နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူချယ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ချန်ပီယံ ဖြစ်ခဲ့တဲ့ ချဲလ်ဆီး | ယူအီးအက်ဖ်အေ စူပါဖလား (ဗိုလ်လုပွဲ) ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၁-၁ ဗီလာရီးယဲလ်

(ပင်နယ်တီ မှာ ၆-၅ နဲ့ ချဲလ်ဆီး အနိုင်ရ)

ရာသီကြို ဖလားပြိုင်ပွဲ အားလုံး ထဲကမှ အမြင့်ဆုံး ဖြစ်တဲ့ ယူအီးအက်ဖ်အေ စူပါဖလား ကိုတော့ နှစ်စဉ် နှစ်တိုင်း ချန်ပီယံလိဂ် ချန်ပီယံနဲ့ ယူရိုပါလိဂ် ချန်ပီယံတို့ ယှဉ်ပြိုင်ကစားကြရပါတယ်။ အခုနှစ် ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲ မှာတော့ ချဲလ်ဆီးနဲ့ ဗီလာရီးရဲယ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး မြောက်အိုင်ယာလန်နိုင်ငံ၊ ဘဲလ်ဖတ်စ်မြို့က ဝင်ဆာကွင်းမှာ ဒီကနေ့ မနက် အစောပိုင်းက ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ဥရောပ ချန်ပီယံ နှစ်သင်း ကစားတဲ့ ပွဲစဉ် ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပြီး နည်းပြ တူချယ်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချဲလ်ဆီးတို့ ယူအီးအက်ဖ်အေ စူပါဖလား ချန်ပီယံ ဖြစ်ဖို့ အတွက် အဓိက ကျခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက ကျင်းပပြီး ဥရောပ အောင်မြင်မှု မှတ်တမ်း မှာလည်း ထည့်သွင်း တွက်ချက်တဲ့ ဆုဖလား ဖြစ်တာကြောင့် ဒီနေ့ပွဲမှာ နှစ်သင်းလုံး လူစာရင်း အပြည့်နဲ့ အာရုံစိုက် ကစားလာခဲ့ကြပါတယ်။ ဒီနေ့ပွဲမှာ သောမက်စ် တူချယ်ရဲ့ အသင်းက ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး နောက်တန်းက ချာလို့ဘာ့ ကလွဲလို့ မန်ဒီ၊ ဇူးမား၊ ရူဒီဂါ၊ အိုဒွိုင်းလ်၊ ကန်တေ၊ ကိုဗာချစ်၊ အလွန်ဆိုတို့ ပါဝင်လာခဲ့ပါတယ်။ တိုက်စစ် မှာတော့ တီမိုဗာနာကို အထောင်ထားပြီး ဇီယက်ချ်၊ ကိုင်ဟာဗက်ဇ်တို့ ပါဝင်လာခဲ့ပါတယ်။ အူနိုင်း အန်မေရီ ကတော့ ဘူလာရီ ဒီရာနဲ့ ဂျရတ် မော်ရီနိုတို့ နှစ်ဦးကို တိုက်စစ်မှာ ထားပြီး ကာပူး၊ ထရစ်ဂဲယော့စ်၊ ပါအူတောရက်စ်၊ အဲလ်ဘီယို၊ ဂျူအန်ဖွိုက်၊ အက်ဆန်ဂျိုတို့ ပါဝင်လာခဲ့ပြီး ၄-၄-၂ ကစားကွက်နဲ့ ချဲလ်ဆီးကို ပြန်လည် ရင်ဆိုင်ခဲ့ပါတယ်။

ဥရောပ ချန်ပီယံ နှစ်သင်း ကစားတဲ့ ပွဲစဉ် ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပြီး နည်းပြ တူချယ်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချဲလ်ဆီးတို့ ယူအီးအက်ဖ်အေ စူပါဖလား ချန်ပီယံ ဖြစ်ဖို့ အတွက် အဓိက ကျခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ချဲလ်ဆီး အတွက် ယူအီးအက်ဖ်အေ စူပါဖလား ရယူပေးနိုင်ခဲ့တဲ့ ချဲလ်ဆီး

