နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီမာရီယာရဲ့ဂိုးကြောင့် ခြေစစ်ပွဲအောင်မြင်ဖို့ ၉၀ရာခိုင်နှုန်းသေချာသွားတဲ့ အာဂျင်တီးနား | ကမ္ဘာ့ဖလားခြေစစ်ပွဲ(ပွဲပြီးသုံးသပ်ချက်)

countdown banner

ဥရုဂွေး ဝ – ၁ အာဂျင်တီးနား

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ဘရာဇီးကြောင့် ဒီပွဲမှာနိုင်ပွဲရဖို့အတွက် အာဂျင်တီးနားတို့ အားကုန်ထုတ် ကစားသွားခဲ့တယ်လို့ပဲဆိုရပါမယ်။ဒါပေမယ့်ပြိုင်ဘက်ကဥရုဂွေးဖြစ်နေတဲ့အတွက် ထင်သလောက်တော့မလွယ်ကူခဲ့ပါဘူး။ လက်ကျန်ပွဲစဉ် ၆ပွဲသာကျန်ရှိနေတာတဲ့အခြေအနေမှာနိုင်ပွဲရရှိခဲ့တဲ့ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ဖို့အတွက် ၉၀ရာခိုင်နှုန်းသေချာခဲ့ပြီလို့ဆိုရမှာပါ။ ဥရုဂွေးကတော့ Play-Off နေရာအပြင်ကိုရောက်သွားတဲ့အတွက် လက်ကျန်ပွဲစဉ်တိုင်းကအရေးပါခဲ့ပြီလည်းဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

မက်ဆီမပါဝင်ခဲ့ပေမယ့် ဒိုင်ဘာလာ၊ မာတီနက်ဇ်၊ ဒီမာရီယာ၊ လိုဆယ်လိုတို့နဲ့အတူအာဂျင်တီးနားတို့လူစုံခဲ့ပါတယ်။ ဥရုဂွေးကတော့ ပုံမှန်ပွဲထွက်နေကြအခြေအနေကနေခွဲထွက်ပြီးဆွာရက်ဇ်တစ်ဦးတည်းကိုတိုက်စစ်အထောင်ထားကစားခဲ့ပါတယ်။ ဘန်တန်ကူအာ၊ ဗီဆီနို၊ ဂိုဒင်၊ ဂျီမီနက်ဇ်၊တော်ရဲရားလ်တို့ပါဝင်တဲ့ ၄-၁-၄-၁ကစားကွက်ကတော်တော်လေးအလုပ်ဖြစ်ခဲ့တယ်လို့ပဲဆိုရမှာပါ။ ဒါပေမဲ့ ပွဲအစပိုင်းအထနှေးနေတဲ့အိမ်ရှင်အသင်းရဲ့လိုအပ်ချက်ကိုအာဂျင်တီးနားတို့အခွင့်အရေးယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇မိနစ်ကတည်းကဒီမာရီယာကအာဂျင်တီးနားအတွက် ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့တာပါ။ အသင်းဖော်ဒိုင်ဘာလာရဲ့ဖန်တီးပေးပို့မှုကိုဘယ်ခြေနဲ့ဝေ့ဝိုက်ကန်သွင်းခဲ့တဲ့ဒီမာရီယာရဲ့ကန်ချက်ကတော်တော်လေးကိုသေသပ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီဂိုးကြောင့် ဥရုဂွေးတို့ဖိအားစဝင်လာခဲ့ပြီးတိုက်စစ်ပိုင်းပိုပြီးဂရုတစိုက်ပြန်ကစားလာခဲ့ပါတယ်။ ဒါပေမဲ့ အော်တာမန်ဒီ၊ ရိုမီယိုတို့ ဦးဆောင်တဲ့ အာဂျင်တီးနားခံစစ်ကအမှားနည်းခဲ့လို့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ဥရုဂွေးတို့ အခွင့်အရေးအချို့ပြန်ရခဲ့ပါတယ်။ ကော်ရီယာ၊ဂိုဗက်ဇ်တို့ကိုလူစားလဲပြီးအနိုင်ဂိုးကိုထိန်းကစားဖို့ပြင်ဆင်ခဲ့တဲ့အာဂျင်တီးနားရဲ့ဗျူဟာအလုပ်ဖြစ်ခဲ့လို့သာဥရုဂွေးတို့ဂိုးထပ်မရခဲ့တာပါ။နောက်ပိုင်းပွဲချိန်တွေမက်ဆီ၊ ပလာစီယို့စ်တို့ကိုလူစားလဲပြီးအာဂျင်တီးနားတို့ပွဲကိုထိန်းကစားခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေအတွင်းအသင်းနှစ်သင်းလုံးအခွင့်အရေးကိုယ်စီထပ်ရခဲ့ပေမယ့်ဂိုးတွေဖြစ်မလာခဲ့လို့ပွဲအပြီးမှာဥရုဂွေးတို့ဝ-၁ဂိုးရလဒ်နဲ့အရေးနိမ့်ခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဥရုဂွေးအနေနဲ့ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာဘိုလီဗီးယားရဲ့ အိမ်ကွင်းကိုသွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပြီးအာဂျင်တီးနားကတော့ အိမ်ကွင်းမှာခြေစစ်ပွဲအောင်မြင်ထားပြီဖြစ်တဲ့ ဘရာဇီးကိုဧည့်ခံကစားရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲတောင်အမေရိကဇုန် အုပ်စုအဆင့် ၆ နေရာမှာရပ်တည်နေတဲ့ ဥရုဂွေး

