နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံးခံစစ်က အကောင်းဆုံးတိုက်စစ် ဖြစ်ကြောင်း ပြသခဲ့တဲ့ ချဲလ်ဆီး(ချန်ပီယံလိဂ်ပွဲပြီးသုံးသပ်ချက်)

မယ်လ်မို ဝ-၁ ချဲလ်ဆီး

ပြည်တွင်းအမှတ်ပေးလိဂ်ပြိုင်ပွဲတွေမှာ ဦးဆောင်သူတွေဖြစ်လို့ ချန်ပီယံလိဂ် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဆွီဒင်လိဂ်ရဲ့အဆင့်-၁နဲ့ ပရီးမီးယားလိဂ်ရဲ့အဆင့်-၁ တို့အားပြိုင်မှုက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေမျှော်လင့်ခဲ့ပေမယ့် ခံစစ်ဗျူဟာ အပိုင်းမှာ အလုပ်ဖြစ်ခဲ့ကြလို့ သွင်းဂိုးတွေနည်းခဲ့တာပါ။ ပွဲအဖြေပြောင်းလဲနိုင်စွမ်းရှိတဲ့ကစားသမားစုဖွဲ့မှုအသာရခဲ့တဲ့ချဲလ်ဆီးကတော့အဖိုးတန်အဝေးကွင်း အဖိုးတန် ၃ မှတ်နဲ့အတူနောက်တစ်ဆင့်ချန်ပီယံလိဂ် ရှုံးထွက် တက်ရောက်ခွင့်ရဖို့အတွက်အခြေအနေကောင်းသွားခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

ပထမအကျော့တုန်းက ဂိုးပြတ်အရေးနိမ့်ခဲ့တာကို ကုစားဖို့အတွက် မယ်လ်မိုတို့အကောင်းဆုံးပြင်ဆင်လာခဲ့ပါတယ်။ လက်ရှိဥရောပချန်ပီယံချဲလ်ဆီးကတော့ ကစားသမားကောင်းအများစုပိုင်ဆိုင်ထားခြင်းနဲ့အတူ ပြိုင်ဘက်ကိုအကောင်းဆုံးရင်ဆိုင်ခဲ့တာပါ။ အိမ်ကွင်းမှာ ပေးဂိုးမများဖို့အတွက်  ၃-၅-၂ အခြေခံပြီး ခံစစ်အသားပေးပွဲထွက်လာတဲ့ မယ်လ်မိုရဲ့လူစာရင်းမှာ နာနာဆီ၊ ပီနာ၊ နီလ်ဆန်၊ ကိုလက်ခ်အစရှိတဲ့ အဓိက,ကစားသမားအစုံအလင်ပါဝင်လာခဲ့တာပါ။ ချဲလ်ဆီးကတော့ ဒဏ်ရာပြဿနာရှိနေတဲ့ မေဆန်မောင့်၊ တီမိုဗာနာ၊ လူကာကူ၊ ကိုဘာဆစ်တို့ကလွဲရင် လူစုံခဲ့ပါတယ်။ နောက်ပိုင်းပွဲတွေမှာ ပွဲထွက်လေ့ရှိတဲ့အတိုင်း ကိုင်ဟားဗက်စ်၊ ဇိုင်းယက်စ်၊ အော့ဒွိုင်းစ်တို့ရဲ့ false 9 ပုံစံအတိုင်းပဲ ပွဲထွက်လာခဲ့တာပါ။ ပွဲအစကတည်းက ချဲလ်ဆီးကပဲ ဦးဆောင်ကစားခဲ့ပြီး အိမ်ရှင်အသင်းကတော့ ခံစစ်နဲ့ပဲတုံ့ပြန်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုပိုင်းအသာစီးရယူနိုင်ခဲ့တဲ့ ချဲလ်ဆီးရဲ့တိုက်စစ်ဆင်မှုတွေက အလုပ်ဖြစ်ခဲ့တယ်ဆိုပေမယ့် လိုအပ်ချက်တွေရှိနေခဲ့ပါတယ်။ ဒုတိယပိုင်းရောက်မှ ချဲလ်ဆီးတိုက်စစ်အနည်းငယ်တည်ငြိမ်လာခြင်းနဲ့အတူ ဂိုးရလုနီးပါးအခြေအနေတွေပိုင်ဆိုင်လာခဲ့ပါတယ်။ အလွန်ဆိုရဲ့ ခေါင်းတိုက်ချက်မယ်လ်မိုအသင်းခေါင်းဆောင်နဲ့လက်ထိခဲ့ပေမယ့် ပင်နယ်တီသတ်မှတ်ပေးခြင်းမခံခဲ့ရတာကလည်းအိမ်ရှင်အသင်းအတွက်သက်သာရခဲ့ပါတယ်။ဒါပေမဲ့တန်ပြန်တိုက်စစ်ကနေအော့ဒွိုင်းရဲ့အတိအကျဆုံးဖန်တီးပေးပို့မှုကို တောင်ပံကအသင့်ပါလာတဲ့ ဇိုင်းယက်စ်ရဲ့ အဆုံးသတ်မှုကိုတော့ မယ်လ်မိုနောက်တန်းမတားဆီးနိုင်ခဲ့ပါဘူး။ ဂိုးပေးလိုက်ရပြီးတဲ့နောက် မယ်လ်မိုတို့ ခံစစ်ဇုံထဲမှာ၇ယောက်အထိပိတ်ဆို့ကစားခဲ့ပြီးတန်ပြန်တိုက်စစ်ကနေ ချေပဂိုးရဖို့အားစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျော်ဂျင်ဟို၊ လော့ဖ်တပ်ချိဖ်ဦးဆောင်တဲ့ကွင်းလယ်က အကောင်းဆုံးပုံစံရှိနေခဲ့တဲ့အတွက် ဆေးဗားလ်၊ ရူဒီဂါတို့ သိပ်ပြီးအလုပ်မရှုပ်ခဲ့ပါဘူး။ အိမ်ရှင်အသင်းအနေနဲ့ကလဲ ထိရောက်တဲ့တိုက်စစ်ဆင်မှုအဖြစ် ၄ကြိမ်လောက်သာရှိခဲ့ပြီး ဂိုးပေါက်တည့်မှုမရှိတဲ့အထိ ခြေစွမ်း ပိုင်းကွာဟခဲ့တာပါ။ နောက်ပိုင်းပွဲချိန်တွေမှာ နှစ်သင်းလုံးဂိုးရဖို့ထက် ဂိုးမပေးရဖို့ကို ပိုပြီးအားစိုက်လာခဲ့ပါတယ်။ ချဲလ်ဆီးဘက်က ဘာကလေ၊ ပူလီဆစ်တို့ထည့်ပြီး ကစားအားတင်ခဲ့ပေမယ့် ဂိုးထပ်မရခဲ့လို့ ပွဲအပြီးမှာ ဝ-၁ ဆိုတဲ့ဂိုးနဲ့ပဲ အနိုင်ရခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