ပွဲစကတည်းက ချဲလ်ဆီးတို့ ဗီလာရီးရဲယ် ဘက်ကို တစ်ဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် လိုအပ်ချက်ကြောင့် ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ တီမိုဗာနာနဲ့ မားကို့စ် အလွန်ဆို တို့ရဲ့ ကန်ချက်တွေ ဂိုးပေါက် တည့်ခဲ့ပေမယ့် ဂိုးသမား အက်ဆန်ဂျို ကာကွယ်သွားနိုင်ခဲ့လို့ ဗီလာရီးရဲယ်တို့ သက်သာခဲ့ ရပါတယ်။ တစ်ပွဲလုံးကို စိုးမိုးထားနိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ ပွဲချိန် ၂၇ မိနစ်မှာ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ၆ ကိုက်စည်း အပြင်ကနေ ကိုင်ဟာဗက် အနိမ့်ဘော ဖြတ်တင် ပေးလိုက်တာကို ဇီယက်ချ်က အပိုင် ကန်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးခဲ့ရပြီး နောက်ပိုင်း ဗီလာရီးရဲယ်တို့ ချေပဂိုး ပြန်လည် ရရှိဖို့ အတွက် ချဲလ်ဆီး ဘက်ကို ထိုးဖောက်မှု တချို့ ပြုလုပ်လာခဲ့လို့ ပွဲက ပိုပြီး ကြည့်ကောင်း လာခဲ့ပါတယ်။ ပွဲချိန် ၄၁ မိနစ် လောက်မှာ ဗီလာရီးရဲယ်ရဲ့ ထောင့်ကန်ဘော ကို တားဆီးရင်း ဇီယက်ချ် ဒဏ်ရာရခဲ့လို့ ခရစ္စတီယန် ပူလီဆစ်ချ် ဝင်ကစားခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ချဲလ်ဆီးက ရူဒီဂါနဲ့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို စောဒက တက်ခဲ့တဲ့ နည်းပြ တူချယ် အဝါကတ် ပြသခံခဲ့ ရပါသေးတယ်။ ဒုတိယပိုင်း ကတော့ ပထမပိုင်းထက် ပိုပြီး ကြည့်ကောင်းလာခဲ့ပြီး အပြန်အလှန် ရှိလာသလို ပွဲချိန်  မိနစ် မှာတော့ ဂျရတ် မော်ရီနိုက ဗီလာရီးရဲယ် အတွက် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် တစ်ဖက် တစ်ဂိုးစီ သရေ ဖြစ်နေခဲ့ပါတယ်။ အဲ့နောက် လူစား လဲလှယ်မှုတွေ၊ နည်းဗျူဟာပိုင်း အပြောင်းအလဲတွေ ဆက်တိုက် ပြုလုပ်ခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီးလို့ အချိန်ပို ဆက်ကစားပြီးချိန် အထိပါ အနိုင်အရှုံး အဖြေမပေါ်ပဲ ဖြစ်နေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီ အဆုံးအဖြတ် မခံယူခင် နည်းပြ တူချယ် အနေနဲ့ ဂိုးသမား မန်ဒီ အစား ကီပါကို လူစားလဲခဲ့ပါတယ်။ အစောပိုင်းမှာ လက်စွမ်းပြနေတဲ့ မန်ဒီ အစား ကီပါကို ပင်နယ်တီ ကာကွယ်ဖို့ ရဲရဲတင်းတင်း တာဝန်ပေးခဲ့တဲ့ တူချယ်ရဲ့ ဆုံးဖြတ်ချက် ကတော့ ချီးကျူးစရာပါ။ ပင်နယ်တီ မှာတော့ ချဲလ်ဆီး ဘက်က ကိုင်ဟာဗက်ဇ် လွဲချော်ခဲ့ပေမယ့် အက်ဇ်ပီလီကျူအာတာ၊ မားကို့စ် အလွန်ဆို၊ မောင့်၊ ဂျော်ဂျင်ဟို၊ ပူလီဆစ်ချ်၊ ရူဒီဂါတို့ ဂိုးဝင်ခဲ့ပြီး ဗီလာရီးရဲယ် ဘက်က မော်ရီနို၊ အက်စ်တူပီနန်၊ ဂိုမက်ဇ်၊ ရာဘာ၊ ဖွိုက်တို့ ဂိုးဝင်ပေမယ့် မန်ဒီနဲ့ အသင်းခေါင်းဆောင် ရာအူးလ် အယ်ဘီယို လွဲချော်ခဲ့တာကြောင့် ၆-၅ ရလဒ်နဲ့ ချဲလ်ဆီးတို့ အနိုင်ရရှိသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့ ၂၀၁၂ ခုနှစ်နဲ့ ယူရိုပါလိဂ်ဖလား ရရှိခဲ့တဲ့ ၂၀၁၃၊ ၂၀၁၉ ခုနှစ် တွေမှာ ချဲလ်ဆီးတို့ ယူအီးအက်ဖ်အေ စူပါဖလား ကစားခွင့်ရပေမယ့် ဒုတိယနဲ့ပဲ တောက်လျောက် ကျေနပ်နေခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ သောမက်စ် တူဟယ် လက်ထက် မှာတော့ ချန်ပီယံလိဂ် ဖလားနဲ့ အတူ ယူအီးအက်ဖ်အေ စူပါဖလား ကိုပါ ၁ နှစ်ထဲမှာပဲ အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၉၉ ခုနှစ် နောက်ပိုင်း ချဲလ်ဆီးတို့ ယူအီးအက်ဖ်အေ စူပါဖလား မှာ ပထမဦးဆုံး အကြိမ် ပြန်လည် ဗိုလ်စွဲ နိုင်ခဲ့တာ ဖြစ်ပြီး နည်းပြ သောမက်စ် တူချယ် ကတော့ ချဲလ်ဆီး နည်းပြ သက်တမ်း ၁ နှစ် မပြည့်ခင် မှာတင်ပဲ ဥရောပဆုဖလား

 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် စနေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် နည်းပြသစ် ဗီအဲရာ ကိုင်တွယ်နေတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ လန်ဒန် ဒါဘီ ကစားဖို့ ရှိပြီး ဗီလာရီးရဲယ် ကတော့ ဩဂုတ်လ ၁၇ ရက်နေ့မှာ ဂရန်နာဒါနဲ့ လာလီဂါ ပွဲစဉ်(၁) ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်