အာဂျင်တီးနားအတွက် ထိုက်တန်တဲ့အနိုင်ရလဒ်တစ်ခုပါ။ ဥရုဂွေးအတွက်ကတော့ အိမ်ကွင်းကစားရပေမယ့် တိုက်စစ်ပိုင်းလိုအပ်ချက်ကြောင့် သွင်းဂိုးမရခဲ့ခြင်းနဲ့အတူနစ်နာခဲ့ရတာလည်းဖြစ်ပါတယ်။ ကစားသမားအင်အားစုဖွဲ့မှုသိပ်မကွာတဲ့အခြေအနေမှာပွဲအဖြေပြောင်းလဲနိုင်သူများတဲ့အသင်းကအသာရခဲ့တာပါ။ မက်ဆီမပါဝင်နိုင်ပေမယ့်အာဂျင်တီးနားကွင်းလယ်နဲ့တိုက်စစ်အကြားချိတ်ဆက်မှုတော်တော်လေးကောင်းမွန်ခဲ့ပါတယ်။ ဥရုဂွေးကတော့ခံစစ်ပိုင်းလိုအပ်ချက်ကိုပြင်ဆင်နိုင်ခဲ့တယ်ဆိုပေမယ့် ဒီမာရီယာရဲ့အဆင့်အတန်းမြင့်သွင်းဂိုးကိုတော့ ဘယ်လိုမှမတားဆီးနိုင်ခဲ့ပါဘူး။အနိုင်ရခဲ့တဲ့အာဂျင်တီးနားအတွက်ကတော့ခြေစစ်ပွဲလက်ကျန်၈ပွဲမှာ၂ပွဲအနိုင်ရရုံနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိမယ့်အခြေအနေကိုပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ဥရုဂွေးကတော့ Play Off နေရာနဲ့အမှတ်ကွာဟမှုမရှိပေမယ့် လက်ကျန်ပွဲစဉ်တိုင်းရုန်းကန်ရတော့မှာလည်းဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဥရုဂွေးအနေနဲ့ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာဘိုလီဗီးယားရဲ့အိမ်ကွင်းကိုသွားရောက်ယှဉ်ပြိုင်ရဖို့ရှိနေပြီးအာဂျင်တီးနားကတော့ အိမ်ကွင်းမှာခြေစစ်ပွဲအောင်မြင်ထားပြီဖြစ်တဲ့ ဘရာဇီးကိုဧည့်ခံကစားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်