နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူဟယ်လက်ထက် ပေးဂိုးလုံးဝမရှိသေးပဲ ဒုတိယမြောက် နိုင်ပွဲ ရရှိခဲ့တဲ့ ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

တော့တင်ဟမ်ဟော့စပါး ၀ – ၁ ချဲလ်ဆီး

ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဧည့်သည်ချဲလ်ဆီးက ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီသွင်းဂိုး ၁ ဂိုးတည်းနဲ့ စပါးကို အနိုင်ရသွားခဲ့ပါတယ်။ စပါးတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲတွေ့သွားခဲ့ပြီး ချဲလ်ဆီးကတော့ ပေးဂိုးမရှိ နောက်ထပ် နိုင်ပွဲတစ်ပွဲ ရရှိသွားခဲ့ပါတယ်။

စပါးတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲတွေ့သွားခဲ့ပြီး ချဲလ်ဆီးကတော့ ပေးဂိုးမရှိ နောက်ထပ် နိုင်ပွဲတစ်ပွဲ ရရှိသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာအထိ ကျဆင်းခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး

ဒီပွဲမတိုင်ခင် ၂ ပွဲဆက် ရှုံးပွဲ ရှိထားလို့ ဖိအားတွေ ဝင်နေခဲ့တဲ့ မော်ရင်ဟိုရဲ့ တော့တင်ဟမ်ဟော့စပါး အသင်းဟာ အခုပွဲမှာလည်း ဟယ်ရီကိန်း ဒူးခေါင်း ဒဏ်ရာကြောင့် ပါဝင်လာနိုင်ခြင်းမရှိလို့ တိုက်စစ်က တော်တော်လေး အားနည်းခဲ့ပြီး အတွေ့အကြုံနုနယ်သေးတဲ့ ဗင်နီးဆီးယပ်စ်ကို အသုံးပြုခဲ့ရပါတယ်။ ဒါပေမယ့် ကျန်အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆွန်ဟောင်မင်၊ ဘဂျ်ဝင်း၊ အန်ဒွန်ဘီလီ၊ ဟော့ဂျ်ဘဂ်၊ ဆစ်ဆိုခို၊ ဘန်ဒေးဗီးစ်၊ ဒိုင်ယာ၊ အန်ဒါဝီရယ်၊ အော်ရီရာ၊ လိုရစ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ချဲလ်ဆီး ဘက်မှာတော့ တီမိုဝါနာ၊ မေဆင်မောင့်၊ အိုဒွိုင်းလ်၊ မားကို့စ်အလွန်ဆို၊ ကိုဗာချစ်၊ ဂျော်ဂျင်ဟို၊ ရိစ်ဂျိမ်းစ်၊ ရူဒီဂါ၊ သီယာဂိုဆေးလ်ဗား၊ အက်ဇ်ပီလီကျူအာတာ၊ မန်ဒီတို့ ပါဝင်ခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးတို့ ဒီပွဲမှာ တိုက်စစ်က အသက်ကမဲ့ပြီး ကွင်းလယ်က အဆက်ပြတ်နေပြီး ခံစစ်က ဆုံးဖြတ်ချက် မသေချာမှုတွေကြောင့် ချဲလ်ဆီး ရဲ့ စိတ်တိုင်းကျချယ်လှယ်ထိုးဖောက်မှုတွေ အောက်မှာ ပွဲချိန်တော်တော်များ ရုန်းကန်ခဲ့ရပါတယ်။ ချဲလ်ဆီး အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၂၄ မိနစ်မှာ တီမိုဝါနာကြောင့်ရတဲ့ ပင်နယ်တီကနေ ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး နည်းပြသစ် သောမက်စ်တူဟယ်ကတော့ အသင်းကို ကိုင်တွယ်တဲ့ ၃ ပွဲမြောက် မှာတင် ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၇ မှတ်အထိ ရှာဖွေပေးထားနိုင်ခဲ့ပါပြီ။ ပိုပြီး ချီးကျူးစရာကောင်းတာက ပေးဂိုးမရှိတာ ၃ ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နောက်ပြီး လမ်းပတ် လက်ထက်ကနဲ့ မတူပဲ ပိုကောင်းတဲ့ ပုံစံတစ်ခုနဲ့ ကျစ်ကျစ်လျစ်လျစ် တည်ဆောက်ထားနိုင်တာ တွေ့ရပြီး နိုင်ပွဲတစ်ပွဲ ဘယ်လို ရှာဖွေရမယ် ဆိုတာကို ကောင်းကောင်း နားလည်ခဲ့ပုံ ပေါ်ပါတယ်။ တော့တင်ဟမ်ဟော့စပါး အတွက်ကတော့ နောက်ထပ် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး ကိန်းမပါလို့ တိုက်စစ်က အသက်မဲ့ခဲ့သလို ဆွန်ဟောင်မင်ကလည်း အားကိုးစရာ အခြေအနေမှာ ရှိမနေခဲ့ပါဘူး။ တစ်သင်းလုံး စွမ်းဆောင်ရည် ပျောက်ဆုံးနေခဲ့ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း အောက်ဆုံးကို ရောက်နေခဲ့လို့ လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းတွေ ပြန်လည် ရှာဖို့ နည်းပြ မော်ရင်ဟိုအနေနဲ့ ကြိုတင်စဉ်းစားထားဖို့တော့ လိုအပ်နေခဲ့ပါပြီ။ အခုပွဲအပြီးမှာ တော့တင်ဟမ်ဟော့စပါးတို့ ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ နေရာအထိ ကျဆင်းသွားခဲ့ပြီး ချဲလ်ဆီးကတော့ ပရီးမီးယားလိဂ် နိုင်ပွဲ နိုင်ပွဲ ရှာတွေ့ခဲ့ပြီး အဆင့် ၆ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

တော့တင်ဟမ်ဟော့စပါးတို့ လာမယ့် တနဂ်နွေနေ့မှာ ဝက်စ်ဘရွန်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ရှိနေပြီး ချဲလ်ဆီးကတော့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်