နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိန့်မေရီမှာ ယူနိုက်တက်တို့ သရေတစ်မှတ်လောက်ပဲ မျှော်လင့်နိုင်မှာပါ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဆောက်သမ်တန် vs မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် တနဂ်နွေနေ့မှာ ကစားမယ့် ဆောက်သမ်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကို SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက် ပွဲကြို ခန့်မှန်းသုံးသပ် ပေးချင်ပါတယ်။ လက်တလော ပရီးမီးယားလိဂ် မှာ ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ ဆောက်သမ်တန်တို့ ခြေစွမ်းအတက်အကျ မမှန်တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ ထိပ်တိုက် တွေ့ဆုံနေလို့ ကျိန်းသေပေါက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

ဆောက်သမ်တန်တို့ ဒီနှစ်မှာ ပရီးမီးယားလိဂ် မှာ အသင်းလိုက် စုစည်းပုံကောင်းကောင်းနဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ တောက်လျောက် ခြေစွမ်းပြနေတဲ့ အသင်း ဖြစ်ပါတယ်။  ပရီးမီးယားလိဂ် မှာ နောက်ဆုံး ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးသလို ရမှတ် ၁၇ မှတ်အထိရရှိအောင် စုဆောင်းထားနိုင်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာ တော့တင်ဟမ်ဟော့စပါးကို ဂိုးပြတ် အရေးနိမ့်ပြီးကတည်းက အိမ်ကွင်း အဝေးကွင်း တောင်လျောက် ရလဒ်ကောင်းတွေ ရရှိနေတာ တွေ့ရပါတယ်။ အိမ်ကွင်း ပွဲစဉ်တွေမှာတော့ ရာနှုန်းပြည့် အနိုင်ရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ဝက်စ်ဘရွန်း၊ အဲဗာတန်၊ နယူးကာဆယ်တို့ကို ၂-၀ ရလဒ်တွေ နဲ့ အနိုင်ရထားပါတယ်။ နောက်ဆုံး ပွဲစဉ်မှာတော့ ဝုဗ်ရဲ့ ကွင်းမှာ သွားရောက်ကစားပြီး ၁-၁ နဲ့ သရေကျထားပါတယ်။ သီယိုဝဲလ်ကော့တ်ရဲ့ အသင်းဟောင်းကို ပြန်ရောက်အပြီး ပထမဦးဆုံးသွင်းဂိုးနဲ့ အတူ ဦးဆောင်နိုင်ခဲ့ပေမယ့် အိမ်ရှင်အသင်းရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုပေးခဲ့ရလို့ သရေတစ်မှတ်ပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဆောက်သမ်တန်တို့ အိမ်ကွင်းစိန့်မေရီမှာ ယူနိုက်တက်ကို မာမာထန်ထန် တုံ့ပြန်နိုင်စွမ်းရှိနေလို့ ရလဒ်ကောင်း ရယူနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ကွင်းရှုံးပွဲ‌တွေ့ခဲ့ပြီး အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယားကို ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် မှာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်

နောက်ပိုင်းနှစ်တွေမှာ ဆိုရင် ဆောက်သမ်တန်ကွင်း စိန့်မေရီမှာ  မန်ချက်စတာယူနိုက်တက်တို့ ရလဒ်မကောင်းတာ ကြာပါပြီ။ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဆောက်သမ်တန်ကွင်းမှာ ကစားခဲ့တဲ့ ၂ကြိမ်မှာ ယူနိုက်တက်တို့ သရေ ရလဒ်ပဲ ရရှိအောင် စွမ်းဆောင်ထားနိုင်တာ တွေ့ရပါတယ်။ လက်ရှိ မန်ချက်စတာယူနိုက်တက် ရဲ့ ခြေစွမ်းပိုင်းကို လေ့လာကြည့်မယ် ဆိုရင် တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေသလိုပါပဲ အသင်းမှာ ကစားသမားကောင်းတွေ တော်တော်များများ ရှိနေပေမယ့် နည်းပြ ဆိုးလ်ရှားအနေနဲ့ ဘယ်လိုအသင်းနဲ့ ကစားရင် ဘယ်လူစာရင်းကို အသုံးပြုရမယ်ဆိုတာ စမ်းသပ်နေဆဲ ဖြစ်တာကြောင့် ခြေစွမ်း အတက်အကျ မမှန်ပါဘူး။ ယူနိုက်တက်တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၃ ပွဲ အနိုင်ရပြီး ၂ ပွဲရှုံးထားပါတယ်။ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အိမ်ကွင်းရှုံးပွဲ‌တွေ့ခဲ့ပြီး အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယားကို ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့နောက် အဲဗာတန်ကို အဝေးကွင်းမှာ အနိုင်ရပြီး၊ ဝက်စ်ဘရွန်းနဲ့ အစ္စတန်ဘူလ်ဘဆက်ခ်ရှီးယားကို အိမ်ကွင်းမှာ အနိုင်ရထားလို့ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားတယ်လို့ ပြောရပါမယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဆောက်သမ်တန်နဲ့ မန်ချက်စတာယူနိုက်တက် တို့ ၁၈၉၇ နှစ်နောက်ပိုင်းကတည်းက ၁၂၇ ကြိမ်တွေ့ဆုံထားပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ ၆၅ ကြိမ်အနိုင်ရထားပြီး ဆောက်သမ်တန်က ၂၈ ကြိမ် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက နှစ်ကြိမ်တွေ့ဆုံမှုမှာတော့ သရေပွဲတွေ ဖြစ်ထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆောက်သမ်တမ် vs မန်ချက်စတာ ယူနိုက်တက် 1X2 သရေ @ 3.40
နိုဝင်ဘာလ ၂၉ ရက်, ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၅၅ ဆ၊ ဧည့်သည်အသင်း အတွက်က ၂.၀၄ဆနဲ့ သရေအတွက် ၃.၄၀ဆ ကြေးဖွင့်ထားပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုအရ နောက်ပိုင်းနှစ်တွေမှာ စိန့်မေရီမှာဆို ယူနိုက်တက်တို့ ရလဒ်ကောင်းဖို့ ရုံးကန်ရလေ့ရှိပြီး အမြင့်ဆုံး သရေရလဒ်ပဲ မျှော်လင့်နိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်တို့ အမြင့်မှာရောက်နေလို့ စိန့်မေရီမှာ မန်ချက်စတာယူနိုက်တက်ကို ကျိန်းသေပေါက် ဒုက္ခပေးဦးမှာပါ။ ယူနိုက်တက်ကလည်း‌ ခြေစွမ်းမငြိမ်သေးပေမယ့် အနိမ့်ဆုံး သရေရလဒ် ရအောင် ကစားနိုင်စွမ်းရှိလို့ ဒီပွဲမှာတော့ ကြားနေပါပဲ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်