နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြိုင်ပွဲအသစ် စတော့မှာမို့လို အရင်ပွဲ ရလဒ်တွေကို အားကိုးလို့ မရတော့ဘူး ဆိုတဲ့ ဗင်နီဇွဲလား နည်းပြ | ကိုပါအမေရိကဖလား

countdown banner

ဗင်နီဇွဲလား အသင်း ကတော့ ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနေပြီးတော့ အုပ်စု အဆင့် ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖာနန်ဒို ဘက်တစ္စတာရဲ့ အသင်းက ကွာတားဖိုင်နယ် အဆင့်မှာ ကနေဒါ အသင်းနဲ့ တွေ့ဆုံနေပြီး ကျော်ဖြတ်နိုင်ခဲ့ရင်တော့ ဆီမီးဖိုင်နယ် အဆင့်မှာ အာဂျင်တီးနားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၅၄ နေရာမှာ ရှိနေတဲ့ ဗင်နီဇွဲလား အသင်းဟာ ကိုပါအမေရိကဖလား အုပ်စု အဆင့်မှာ အီကွေဒေါ၊ မက္ကဆီကို၊ ဂျမေကာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီးတော့ အဖွင့်ပွဲမှာ အီကွေဒေါကို ၁-၂၊ ဒုတိယပွဲမှာ မက္ကဆီကို,ကို ၁-၀၊ နောက်ဆုံး ပွဲမှာတော့ ဂျမေကာကို ၃-၀ ရလဒ်တွေနဲ့ အနိုင်ရလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဗင်နီဇွဲလား အသင်းက အသင်းလိုက် စုစည်းမှုကောင်းနေသလို စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကလည်း အမြင့်ဆုံးမှာ ရောက်ရှိနေလို့ ဒီနှစ် ကိုပါအမေရိကဖလား ပြိုင်ပွဲရဲ့ ဖြတ်မြင်း အသင်း အဖြစ် သတ်မှတ်ခံထားရပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြချုပ် ဖြစ်တဲ့ ဖာနန်ဒို ဘက်တစ္စတာ ကတော့ ဗင်နီဇွဲလားရဲ့ ပြီးပြည့်စုံတဲ့ ကိုပါအမေရိကဖလား အုပ်စု အဆင့် မှတ်တမ်းဟာ လက်ရှိမှာ မသက်ဆိုင်တော့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဗင်နီဇွဲလားဟာ သူတို့ အသင်းရဲ့ သမိုင်း တစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် အုပ်စု အဖွင့်ပွဲ ၃ ပွဲဆက် အနိုင်ရထားခဲ့တာ ဖြစ်လို့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ပြောရမှာပါ။ ဒါ့အပြင် ဗင်နီဇွဲလား အုပ်စု ၃ ပွဲမှာ ရဂိုး ၆ ဂိုး ရရှိခဲ့ပြီး ဥရုဂွေး ပြီးရင် တိုက်စစ် အကောင်းဆုံး အသင်း ဖြစ်နေသလို ပေးဂိုး ကလည်း အနည်းဆုံး အသင်း အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့်လည်း ဘက်တစ္စတာ ကတော့ ဒီပြိုင်ပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည် အတွက် ဝမ်းမြောက်မိပေမယ့်လည်း ဒီမှတ်တမ်းတွေကို ချန်ထားခဲ့ပြီး ကနေဒါကို အနိုင်ရဖို့ လိုအပ်ကြောင်း အခိုင်အမာ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဘက်တစ္စတာက “ပထမအဆင့်မှာ ကျွန်တော်တို့ တွေ့ကြုံခဲ့ရတာတွေက အရမ်းကောင်းပါတယ်၊ ဒါပေမယ့် အခု ပြီးသွားပါပြီ။ ဘာအောင်မြင်မှုမှ မရသေးပါဘူး။ ကျွန်တော်တို့ မနက်ဖြန်မှာ ကစားရမယ့် ပွဲက နောက်ထပ် ဖိုင်နယ်ပွဲ တစ်ပွဲပါ။ သွားရမယ့် ခရီးလမ်းက ရှည်လျားပါသေးတယ်။ ပြီးခဲ့တာတွေက ပြီးသွားပြီ။ အခု ပြိုင်ပွဲ အသစ် စတော့မှာမို့လို့ သရေပွဲ ဒါမှမဟုတ် အရင်ပွဲ ရလဒ်တွေကို အားကိုးလို့ မရတော့ပါဘူး။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဘက်တစ္စတာက “ခံစစ်ပိုင်းအရ၊ ကနေဒါက အားကောင်းပြီး Aggressive ဖြစ်ဖြစ် ကစားတတ်ပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း အင်အား တောင့်တင်းပါတယ်။ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က ပွဲချိန် မိနစ် ၉၀ ဒါမှမဟုတ် ၉၅ မိနစ် အတွင်းမှာ အနိုင်ရအောင် ကြိုးစားဖို့ပါ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ပင်နယ်တီ အတွက် လေ့ကျင့်ထားပေမယ့် ဒါဟာ ကျွန်တော် တို့ရဲ့ ရည်မှန်းချက် မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဗင်နီဇွဲလားဟာ အသင်း သမိုင်းတလျှောက် ကိုပါအမေရိကဖလားမှာ အမြင့်ဆုံး အနေနဲ့ အဆင့် ၄ သာ ရရှိခဲ့ဖူးပြီး ၁၉၆၇ ခုနှစ်က ဖြစ်လို့ တော်တော်လေး ဝေးကွာနေပြီလို့ ပြောလို့ ရပါတယ်။ အဲ့နောက်ပိုင်းမှာတော့ ဗင်နီဇွဲလားက ကွာတားဖိုင်နယ် အဆင့်ထိသာ အမြင့်ဆုံး ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိကဖလား မှာတော့ အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်