နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရုရှားရဲ့ လက်ဆောင်ဂိုးကြောင့် တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ခရိုအေးရှား | ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ပွဲပြီးသုံးသပ်ချက်)

countdown banner

ခရိုအေးရှား ၁ – ၀ ရုရှား

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ရုရှားနဲ့ ဒုတိယ ရခဲ့တဲ့ ခရိုအေးရှားတို့ရဲ့ တွေ့ဆုံမှုက တော်တော်လေးကို အရေးပါခဲ့သလို စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ် တစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အနိုင်ရတဲ့ အသင်းက တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မှာမို့ အမှားမခံတမ်း ယှဉ်ပြိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ နည်းပြ နှစ်ဦးရဲ့ ဗျူဟာပိုင်း အားပြိုင်ခဲ့ကြတယ် ဆိုပေမယ့် ကံတရား အရ ခရိုအေးရှားတို့ဘက်မှာ ရှိနေခဲ့တယ်လို့ပဲ ဆိုရမှာပါ။
 

ပွဲစဉ်အကျဉ်း

ဒီဂိုးကြောင့်ပဲ ခရိုအေးရှားတို့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တိုက်ရိုက် ဝင်ပြိုင်ခွင့် ရခဲ့ပြီး ရုရှား ကတော့ Play Off နဲ့ပဲ ကျေနပ်ခဲ့ရပြီလို့ ဆိုရပါမယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play Off နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ရုရှား

ခြေရည်တူ အသင်းနှစ်သင်းရဲ့ အားပြိုင်မှုမှာ ကံတရားရဲ့ မျက်နှာသာပေးမှုကို ခရိုအေးရှားတို့ ရရှိခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဆမိုလော့ဗ်၊ ဂိုလိုဗစ်၊ ဘာရီနော့ဗ်၊ ဖိုမင်တို့ ပါဝင်လာတဲ့ ရုရှား ပွဲထွက် လူစာရင်းက အတောင့်တင်းဆုံး ဖြစ်ခဲ့ပါတယ်။ ကာမာရစ်၊ ဘရိုဇိုဗစ်၊ မိုဒရစ်၊ ပါရီဆစ် တို့နဲ့အတူ ၄-၃-၃ ကစားကွက်ကလည်း တော်တော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ ကြံ့ခိုင်မှု အသားပေး ကစားတတ်တဲ့ အသင်းတွေဖြစ်လို့ ပွဲအစကတည်းက ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒါပေမဲ့ ရုရှားရဲ့ ကစားပုံက ခရိုအေးရှား ခံစစ်အတွက် သိပ်ပြီး ထိရောက်မှု မရှိခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှု ၆၈-၃၂ ရာခိုင်နှုန်း အထိ ကွာဟမှုက ခရိုအေးရှားရဲ့ ကစားအားကို ပိုပြီး မြင်သာစေပါတယ်။ (ဂိုးကန်သွင်းမှု ၁၉ ကြိမ်အထိ ရှိခဲ့ပေမယ့် ခရိုအေးရှား တိုက်စစ်အနေနဲ့ ဂိုးရဖို့ မလွယ်ခဲ့တာ ကတော့ ရုရှားရဲ့ ခံစစ်ပိုင်း အမှားအယွင်း နည်းခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ပွဲချိန် မိနစ် ၇၀ နောက်ပိုင်းမှာ ခရိုအေးရှားတို့ ပိုပြီး အခွင့်အရေး ရလာခဲ့ပါတယ်။ တကယ်တမ်း မှာလည်း ပွဲပြီးခါနီးမှာ ကစားအားကျလာတဲ့ ရုရှား ခံစစ်ပိုင်းက လိုအပ်ချက် ရှိလာခဲ့တယ်လို့ ဆိုရမှာပါ။ မိုဒရစ်ရဲ့ ဖြတ်တင်ဘောကို ဖျက်ထုတ်ဖို့ အားစိုက်ရင်း ရုရှား နောက်ခံလူ ကူဒရာရော့ဟ် ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့တဲ့ အတွက် အိမ်ရှင်တို့ အားသာသွားခဲ့ရပါတယ်။ ပွဲချိန် ၈၁ မိနစ်မှာ ရခဲ့တဲ့ ဂိုးကြောင့် ရုရှားတို့ ဖိအားဝင်လာခဲ့ပြီး ခရိုအေးရှား အနေနဲ့ကလည်း ဂိုးမပေးရဖို့ အတွက်ပဲ ပြန်ပြီး အားစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ရုရှား တိုက်စစ်က ခရိုအေးရှား ဆီကနေ ဂိုးရဖို့ အတွက် လုံလောက်တဲ့ အခြေအနေ ရှိမနေခဲ့လို့ ပွဲပြီးဆုံးချိန် အထိ ဂိုးမရခဲ့ပါဘူး။ ပွဲအပြီး မှာတော့ ရုရှားဆီကနေ ရခဲ့တဲ့ လက်ဆောင်ဂိုးနဲ့ အတူ ခရိုအေးရှားတို့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

 
အကောင်းဆုံး အသင်းနှစ်သင်းရဲ့ အားပြိုင်မှုကို တွေ့ခဲ့ရပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရုရှားဆီ ကနေ ခရိုအေးရှားတို့ အဖိုးတန် အမှတ်ရရှိခဲ့တာပါ။ နှစ်သင်းလုံးရဲ့ ခံစစ်ပိုင်းက အားရစရာ ဖြစ်ခဲ့သလို ခရိုအေးရှားရဲ့ တိုက်စစ်ပိုင်း ကတော့ လိုအပ်ချက် ရှိနေခဲ့ပါတယ်။ ဂိုးပေါက် ကန်သွင်းမှု ၁၉ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၅ ကြိမ်ပဲ ရှိခဲ့တဲ့ အခြေအနေက အဓိကသက်သေပါပဲ။ ရုရှားကတော့ ခံစစ်ပိုင်းကိုပဲ အားပြုနေခဲ့ရင်း ကနေ အမှတ်မထင် ပေးခဲ့ရတဲ့ ဂိုးကြောင့် နစ်နာခဲ့ရပါတယ်။ ဒီဂိုးကြောင့်ပဲ ခရိုအေးရှားတို့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တိုက်ရိုက် ဝင်ပြိုင်ခွင့် ရခဲ့ပြီး ရုရှား ကတော့ Play Off နဲ့ပဲ ကျေနပ်ခဲ့ရပြီလို့ ဆိုရပါမယ်။ နည်းပြတွေရဲ့ ဗျူဟာပိုင်းအားပြိုင်မှု အလုပ်ဖြစ်ခဲ့ပြီး ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားပိုင်း အသာရတဲ့ အသင်းကို အနိုင်ရခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်