နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပုံစံကောင်း တစ်ခုကို ဆက်လက် မြင်တွေ့ရဦးမယ့် ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး – ဝက်စ်ဘရွန်း

ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ ကစားအပြီး အခုလာမယ့် တစ်ပတ် မှာတော့ ဥရောပထိပ်သီးလိဂ်တွေ ပြန်လည် စတင်ဖို့ ရှိနေပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေလည်း ကစားဖို့ ရှိနေပါတယ်။ ဧပြီလ ၃ ရက်နေ့ ညနေ ၆ နာရီမှာတော့ ချဲလ်ဆီးတို့ ဝက်စ်ဘရွန်းတို့ ကစားဖို့ ရှိနေပြီး သောမက်စ်တူဟယ် ကိုင်တွယ်နေတဲ့ အသင်းကတော့ နိုင်ပွဲ ဆက်ဖို့ အခြေအနေကောင်းနေခဲ့ပါတယ်။

ဝက်စ်ဘရွန်းကတော့ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရဆဲ ဖြစ်သလို ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်ဖို့ အားမတန်လို့ မာန်လျှော့လျှော့နေရဆဲ ဖြစ်ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ ဝက်စ်ဘရွန်း

ချဲလ်ဆီးတို့ သောမက်စ်တူဟယ် ကိုင်တွယ်ပြီးကတည်းက ပုံစံကောင်းတစ်ခု ရရှိနေခဲ့ပြီး ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိတာ ၁၄ ပွဲအထိ ရှိခဲ့ပါပြီ။ အဲ့ထဲကမှ သရေကျခဲ့တဲ့ ပွဲဟာ ၃ ပွဲသာ ရှိခဲ့ပြီး ပေးဂိုးကလည်း ၂ ဂိုးသာ ရှိခဲ့ပါတယ်။ လက်ရှိ အနေအထားအရ ချဲလ်ဆီးတို့ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အားစိုက် ကစားနေချိန်ဖြစ်ပြီး အိမ်ကွင်း ၄ ပွဲဆက် နိုင်ပွဲ ရဖို့ ပြင်ဆင်လာပါလိမ့်မယ်။ ပထမအကျော့က ဝက်စ်ဘရွန်းကွင်းမှာ မထင်မှတ်ပဲ ၃ ဂိုးစီ သရေကျခဲ့တဲ့ ချဲလ်ဆီးတို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ နိုင်ပွဲ ပြန်ရဖို့လည်း အားစိုက်ကစားလာမှာ သေချာပါတယ်။ သောမက်စ်တူဟယ်ရဲ့ အားသာချက်က အသင်းမှာ ရှိတဲ့ ကစားသမားတွေကို အပြောင်းအလဲ ပြုလုပ်ကစားနိုင်တာ ဖြစ်ပြီး ခြင်္သေ့ပြာတွေဟာ ပြိုင်ဘက်တိုင်း ဂိုးသွင်းရခက်တဲ့ အသင်းတစ်သင်း အဖြစ် တည်ဆောက်ထားနိုင်တာ ဖြစ်ပါတယ်။ ဒဏ်ရာရ ကစားသမား စာရင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ ကွင်းလယ်က ဂျော်ဂျင်ဟို၊ ကန်တေ တို့အပါအဝင် ဟက်ဒ်ဆန် အိုဒွိုင်းလ်၊ တမ်မီအေဗရာဟမ်၊ သီယာဂိုဆေးလ်ဗားတို့ ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဖို့ မသေချာသေးပါဘူး။ ဒါပေမယ့်လည်း အဆင့် ၄ နေရာ ဝင်ဖို့ အမှားခံမှာ မဟုတ်တဲ့ ချဲလ်ဆီးတို့ တတ်နိုင်သမျှ အကောင်းဆုံး လူစာရင်းကို အသုံးပြုလာပါလိမ့်မယ်။ ချဲလ်ဆီးတို့ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၇ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။

ဝက်စ်ဘရွန်းကတော့ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရဆဲ ဖြစ်သလို ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်ဖို့ အားမတန်လို့ မာန်လျှော့လျှော့နေရဆဲ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် နိုင်ပွဲ တစ်ပွဲ သာ ရရှိထားပြီး ၂ ပွဲရှုံး၊ ၂ ပွဲသရေ ကျထားပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဘရွန်းတို့ရဲ့ ကစားပုံက အဆိုးကြီး မဟုတ်ပေမယ့် တိုက်စစ်ပိုင်း လိုအပ်ချက်တွေ ရှိနေသေးသလို ခံစစ်ကလည်း အမှားတွေ များနေသေးတာ တွေ့ရပါတယ်။ ဝက်စ်ဘရွန်းတို့ရဲ့ ဒီရာသီ အိမ်ကွင်းရော၊ အဝေးကွင်း စွမ်းဆောင်ရည် ၂ မျိုးစလုံးမှာပါ အားရစရာမရှိလို့ ပထမအကျော့ကလိုမျိုး ချဲလ်ဆီးထံကနေ သရေတစ်မှတ် ခွဲယူဖို့တောင် ဖြစ်နိုင်မယ် မထင်ပါဘူး။
 

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ကြည့်မယ်ဆိုရင် ချဲလ်ဆီးတို့ ၆၂ ပွဲနိုင်၊ ၄၂ ပွဲရှုံးနိမ့်ပြီး ၃၆ ပွဲကတော့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီရာသီ အတွက် ပထမအကျော့ တွေ့ဆုံမှုမှာတော့ ဝက်စ်ဘရွန်းတို့ အိမ်ကွင်းမှာ ၃-၃ ရလဒ်နဲ့ သရေကစားထားနိုင်ခဲ့ပါတယ်။
 

ချဲလ်ဆီး – ဝက်စ်ဘရွန်း

??
ချဲလ်ဆီး vs ဝက်စ်ဘရွန်း 1X2 ချဲလ်ဆီး @ ၁.၂၀ ဆ
ဧပြီလ ၃ ရက်, ည ၆:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၂၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁၅.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၆.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာ အကောင်းဆုံး ပုံစံ ပြန်လည် ရရှိနေတဲ့ ချဲလ်ဆီးတို့ ဝက်စ်ဘရွန်းလို တန်းဆင်းဇုန်ထဲက အသင်းက အသာအယာ  ကစားပြီး နိုင်ပွဲတစ်ပွဲ ရှာဖွေသွားနိုင်ပါလိမ့်မယ်။ တီမိုဗာနာ ဂိုးပေါက် ပျောက်နေတယ်ဆိုပေမယ့် ကိုင်ဟာဗက်ဇ်၊ ဇီယက်ချ်၊ ဂျီရူး တို့လို တိုက်စစ်မှူးကောင်းတွေ ရှိနေလို့ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲတောင် ရရှိသွားနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်