မယ်လ်မိုကတော့ ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့ပြီလို့ ပြောနိုင်ပြီးယူရိုပါလိဂ် မျှော်လင့်ချက် အတွက်ပဲလက်ကျန် ပွဲစဉ်တွေမှာရလဒ်ကောင်းဖို့ ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၄ ပွဲလုံးရှုံးနိမ့်ခဲ့တဲ့ မယ်လ်မို

ကစားသမားအင်အားပိုင်းအသာရတဲ့ ချဲလ်ဆီးတို့ပဲ အနိုင်ရခဲ့တယ်လို့ဆိုရမှာပါ။ လက်ရှိဥရောပချန်ပီယံဆီကနေ အမှတ်ခွဲယူဖို့ မယ်လ်မိုတို့ ဘယ်လိုမတတ်နိုင်ခဲ့ပါဘူး။ ပထမအကျော့အရှုံးကို ပြန်လည်ကုစားဖို့ ပြင်ဆင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အမှတ်ရဖို့ထက် ဂိုးပေးမများဖို့သာ လုပ်နိုင်ခဲ့ပါတယ်။ ကစားသမားအင်အား၊ နည်းပြတို့အပြင် အဘက်ဘက်အသာရနေတဲ့ ချဲလ်ဆီးကို အိမ်ကွင်းအားသာချက်တစ်ခုလေးနဲ့တင်ရင်ဆိုင်ခဲ့တာလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ၃-၅-၂ ကစားကွက်အခြေခံပြီး တကယ်တမ်းခံစစ်ကစားတဲ့နေရာမှာ ဇုံအလိုက်ရွေ့လျားမှုက မယ်လ်မိုရဲ့အားသာချက်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဇီယက်ချ်၊ ကိုင်ဟားဗက်ဇ်၊ အော့ဒွိုင်းစ်တို့လို မြန်နှုန်းမြင့် ကစားသမားတွေကို မယ်လ်မိုနောက်တန်းအထိုက်အလျောက်ထိန်းချုပ်နိုင်ခဲ့တာကိုတော့အသိအမှတ်ပြုရမှာပါ။တိုက်စစ်မှူးတွေမပါတဲ့ချဲလ်ဆီးကတော့သွင်းဂိုးတွေရနေဆဲဖြစ်ပြီး ခံစစ်ကလည်း အမှားအယွင်းမရှိသေးပါဘူး။ ပွဲအပြီးမှာချဲလ်ဆီးတို့အနိုင်ရခဲ့တဲ့အတွက် မယ်လ်မိုအတွက်ကတော့ လက်ကျန်ပွဲစဉ် ၂ပွဲအနိုင်ရမှ ယူရိုပါကွန်းဖရင့်လိဂ်ကို မျှော်လင့်ခွင့်ရတော့မှာဖြစ်ပါတယ်။ လက်ရှိအုပ်စုအနေအထားအရ ၁၆သင်းရှုံးထွက်အဆင့်ကို ဂျူဗင်တပ်တို့ တက်ရောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီး အနေနဲ့ လက်ကျန် ၂ပွဲမှာ အနည်းဆုံးသရေတစ်မှတ်ရရှိမှာသာချန်ပီယံလိဂ် ရှံးထွက် အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ မယ်လ်မို ကတော့ ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့ပြီလို့ ပြောနိုင်ပြီး ယူရိုပါလိဂ် မျှော်လင့်ချက် အတွက်ပဲ လက်ကျန် ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့ ကြိုးပမ်း ရတော့မှာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

မယ်လ်မိုအသင်းကတော့ လာမယ့်ပွဲစဉ်မှာ IFK ဂိုတီဘော့ဂျ်နဲ့ရင်ဆိုင်ရဖို့ရှိနေပြီး ချဲလ်ဆီးကတော့  ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်