နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီကွေဒေါကို ပင်နယ်တီနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ခဲ့တဲ့ ကမ္ဘာ့ချန်ပီယံ | ကိုပါအမေရိကဖလား

countdown banner

လီယွန်နယ် မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနား အသင်း ကတော့ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ် မှာ အီကွေဒေါကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ မာတီနက်ဇ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ပြန်ပေးလိုက်ရတဲ့ ချေပဂိုးကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး အာဂျင်တီးနားတို့ ကိုပါအမေရိကဖလား ချန်ပီယံဆုနဲ့ လက်တစ်ကမ်း အကွာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားက တိုက်စစ်မှာ မက်ဆီနဲ့ မာတီနက်ဇ်ကို အထောင်ထားပြီး ကွင်းလယ်မှာတော့ ဂွန်ဇာလက်ဇ်၊ ဖာနန်ဒက်ဇ်၊ မာ့ခ် အယ်လစ္စတာနဲ့ ဒီပေါလ်၊ ခံစစ်မှာတော့ ရိုမဲယို၊ လီဆန်ဒရို မာတီနက်ဇ်၊ တက်ဂ်လီယာဖီကို၊ မိုလီနာ၊ ဂိုးမှာတော့ မာတီနက်ဇ် ပွဲထွက်လာခဲ့ပါတယ်။ အီကွေဒေါ ဘက်မှာတော့ အင်နာ ဗလင်စီယာ၊ ကိုင်စီဒို၊ ပေ့ဇ်၊ ပါချို၊ ဟင်ကပ်ပီ တို့လို ကစားသမားတွေ ပါဝင်လာခဲ့ပြီး အာဂျင်တီးနားကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပွဲအစ ၁၀ မိနစ် လောက်အထိကို အာဂျင်တီးနား ခြေထောက်ထဲမှာပဲ ဘောလုံး ရှိခဲ့ပြီး အီကွေဒေါ ကတော့ အာဂျင်တီးနား အမှားကို စောင့်ကစားခဲ့ပါတယ်။ အဲ့နောက် အီကွေဒေါတို့ ကစားကွက် မိလာခဲ့ အာဂျင်တီးနားတို့ ခက်ခဲခဲ့ရပြီး နောက်ပိုင်း မှာတော့ အာဂျင်တီးနားက ပွဲကို အာရုံပြန်စိုက်ခဲ့လို့ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ဦးဆောင်ဂိုးလည်း ရယူနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားရဲ့ ဦးဆောင်ဂိုး ကိုတော့ မာ့ခ် အယ်လစ္စတာရဲ့ ပေးပို့မှု ကနေ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ခေါင်းတိုက် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ အာဂျင်တီးနား ကတော့ ကိုပါအမေရိကဖလား လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အခြေအနေကောင်းနေခဲ့ပြီး မက်ဆီ အတွက်လည်း နိုင်ငံ အသင်းနဲ့ အတူ နောက်ထပ် ဆုဖလား အောင်မြင်မှု ထပ်မံ ရရှိဖို့ မျှော်လင့်ချက် ရှိနေပြီ ဖြစ်ပါတယ်။
အီကွေဒေါကို ပင်နယ်တီနဲ့ ကျော်ဖြတ်နိုင်ခဲ့တဲ့ အာဂျင်တီးနား

အဲဒီနောက် ဘောလုံးက ကွင်းလယ်မှာပဲ အပျက်များနေခဲ့ပြီး နှစ်သင်းစလုံး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မလုပ်နိုင်ခဲ့ကြလို့ ပွဲက ပျင်းဖို့ကောင်းခဲ့ပါတယ်။ ၆၂ မိနစ်မှာ အီကွေဒေါတို့ ပင်နယ်တီရခဲ့ပေမယ့် အင်နာ ဗလင်စီယာ ဝင်အောင် မကန်နိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ကြာလာတာနဲ့ အမျှ အီကွေဒေါက ချေပဂိုး ပြန်လည် ရရှိဖို့ အားစိုက် ကစားခဲ့ပြီး မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပိုမှာတော့ သူတို့ အတွက် လိုအပ်နေတဲ့ သွင်းဂိုးကို လူစားဝင် တိုက်စစ်မှူး ရိုဒရီဂွက်ဇ်က သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ မက်ဆီ ပင်နယ်တီ လွဲခဲ့ပေမယ့် ဂိုးသမား မာတီနက်ဇ်က အီကွေဒါ ဘက်က မီနာနဲ့ မင်ဒါတို့ရဲ့ ကန်သွင်းချက်တွေကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အာဂျင်တီးနားတို့ ပင်နယ်တီမှာ ၄-၂ ရလဒ်နဲ့ အနိုင်ရပြီး ကိုပါအမေရိက အကြိုဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အာဂျင်တီးနားရဲ့ ခြေစွမ်းက အားရစရာ မရှိခဲ့သလို သူတို့ အမြဲတမ်းနီးပါး အသာရခဲ့တဲ့ အီကွေဒေါကို သာမန် ပွဲချိန် အတွင်းမှာလည်း အနိုင်မယူနိုင်ခဲ့ပါဘူး။ တိုက်စစ်က မက်ဆီနဲ့ မာတီနက်ဇ် တို့ ခြေစွမ်းမပြနိုင်ခဲ့သလို အဲလ်ဗာရက်ဇ် ဝင်လာချိန်မှာလည်း ထူးထူးခြားခြား မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အီကွေဒေါ ခံစစ်ရဲ့ မာကျော ကျစ်လျစ်မှုကြောင့် အာဂျင်တီးနားတို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပြီး အမ်မီလီယာနို မာတီနက်ဇ်ရဲ့ နောက်ထပ် တစ်ကြိမ် လက်စွမ်းပြမှုကြောင့် ကံကောင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ အာဂျင်တီးနား ကတော့ ကိုပါအမေရိကဖလား လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အခြေအနေကောင်းနေခဲ့ပြီး မက်ဆီ အတွက်လည်း နိုင်ငံ အသင်းနဲ့ အတူ နောက်ထပ် ဆုဖလား အောင်မြင်မှု ထပ်မံ ရရှိဖို့ မျှော်လင့်ချက် ရှိနေပြီ ဖြစ်ပါတယ်။ အာဂျင်တီးနားဟာ ကိုပါအမေရိကဖလား ချန်ပီယံဆုဆီ သွားရာ လမ်းကြောင်းက တော်တော်လေး ချောင်နေပြီး ဆီမီးဖိုင်နယ်မှာတော့ ဗင်နီဇွဲလား သို့မဟုတ် ကနေဒါ အသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်