နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကင်းပါဝါမှာ အာဆင်နယ်ကို အရဲစွန့် ရွေးချယ်ကြမယ် | လက်စတာစီးတီး – အာဆင်နယ် (ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်)

လက်စတာစီးတီး – အာဆင်နယ်

လာမယ့် စနေနေ့ ညနေ မှာတော့ လက်စတာစီးတီးနဲ့ အာဆင်နယ်တို့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ရှိနေပြီးတော့ ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ စိတ်၀င်စားစရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့လည်း သေချာနေပါတယ်။

လက်စတာစီးတီးကတော့အခုနှစ်ဘောလုံးရာသီအစမှာရုန်းကန်ခဲ့ရတယ်ဆိုပေမယ့်နောက်ပိုင်းပွဲစဉ်တွေမှာတော့ခြေစွမ်းပိုင်းပြန်လည်တည်ငြိမ်လာမှုနဲ့အတူရလဒ်‌ပိုင်းလည်းတောက်လျောက်ပြန်ကောင်း‌နေတဲ့အသင်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရန်ဒန် ရော်ဂျာရဲ့ အသင်းက ဘယ်လောက်အထိ စွမ်းဆောင်နိုင်တယ် ဆိုတာ ပြသခဲ့ပြီး ဖြစ်ပါတယ်။ အဲ့နောက် ကစားရခက်တဲ့ စပါးတက်ခ်၊ ဘရန့်ဖို့ဒ် တို့ကိုပါ အဝေးကွင်းမှာ သွားရောက် အနိုင်ယူပြခဲ့ပြီး ကြားရက် မှာ ကစားခဲ့တဲ့ ခရာဘောင် ပွဲစဉ် မှာတော့ လက်စတာစီးတီးတို့ ဘရိုက်တန်ကို ပင်နယ်တီနဲ့ ကျော်ဖြတ်ထားနိုင်တာ တွေ့ရပါတယ်။ ဂျက်စတင်၊ ဖိုဖာနာ၊ အောလ်ဘရိုက်တန်၊ အန်ဒီဒီတို့ ဒဏ်ရာရနေသည့် တိုင်အောင် အတည်ငြိမ်ဆုံး စုဖွဲ့မှု ရရှိအောင် တည်ဆောက်ထားနိုင်ဆဲ ဖြစ်တဲ့ လက်စတာစီးတီးတို့ အခု တွေ့ဆုံရမှာက ပြိုင်ပွဲစုံမှာ ရှုံးပွဲ မရှိပဲ ရလဒ်တွေ ကောင်းနေတဲ့ အာဆင်နယ်နဲ့ ဖြစ်လို့ အနည်းငယ် သတိထားဖို့တော့ လိုအပ်ပါတယ်။ အခုပွဲ မှာလည်း အမာတေး၊ ဆိုယွန်ချူ၊ ဂျွန်နီ အီဗန့်စ် ခံစစ် ၃ ယောက် အတွဲအဖက်နဲ့ပဲ ပွဲထွက်လာမယ့် သဘော ရှိပြီး ကွင်းလယ်မှာ တေးလီမန့်စ်၊ ဆူမာရေး အတွဲကိုမှ တောင်ပံတွေမှာ ကတ်စတန်ညီ၊ ပရဲရား၊ တိုကိစစ် အတွက် မှာတော့ မက်ဒီဆင်၊ အီရန်နာချို၊ ဗာဒီ တို့ ပါ၀င်လာဖို့ များနေပါတယ်။

မီခယ် အာတေးတားရဲ့ အသင်း ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိခြင်းနဲ့ အတူ ၆ ပွဲ အနိုင်ရပြီး ၂ ပွဲ သရေကျထားတဲ့ အသင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာလည်း နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားထားပြီး အက်စတွန်ဗီလာနဲ့ ပွဲမှာဆိုရင် ဂန်းနားတို့ စွမ်းဆောင်ရည် ကောင်းတွေကို ထုတ်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကွင်းလယ်ကဂရန်းနစ်ချာကဒဏ်ရာပြသနာရှိ‌ေနချိန်မှာ ‌မီခယ်အာတေးတားအနေနဲ့ဟောင်းပေမယ့်ကောင်းနေဆဲ၄-၄-၂ကစားကွက်ကိုပြန်လည်အသုံးပြုနေတာတွေ့ရပါတယ်။ ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဂါဘရီရယ်၊ တီယာနီ၊ တိုမီယာဆု၊ ကွင်းလယ်မှာ လိုကွန်ညာ၊ သောမက်စ်ပါတေး၊ စမစ်ရိုးဝ်၊ ဆာကာနဲ့ တိုက်စစ်မှာ အော်ဘာမီယန်း၊ လာကာဇက် တို့နဲ့ပဲ ပွဲထွက်လာဖို့ ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာဘရန်ဒန်ရော်ဂျာရဲ့အသင်းကဘယ်လောက်အထိစွမ်းဆောင်နိုင်တယ်ဆိုတာပြသခဲ့ပြီးဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ လက်စတာစီးတီး

ထိပ်တိုက်တွေ့ဆုံမှုအရကြည့်မယ်ဆိုရင်အာဆင်နယ်တို့လက်စတာစီးတီးကိုအသာရခဲ့တာတွေ့ရမှာဖြစ်ပြီးကစားခဲ့တဲ့၁၄၆ပွဲမှာအာဆင်နယ်တို့၆၈ပွဲအထိအနိုင်ရပြီးလက်စတာစီးတီးကတော့၃၃ပွဲအနိုင်ရထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း နှစ်တွေ မှာတော့ လက်စတာစီးတီးဟာ အာဆင်နယ်ကို အသာစီးရခဲ့ပြီး နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ်မှာ ၄ ကြိမ် အထိ အာဆင်နယ်ကို အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ကင်းပါဝါကွင်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ် စလုံး မှာတော့ အာဆင်နယ်တို့ ဂိုးပြတ် အနိုင်ရထားခဲ့ဘူးပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လက်စတာစီးတီး – အာဆင်နယ် အချိန်ပြည့် ဂိုးပေါ် ၂.၅၀ @ ၁.၈၇ ဆ
အောက်တိုဘာ ၃၀ ရက်၊ ည ၆:၀၀ နာရီ ( GMT+ ၆:၃၀)

1X2 မှာတော့ လက်စတာစီးတီး အတွက် ၂.၄၆ ဆ၊ သရေ အတွက် ၃.၃၅ ဆ၊ အာဆင်နယ် အတွက် ၂.၇၄ ဆ ကြေးဖွင့် ပေးထားတာ တွေ့ရပါတယ်။ အာဆင်နယ်ဟာ လက်တလောမှာ အကောင်းဆုံး ခြေစွမ်းနဲ့ အကောင်းဆုံး စုဖွဲ့မှုကို မရသေးဘူးလို့ ဆိုရင်တောင် အမှတ်ဘယ်လို ရအောင် ကစားရမယ် ဆိုတာတော့ ကောင်းကောင်း နားလည်နေပါတယ်။ လက်စတာစီးတီး ကလည်း အသင်းကောင်း တစ်သင်း ပီပီ ကင်းပါဝါမှာ အာဆင်နယ်ကို အကောင်းဆုံး ဒုက္ခပေးနိုင်စွမ်းတော့ ရှိနေပါတယ်။ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။ ဒါပေမယ့် အားရစရာ ခြေစွမ်း ပိုင်ဆိုင်ထားတဲ့ အာဆင်နယ် ကိုပဲ အရဲစွန့်ပြီး ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်