဲ့ချုပ် အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် လို့ဆိုရမှာ ဖြစ်ပြီး မန်ချီနီ‌ ရောက်ရှိချိန်ကစလို့ လက်ရှိအထိ ပြိုင်ပွဲစုံ ၂၂ ပွဲဆက် ရှုံးပွဲ မရှိအောင် စွမ်းဆောင် ထားခဲ့ပါတယ်။ အီတလီဟာ လက်ရှိ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ဘယ်ဂျီယံလိုပဲ ရာနှုန်းပြည့် နိုင်ပွဲနဲ့အတူ အုပ်စု အဆင့်ကို တက်ရောက် လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ တိုက်စစ် အသားပေး ကစားဟန်နဲ့ အတူ ခြေစစ်ပွဲ ၁၀ ပွဲ ကစားရာမှာ တစ်ပွဲ ပျမ်းမျှ ၄ ဂိုးနီးပါး သွင်းပြီး ပေးဂိုး ၄ ဂိုးသာ ရှိခဲ့ပါတယ်။ လက်ရှိ အီတလီရဲ့ ၂၆ ဦး အပြီးသတ် လူစာရင်းကို ကြည့်မယ်ဆိုရင် တိုက်စစ်မှာ ခြေစစ်ပွဲ တောက်လျောက် ဂိုးအများဆုံး သွင်းထားတဲ့ ဘယ်လော့တီ အပြင် စီးရီးအေ နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ အင်ဆစ်ဂ်နီ၊ အင်မိုဘီလီ တို့ ရှိနေပါတယ်။ ဘောလုံးပိုင်ဆိုင်မှု၊ ဖိအားပေးမှု၊ အမြန်နှုန်း အသားပေး ကစားဟန် အတွက် အဓိက အရေးအကြီးဆုံးက ဗာရက်တီ၊ ဂျော်ဂျင်ဟို၊ ဘာရယ်လာ တို့ ၃ ဦး ဖြစ်ပြီး ဒီရာသီမှာ အကောင်းဆုံး  ခြေစွမ်းတွေနဲ့ အတူ တောက်ပလာခဲ့တဲ့ ဖက်ဒရစ်ကို ခီယေဇာ၊ ပယ်လီဂရီနီ၊ လိုကတ်တယ်လီ၊ ဘာနက်ဒက်ချီ တို့ကြောင့်လည်း အင်အား တောင့်တင်းလွန်းနေပါတယ်။ ပြသနာက ဗဟိုခံစစ်ပိုင်း ဖြစ်ပြီး ခီလီနီ၊ ဘိုနီချီ တို့လို သက်ကြားအိုတွေနဲ့ ပွဲထွက်ကစားနေရတာ ဖြစ်ပါတယ်။ ခရစ္စတီယန်တီ၊ ရာဖာတိုလွိုင်၊ ဘက်စတိုနီ တို့ဟာ အတွေ့အကြုံပိုင်း လိုအပ်ချက် ရှိနေသေးသလို အမှားလုပ်တတ်သူတွေ ဖြစ်လို့ မန်ချီနီ အတွက်တော့ စိတ်မချစရာပါပဲ။
 

စောင့်ကြည့်ရမယ့် ကစားသမား

ကိုင်ရို အင်မိုဘီလီ (တိုက်စစ်)

တော်တော်များများက ကွင်းလယ်ကစားသမား ဗာရက်တီကို အီတလီ အတွက် စောင့်ကြည့်ရမယ့် ကစားသမား အဖြစ် ထင်ကြေးပေးနေကြပေမယ့် တိုက်စစ်က အင်မိုဘီလီကို ပိုပြီး သဘောကျနေပါတယ်။ အသက် ၃၁ နှစ်အရွယ် လာဇီယို တိုက်စစ်မှူး အင်မိုဘီလီဟာ မန်ချီနီ လိုချင်တဲ့ အတွေ့အကြုံ၊ ပါးနပ်မှု၊ ဂိုးကံကောင်းမှုတွေနဲ့ ပြည့်စုံသူ ဖြစ်ပြီး အီတလီ တိုက်စစ်ကို အဓိက ဦးဆောင်လာမယ့်သူ ဖြစ်ပါတယ်။ အီတလီရဲ့ ၂၀၂၀ ခုနှစ် အတွက် အကောင်းဆုံး အားကစားသမားဆု ရရှိထားတဲ့ အင်မိုဘီလီ အနေနဲ့ နိုင်ငံ့လက်ရွေးစင် အသင်းအတွက် အမှန်တကယ်ပဲ အားကိုးလို့ ရနိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။
 

အုပ်စု အလားအလာ

နောက်တစ်ဆင့် ဆိုတာကို မစဉ်းစားခင် အီတလီတို့ လက်ရှိကျရောက်နေတဲ့ အုပ်စု(အေ)ရဲ့ အခြေအနေကို အရင်ဆုံး စဉ်းစားရပါမယ်။ ယူရို ၂၀၂၀ အိမ်ရှင် အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံ ၁၁ နိုင်ငံထဲမှာ ပါဝင်နေပြီး တူရကီ၊ ဝေးလ်စ်၊ ဆွစ်ဇာလန်တို့နဲ့ ကစားရမယ့် အုပ်စု ပွဲစဉ် ၃ ပွဲ စလုံးကို ရောမမြေမှာ ကစားရမှာပါ။ ဒီအချက်ကလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ အီတလီကို ပါဝင်လာစေခဲ့တာ ဖြစ်ပါတယ်။ အုပ်စု ပွဲစဉ်တွေဟာ တကယ်တမ်း ကစားမယ်ဆိုရင် အီတလီ အတွက် မခက်ခဲပေမယ့် ကျန် ၃ သင်းရဲ့ မထင်မှတ်ထားတဲ့ တုန့်ပြန်မှုတွေကိုတော့ မန်ချီနီ အနေနဲ့ ကြိုတင် တွက်ဆထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ ယေဘုယျအားဖြင့် ခြုံငုံသုံးသပ်ရမယ် ဆိုရင် အီတလီဟာ ယူရို ၂၀၂၀ ချန်ပီယံဆုကို မျှော်လင့်နိုင်တဲ့ အသင်းလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်