နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ်နိုင်ပွဲကိုယ်စီနဲ့ ခရာဘောင်ဖလား နောက်တစ်ဆင့်တက်ခဲ့တဲ့ ပရီးမီးယားလိဂ်ထိပ်သီးများ

မနေ့ညကယှဉ်ပြိုင်ကစားခဲတဲ့ ခရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဉ်တွေ မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး နဲ့ အဲဗာတန်တို့ ဂိုးပြတ်နိုင်ပွဲ ရရှိသွားကြပါတယ်။

 

ဘရိုက်တန်ကို ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တဲ့ ယူနိုက်တက်

(ဘရိုက်တန် ၀ – ၃ မန်ချက်စတာယူနိုက်တက်)

မန်ချက်စတာယူနိုက်တက်တို့ ပြီးခဲ့တဲ့ စနေနေ့ ဘရိုက်တန်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ကစားပြီး ခြေစွမ်းမကောင်းခဲ့ပေမယ့် ကံတရားရဲ့ ဖေးမမှုကြောင့် ၂ – ၃ အနိုင် ရခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့် အခုကစားခဲ့တဲ့ ပွဲမှာတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကလိုမဟုတ်ပဲ ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ အတူ အဝေးကွင်းမှာ ဘရိုက်တန်ကို ၃ဂိုးပြတ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ယူ နိုင်ခဲ့ပါတယ်။ ဘရူနိုဖာနန်စ်ကို လာမယ့် တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲအတွက် လူစာရင်းမှာ ချန်ခဲ့တဲ့ သဘောမှာရှိပြီး တော်မီနေး၊ ဖရက်ဒ်၊ ဗန်ဒါဘိခ်၊ ဒန်နီရယ်ဂျိမ်းစ်၊ မာတာ စတဲ့ ကစားသမားတွေနဲ့ အိမ်ရှင်ဘရိုက်တန်ကို တစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် ဘရိုက်တန် အိမ်ကွင်း အမေရိကန် အိတ်စ်ပရက်စ်မှာ အနိုင်ရအောင်ယူနိုင်ခဲ့တာပါ။ သွင်းဂိုးတွေကိုတော့ ဒီနေ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မက်တော်မီနေးက ၄၄ မိနစ်မှာ ပထမဂိုး၊ ဗန်ဒါဘိခ်ရဲ့ ဖန်တီးပေးပို့မှုကနေ မာတာက ၇၃မိနစ်မှာ ဒုတိယဂိုး ၊ မိနစ် ၈၀ မှာပေါ့ဘာက တတိယဂိုးတို့ကို အသီးသီးသွင်းယူပေးခဲ့ကြပါတယ်။ အနိုင်ရသွားတဲ့ ယူနိုက်တက်တို့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး ဘရိုက်တန်ကတော့ အဲဗာတန် အိမ်ကွင်း ဂူဒီဆင်ပါ့ခ်မှာ သွားရောက်ကစားရဖို့ရှိနေပါတယ်။

 

 

ဂိုးပြတ်ရှုံးပွဲကို ဂိုးပြတ်နိုင်ပွဲနဲ့ ပြန်နှစ်သိမ့်ခဲ့ရတဲ့ မန်စီးတီး

(ဘန်လေ ၀ – ၃ မန်ချက်စတာစီးတီး)

