နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘန်ချေးဝဲလ်နဲ့ မန်ဒီကြောင့် အဖိုးတန် အနိုင် ၃ မှတ် ရခဲ့တဲ့ ချဲလ်ဆီး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘရန့်ဖို့ဒ် ၀-၁ ချဲလ်ဆီး

အာဆင်နယ်ကို အနိုင်ယူပြီး လစ်ဗာပူးလ်ကို သရေ ကစားထားတဲ့ ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်းမှာ ချဲလ်ဆီးတို့ အနိုင်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ် တန်းတက် အသင်း တွေထဲမှာ ခြေစွမ်း အထက်မြတ်ဆုံး ဘရန့်ဖို့ဒ်ရဲ့ တန်ပြန် တိုက်စစ်နဲ့ ခံစစ် ကစားပုံက အကောင်းဆုံး ပုံစံမှာ ရှိခဲ့ပြီး နောက်ခံလူ ဘန်ချေးဝဲလ်ရဲ့ မြေမကျ အပြင်းကန်ချက် သွင်းဂိုးကြောင့်သာ ချဲလ်ဆီးတို့ နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

ဘရန့်ဖို့ဒ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ဒုတိယမြောက် ရှုံးပွဲ ကြုံသွားခဲ့ပေမယ့် အဆင့် ၇ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့တဲ့ ဘရန့်ဖို့ဒ်

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ တီမို ဗာနာနဲ့ လူကာကူ တို့ ဦးဆောင်လာခဲ့ပါတယ်။ ကန်တေ၊ ဘန်ချေးဝဲလ်၊ ကိုဗာချစ်၊ ခရစ္စတန်ဆန်၊ အက်ဇ်ပီလီကျူအာတာ တို့ကို လူငယ် ကစားသမားတွေ ဖြစ်တဲ့ ဆား၊ ချာလိုဘာ့ တို့နဲ့ တွဲဖက် ကစားစေခဲ့ပြီး မေဆင်မောင့်၊ ကိုင်ဟာဗက်ဇ်၊ ဂျော်ဂျင်ဟို၊ မားကို့စ် အလွန်ဆို တို့ကတော့ အရန်လူစာရင်းမှာပဲ ပါဝင်လာခဲ့ပါတယ်။ အိမ်ရှင် ကတော့ လူစာရင်း အပြောင်းအလဲ သိပ်မလုပ်ခဲ့ပဲ တိုနေးလ်၊ အမ်ဘူမို၊ နောဂတ်၊ ဂျန်ဆန်၊ ကေးနို့စ်တို့နဲ့ လူစုံခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ချဲလ်ဆီးကို အကောင်းဆုံး ရင်ဆိုင်ခဲ့ပေမယ့် ကစားသမား အင်အား ကွာခြားမှုနဲ့ ခြေစွမ်းပိုင်းက ပွဲရဲ့ အဖြေကို ထုတ်ပေးသွားတာ ဖြစ်ပါတယ်။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်တာနဲ့ ချဲလ်ဆီးတို့ ဘရန့်ဖို့ဒ်ကွင်းမှာ ဘယ်လောက်အထိ ရုန်းကန်ခဲ့ရသလဲ ဆိုတာ သိသာပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ၇ ကြိမ် အထိ ရှိခဲ့ပေမယ့် ချဲလ်ဆီး ဂိုးသမား မန်ဒီ အနေနဲ့ ကာကွယ်မှု ၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့လို့သာ ဘရန့်ဖို့ဒ်တို့ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ ဂိုးကန်ချက် ၅ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၁ ကြိမ်မှာ သွင်းဂိုး ၁ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး အတွက် တစ်လုံးတည်းသော သွင်းဂိုး ကိုတော့ ပွဲချိန် ၄၅ မိနစ်မှာ နောက်ခံလူ ဘန်ချေးဝဲလ်က မြေမကျ ကန်ချက်နဲ့ အပြင်း ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဘရန့်ဖို့ဒ် အနေနဲ့ တန်းတက်အသင်း ဖြစ်ပေမယ့် အိမ်ကွင်း အားသာချက်ကို အပြည့်အဝ အသုံးချသွားနိုင်ခဲ့ပြီး ချဲလ်ဆီး ဂိုးသမား မန်ဒီကြောင့်သာ ရမှတ် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ သီယာဂို ဆေးဗားနဲ့ ရူဒီဂါ မပါဝင်နိုင်တဲ့ ချဲလ်ဆီး နောက်တန်းက အိမ်ရှင်တို့ရဲ့ ဖိအားပေးမှုကို တော်တော်လေး တောင့်ခံခဲ့ရသလို ဘရန့်ဖို့ဒ် နောက်တန်းက ဂျန်ဆန်နဲ့ ကွင်းလယ်က နောဂတ်တို့ အတွဲက တော်တော်လေး အလုပ် ဖြစ်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်တို့ ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် ချဲလ်ဆီးလို အသင်းကြီး တစ်သင်းကို ခြေစွမ်း အသာနဲ့ ကစားနိုင်ခဲ့တာ ကိုတော့ မဖြစ်မနေ ချီးကျူးရပါလိမ့်မယ်။ အခုပွဲအပြီးမှာ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပြီး ၁၉ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ဒုတိယမြောက် ရှုံးပွဲ ကြုံသွားခဲ့ပေမယ့် အဆင့် ၇ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်ထားနိုင်ဆဲ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘရန့်ဖို့ဒ်တို့ လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၉)အဖြစ် လက်စတာစီးတီးနဲ့ ကစားရဖို့ ရှိနေပြီး ချဲလ်ဆီး ကတော့ ကြားရက်မှာ ဆွီဒင် ကလပ် မဲလ်မိုနဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်