မန်ချက်စတာစီးတီးတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ လက်စတာစီးတီးကို ၂ – ၅ ရလဒ်နဲ့ ဆိုးဆိုးရွားရွားရှုံးနိမ့်ပြီး ပက်ဂွာဒီယိုလာ လက်ထက်မှာ ၅ နှစ်အတွင်း ပထမဆုံးအနေနဲ့ ၅ ဂိုးပြတ်အရေးနိမ့်ထားခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ မန်စီးတီးတို့ အခုပွဲမှာ ကစားရခက်တဲ့ ဘန်လေအိမ်ကွင်းကို သွားရောက် ကစားခဲ့ရတယ် ဆိုပေမယ့် စတာလင်ရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် ၃ဂိုးပြတ်နဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ခရာဘောင်ဖလားရဲ့ ၃ နှစ်ဆက် ချန်ပီယံ မန်ချက်စတာစီးတီးအနေနဲ့ ဘန်လေကို သက်တောင့်သက်သာ ကစားပြီး အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာ ဘင်ဂျမင်မန်ဒီရဲ့ ပေးပို့မှုကနေ စတာလင်က ဦးဆောင်ဂိုး စတင်သွင်းယူပြီး ဒုတိယပိုင်း ၄၉ မိနစ်မှာ လည်း တောင်ပံက ဖာရန်တောရက်စ် ဖန်တီးပေးပို့မှုက တစ်ဆင့်စတာလင်ကပဲအဆုံးသတ်ပြီး ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၆၅မိနစ် အရောက်မှာတော့ ဖာရန်တောရက်စ်ကပဲ တတိယဂိုးကို သွင်းယူခဲ့လို့ ပွဲအပြီး ၃ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ မန်စီးတီးတို့ လာမယ့်ပွဲမှာ လိဒ်စ်ယူနိုက်တက်ရဲ့ အယ်လန်ရုဒ်ကို သွားရောက် ကစားဖို့ရှိပြီး ဘန်လေကလည်း နယူးကာဆယ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်လို့ ပွဲကြပ်ကိုယ်စီရင်ဆိုင်ရဖို့ ရှိနေပါတယ်။

 

(ရပ်တန့်လို့ မရသေးတဲ့ ကလဲဗတ်လီဝင်း နဲ့ အဲဗာတန်)

အဲဗာတန် ၄-၁ ဝက်စ်ဟမ်း

ရာနှုန်းပြည့်အနိုင်နဲ့ ရှေ့ဆက်နေတဲ့ အဲဗာတန်တို့ ကလဲဗတ်လီဝင်း နဲ့ အတူ နောက်ထပ် ဂိုးပြတ်နိုင်ပွဲရှာတွေ့ခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို VAR အကူညီနဲ့ အနိုင်ရခဲ့တဲ့ တော်ဖီတို့ ဒီပွဲမှာတော့ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဂိုးပြတ်သွင်းပြီး နှုတ်ဆက်ခဲ့ပါတယ်။ အယ်ဆန်လော့တီရဲ့ အဲဗာတန်အသင်းဟာ အခုနှစ် ပရီးမီးယားလိဂ် မှာ မထင်မှတ်ထားတာတွေ လုပ်ပြနိုင်မယ့် အသင်းလို့ ကြိုတင် ခန့်မှန်းထားခဲ့ ကြတဲ့အတိုင်း ကစားနေတဲ့ ပြိုင်ပွဲနှစ်ခုလုံးမှာ ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်ပါတယ်။ အဲဗာတန်တို့ ဝက်စ်ဟမ်းကို တစ်ဖက်သတ်ဖိကစားသွားနိုင်ခဲ့တာတွေ့ရပြီး ဝက်စ်ဟမ်းနောက်တန်းက အဲဗာတန်ရဲ့ ထိုးဖောက်မှုကို မထိန်းနိုင်ခဲ့တာတွေ့ရပါတယ်။ အဲဗာတန်အတွက် ဂိုးတွေကိုတော့ ကလဲဗက် လီဝင်း တစ်ဦးတည်း က ၁၁ မိနစ်၊ ၇၈ မိနစ်နဲ့  ၈၄ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ၅၆ မိနစ်မှာတော့ ရစ်ချာလီဆင်က တစ်ဂိုး သွင်းပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းအတွက် နှစ်သိမ့်ဂိုး ကိုတော့ ၄၆ မိနစ်မှာ စနော့ဂရက်စ် ကသွင်းယူ ပေးခဲ့ပါတယ်။ နိုင်ပွဲဆက်နေတဲ့ အဲဗာတန်တို့ လာမယ့်ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် ဘရိုက်တန်နဲ့ ကစားရဖို့ရှိနေပြီး ဝက်စ်ဟမ်းကတော့ လက်စတာစီးတီးကို အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်